Subscribe to our RSS Feed

ပရီးမီးယားလိဂ် မူပိုင်ထုတ်လွှင့်ခွင့် ဒေါ်လာသန်း ၄၀ ဖြင့် Sky Net ရရှိ

From : ခေတ်လူငယ်

မြန်မာနိုင်ငံတွင် ပရိသတ် စိတ်ဝင်စားမှု အများဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ သုံးရာသီစာ တစ်ဦးတည်း မူပိုင်ခွင့်ဖြင့် ထုတ်လွှင့်ခွင့်ကို Sky Net ရုပ်သံလိုင်းက ပေါင် ၂၅ သန်း၊ ဒေါ်လာသန်း ၄၀ ဖြင့် ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။ “လာမည့်နှစ် ဘောလုံးရာသီမှ စတင်ပြီး ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေကို တစ်ဦးတည်း မူပိုင်ခွင့်နဲ့ ထုတ်လွှင့်ဖို့ ကျွန်တော်တို့ Sky Net ရုပ်သံလိုင်းက ပရီးမီးယားလိဂ် အဖွဲ့ချုပ်နဲ့ သုံးရာသီစာ သဘောတူညီမှု ရခဲ့ပါတယ်” ဟု Sky Net ရုပ်သံလိုင်းမှ အထွေထွေမန်နေဂျာ ဦးဝင်းနိုင်က ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ Sky Net ရုပ်သံအနေဖြင့် ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီအထိ သုံးရာသီဆက်တိုက် တစ်ဦးတည်း မူပိုင်ခွင့်ဖြင့် ထုတ်လွှင့်ခွင့် ရရှိမည်ဖြစ်ပြီး တစ်ရာသီလျှင် ပွဲစဉ်ပေါင်း ၃၈၀ ကို ပြသခွင့်ရရှိမည်ဖြစ်ကြောင်း ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က တရားဝင် ကြေညာသည်။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်သည် အခြားအာဆီယံ ဒေသတွင်းနိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်းမှ ရုပ်သံထုတ်လွှင့်သူများထံသို့ ရုပ်သံထုတ်လွှင့်ခွင့်များကို ရောင်းချရမှုမှ ပေါင် ၅ ဒသမ ၅ ဘီလီယံကျော် ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။ “MRTV-4 ကနေ အခမဲ့ပြပေးနေတော့ ဒီရာသီဘောလုံးပွဲ ကြည့်ရတာ အဆင်ပြေတယ်၊ Sky Net ဆိုရင်တော့ သူတို့က အခပေး ရုပ်သံလိုင်းကြီးပဲဆိုတော့ ဘာစက်မှ မဝယ်နိုင်တဲ့ ကျွန်တော်တို့လို လူတွေနဲ့ MRTV-4 Box ဝယ်ထားတဲ့ သူတွေအတွက် ပရီးမီးယားလိဂ် ဘောလုံးပွဲကြည့်ဖို့ အခက်အခဲ ရှိနိုင်တယ်၊ နိုင်ငံတကာ ရုပ်သံလိုင်းတွေလို မူပိုင်ခွင့်ရတဲ့လိုင်းက အခြားလိုင်းတွေကို အခပေး ပြန်လွှင့်ခွင့်ပေးတာမျိုး လုပ်သင့်တယ်” ဟု ပရီးမီးယားလိဂ် ပြိုင်ပွဲများကို ပုံမှန်စောင့်ကြည့်လေ့ရှိသူ လှိုင်မြို့နယ်မှ ကိုကျော်ကျော်လင်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

6 comments:

၃ရာသီစာကိုဒေါ်လာသန်း၄၀တောင်ပေးရတယ်ဆိုတော့
sky net ရောင်းရငွေနဲ့ ကိုက်ရောကိုက်ရဲ့လားကွာ

ဒီတိုင်းလည်းစလောင်းမှာလာနေတာကိုအလကားကြည့်
လို့ရနေတာပဲကွာ ဘာလို့ ဒေါ်လာသန်း၄၀ပေးပြီးမူပိုင်လုပ်
မှာလဲ...နှမြောစရာ

နာမည်ကြီးလို့နေမှာပေါ့။ပရဟိတ ကျောင်းတွေလှူလိုက်ရင်း ပိုကောင်းမှာပါ။

နာမည်ကြီးလို့နေမှာပေါ့။ပရဟိတ ကျောင်းတွေလှူလိုက်ရင်း ပိုကောင်းမှာပါ။

မင်းစောက်အလုပ်ဘာရှိလို့လာဝင်ပြောနေတာ
လဲ နေရာတကာပါချင်တယ် ဘာမှလည်းနားမ
လည်ဘဲနဲ့ mother fucker

ခွေးပါးစပ်ကနတ်စကားထွက်နေတယ် တစ်ချိန်
လုံးသံဃာတော်တွေကိုစော်ကားနေတဲ့ခွေးက
များ..ပဉ္စနန္ဒိယကံထိုက်ပြီးငရဲအိုးဂျိုးကပ်နေမယ့်
ခွေးဝဲစား mother fucker

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်