Subscribe to our RSS Feed

ငြိမ်းချမ်းရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများနှင့် သီးသန့်ထပ်မံ တွေ့ဆုံဆွေးနွေးမည်

From : 7day

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းအပါအ၀င် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး အချို့နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်နေသော အရပ်ဖက်အဖွဲ့အစည်းများ ဇန်န၀ါရီ ၂၇ ရက်တွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ စားပွဲဝိုင်းထိုင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးလှမောင်ရွှေက ပြေသည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်နေသော အရပ်ဖက်အဖွဲ့အစည်း ၄၀ ကျော်နှင့် ဦးအောင်မင်းအပါအ၀င် ပြည်ထောင်စုဝန်ကြီး ၃ ဦးခန့်က့ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ စသည်တို့နှင့် ပတ်သက်၍ ငြိမ်းချမ်းရေး စင်တာတွင် စားပွဲဝိုင်းထိုင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

ထိုတွေ့ဆုံဆွေးနွေးမှုမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇန်န၀ါရီ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတွင် အရပ်ဖက်အဖွဲ့အစည်းမျိုးစုံမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုအစည်းအဝေး၏ နောက်ဆက်တွဲအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက

ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်နေသော အရပ်ဖက်အဖွဲ့အစည်းများနှင့် သီးသန့်ထပ်မံ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။


 . www.MyanmarExpress.net
 

1 comments:

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ထာဝရ တည်တံ့အောင်မြင်ပါစေ ။
တိုင်းရင်းသား ညီအစ်ကိုအပေါင်း
ပျော်ရွှင်ချမ်းအေးနိုင်ကြပါစေ ။
ဆုမွန်ကောင်း တောင်းလျှက်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်