From :Yadanarpon
Samsung မှ Display အသစ်အား ထုတ်လုပ်ရန် ပြင်ဆင် နေပြီ ဖြစ်ကြောင်း ယခု လတ်တလော ထွက်ပေါ် နေ သည့် သတင်းများ အရ သိရှိရသည်။ 1080p Resolution ရှိသော ၄.၉၉ လက်မ အရွယ် Super AMOLED Display အား
www.MyanmarExpress.net
Samsung မှ Display အသစ်အား ထုတ်လုပ်ရန် ပြင်ဆင် နေပြီ ဖြစ်ကြောင်း ယခု လတ်တလော ထွက်ပေါ် နေ သည့် သတင်းများ အရ သိရှိရသည်။ 1080p Resolution ရှိသော ၄.၉၉ လက်မ အရွယ် Super AMOLED Display အား
ထုတ်လုပ်မည် ဖြစ်ပြီး အဆိုပါ သတင်းသည်
ယခင် ကတည်းက ထွက်ပေါ်နေပြီး ယခု ထွက်ရှိ လာသည့် သတင်း အချက် အလက်များ အရ
အမှန်တကယ် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ ၎င်းသည် Pixel Density
အားဖြင့် 441 ppi ရှိမည် ဖြစ်ပြီး လာမည့်နှစ် ပထမနှစ်ဝက်တွင် အဆိုပါ
Display ကို စတင် ထုတ်လုပ်မည် ဖြစ်ကာ ဒုတိယ နှစ်ဝက်တွင် အဆင်သင့် ရောင်းချ
နိုင်ရန် ပြင်ဆင် ထားမည် ဖြစ်ကြောင်း သိရှိ ရသည်။ ထို့အပြင် ယခု
ထုတ်လုပ်မည့် Display အသစ်အား Samsung ၏ နောက်ထွက်မည့် Galaxy S4 တွင်
အသုံးပြု သွားဖွယ် ရှိသည်။ Samsung ရဲ့ Galaxy ဖုန်းများ အားလုံး သည်လည်း
ဒုတိယ နှစ်ဝက်တွင် မိတ်ဆက် ကြေညာ ခဲ့သောကြောင့် အဆိုပါ သတင်းမှာ ဖြစ်နိုင်
ဖွယ်ရာ ရှိသည်။ ယခု လက်ရှိ ဈေးကွက်ထဲတွင် ၅ လက်မအရွယ် 1080p Display
များသည် ရှိနေပြီ ဖြစ်သော်လည်း ၎င်းတို့ အားလုံးသည် LCD ကိုသာ အခြေခံ ထားခြင်း
ဖြစ်သည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်