Subscribe to our RSS Feed

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ကြီးဒေါ်စုကြည် ကလေးဦးနှောက်နဲ့ပြောခဲ့တဲ့ ဘာလဲဟဲ့ဗမာ?



ကလေးဦးနှောက်ပိုင်ရှင်ဒေါ်စုကြည် မမြင်ဖူးသေးသော မြန်မာတိုင်းရင်းသားများ

From : မဟာကြယ်


ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ... ဆိုတာတွေက ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးတွေပါ ..
အဲ့ဒီလူမျိုးတွေကို စုပေါင်းပြီးတော့မှ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတာ ဖြစ်လာတာပါ ..
ဗမာနိုင်ငံ ဆိုတာ ဗမာလူမျိုးစု တစ်ခုထဲ အတွက် ရည်ရွယ်တယ်လို့ အဓိပ္ပါယ်ပေါ်နေပါတယ် ..
ဗမာနိုင်ငံလို့ သုံးလိုက်ခြင်းအားဖြင် တခြားလူတွေတော့ မသိဘူး ကျွန်မကတော့ တိုင်းရင်းသားတွေကို သွေးခွဲလိုက်တယ်လို့ပဲ ခံစားရပါတယ် ..

မြန်မာနိုင်ငံသား ကချင်လူမျိုး
မြန်မာနိုင်ငံသား ကယားလူမျိုး
မြန်မာနိုင်ငံသား ကရင်လူမျိုး
မြန်မာနိုင်ငံသား ချင်းလူမျိုး
မြန်မာနိုင်ငံသား ဗမာလူမျိုး
မြန်မာနိုင်ငံသား မွန်လူမျိုး
မြန်မာနိုင်ငံသား ရခိုင်လူမျိုး
မြန်မာနိုင်ငံသား ရှမ်းလူမျိုး
အဲ့ဒီလိုမျိုးလေးဆိုရင် ဘယ်လောက်တောင် စည်းလုံးညီညွတ်လိုက်ပါသလဲ ..

တပ်မတော်အစိုးရက ပေးခဲ့တဲ့ နာမည်မို့လို့ မခေါ်ချင်ဘူးဆိုရင် ..

(၁) သက်သက် လိုက်ကပ်တွက်နေတယ်လို့ မြင်ပါတယ်
(ကလေးများလို နင်လုပ်တာမို့ ငါမလုပ်တာ ဆိုတာမျိုး လိုပါပဲ .. )

(၂) အင်မတန်မှ သဘောထားမြင့်မြတ်ပါတယ်လို့ ကမ္ဘာသိပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဒီလို လုပ်လိုက်ခြင်းဟာ သဘောထား သေးသိမ်တယ်လို့ ခံစားရစေပါတယ်
( အော် ကပ်တွက်လှချည်ရဲ့)

(၃) ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ဖြစ်လို့ ကျွန်မလဲ တပ်မတော်ကို ချစ်ပါတယ် ပူးပေါင်းဆောင်ရွက်ချင်ပါတယ် ဆိုတဲ့ စကားဟာ လျှာဖျားလေးကပဲ အသံအနေနဲ့ ထွက်လာတယ်လို့ မြင်ပါတယ်
( ဘယ်သူမှတော့ ကိုယ့်ကို နှစ်ပေါင်း ၂၀ ကျော် ဒုက္ခပေးတဲ့သူကို မချစ်နိုင်တာ အသိသာကြီးပါ )

(၄) အတွင်းစိတ်မှာကိုက မကျေနပ်တဲ့ အခံကို ခုချိန်ထိ ပြောပြောနေတဲ့ မေတ္တာဆိုတာကြီးက မချေဖျက်နိုင်သေးဘူးလို့ ထင်ပါတယ်
( သိစိတ်နဲ့ မသိစိတ်ခွဲမရသေးတာလဲ ဖြစ်နိုင်ပါတယ် )

(၅) နှစ်ပေါင်း ၂၀ ကျော် ခံခဲ့ရတော့လဲ ကျေနပ်မှာ မဟုတ်ဘူးဆိုတာ သိပေမဲ့ အပြောချိုချိုတွေနဲ့တင် စိတ်ရင်းကို ဖုံးထားလို့ မရနိုင်ပါဘူး ..
( မသိစိတ်က တစ်ခါတစ်ခါ ဖုံးမရတတ်တာမျိုးပေါ့ )

(၆) ဘာဆု ညာဆုတွေ ကို ခဏဖယ်ထားပြီး စိတ်လွတ်လက်လွတ် ဆဲလိုက်ချင်ရင်လဲ ဆဲ ထည့်လိုက်စမ်းပါ .. ဟန်ဆောင်နေတယ်လို့ မြင်နေရတာ ပြည်သူတစ်ချို့အတွက် တော်တော် ဒုက္ခကြီးပါတယ်
( ပုံမှန်လူတစ်ယောက်ထက် မြင့်ပါတယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားတော့ လွတ်လွတ်လပ်လပ် ဆဲရမှာ ခက်နေတယ်နဲ့ တူပါရဲ့ .. တကယ်တော့ အဲ့လို ဆဲလိုက်မှ ပေါ့သွားလိမ့်မယ် ထင်ပါတယ် )

(၇) စဉ်စားဥာဏ်နည်းပါးသော ...... ကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ကိုယ့်အကြောင်း အကောင်းရေးရင် ပြီးရောဆိုပြီး မဆုံးမတာဟာ တပည့်မကောင်း ဆရာ့ခေါင်း ဆိုတာ ဖြစ်တော့မယ်လို့ မြင်ပါတယ်
( ဘယ်သူလဲ ဆိုတာတော့ အထူး ပြောစရာ မလိုတော့ပါဘူး .. ဒေါ်အောင်ဆန်းစုကြည် လေဆေးသောက်ပြီး ပေါက်တဲ့အင်းအင်းတောင် ရှယ်နယ်ဖိုက် ရေမွှေးယှဉ်မရဘူးလို့ ပြောချင် ပြောနေမှာ ဒင်းက .. ဖားတာ လွန်လွန်းတယ် .. တော်ရုံပဲ ကောင်းတယ် )

(၈) မြန်မာပြည် စစ်အစိုးရလက်ထက်က ကောင်းခဲ့တယ်လို့ မဆိုလိုပါ .. မကောင်းမှန်း လူတိုင်းလိုလို သိကြပါတယ် .. ကိုယ့်လက်ထက် ( မသေခင် ) အကောင်းဆုံး ဘယ်လိုလုပ်ရမလဲ ဆိုတာထက် ဟိုးရှေးရှေးက ကိစ္စတွေကို ပြန်တိုက်ခိုက်နေရတာနဲ့ သက်တမ်းလဲ ကုန်ဆုံးလုပါပြီ .. တစ်ခုခု ကိုတော့ မျှော်လင့်မိပါတယ် ..
( ခုချိန်ထိတော့ ဆုလက်ခံတဲ့ ကိုယ့်ကိစ္စပြီးသွားပြီဆိုတော့ တို့ကိစ္စတော့ ဘာလုပ်မလဲ ကြည့်ရဦးမှာပေါ့ )

(၉) ကိုယ့်လက်ထက်ရောက်တော့လဲ (ကန်တော့ပါရဲ့) သေသာသွားရော အရင်လူကို အပြစ်တင်နေရတာနဲ့ ကိုယ်ဘာလုပ်ချင်လဲ လုပ်တောင် မလုပ်လိုက်ရဘူး ဖြစ်တော့မှာ မြင်နေပါတယ် ..
( အချိန်က သိပ်မကျန်တော့ပါဘူး )

(၁၀) ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ခေါ်ရင်းနဲ့ လိုချင်တဲ့ ဒီမိုကရေစီအလုပ်ကို လုပ်ရင်လဲ နောက်မကျသေးပါဘူး လို့ ထင်ပါတယ် ..
( ပြဿနာတစ်ခုမဟုတ် တစ်ခုရှာနေတယ်လို့ပဲ ထင်ပါတယ် )

တိုင်းရင်းသားချင်း သွေးခွဲနေတယ်လို့ မခံစားချင်ပါ...

Myanmar Express

4 comments:

ကောင်လိုက်တဲ့ စာ လေးပါ

စုကြည်ဆိုတဲ့ဖါသည်မကမြန်မာနိုင်ငံသမိုင်းကြောင်းဘာမှသိတာမှမဟုတ်ဘဲ။သူ့ ပထွေးတွေပြောတဲ့အတိုင်းလိုက် ဘားမားပြောနေတာ။သူသာအာဏာရလို့ သူ့ ပထွေးတွေက ဘမာလို့ ပြောခိုင်းရင်ဘမာလို့ ပြောဦးမှာ။ဗိုလ်ချုပ်ပြောသ လိုဖာကျွန်နိုင်ငံဖြစ်ဖို့ နီးလာပြီ။မသေသေးဘူးလား။ငရဲက မျှေုာ်နေပြီ။

အလွန်ကောင်းမွန်သော ဆောင်းပါးကလေးပါ။ မှန်ပါသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာ အထက်မှာ ဖော်ပြထားတဲ့ တိုင်းရင်းသား လူမျိုး (၈) မျိုး ကို အခြေခံ ဖွဲ့စည်းထားတာပါ။ ဒီတိုင်းရင်းသား လူမျိုး (၈) ခုကို ထပ်ခွဲမယ် ဆိုရင်တော့ တစ်ရာကျော်သွားပါမယ်။ ဒါပေမယ့် အခြေခံကတော့ ဒီ (၈) မျိုးပါဘဲ။ ဒါက ကျွန်တော်တို့ မူလတန်း ဘ၀ကထဲက သိခဲ့တဲ့အသိပါ။ အင်းဂလိပ်တွေက သွေးခွဲပြီး တိုင်းရင်းသားတွေကို လွတ်လပ်ရေး မပေးရအောင် ကြံဆောင်ခဲ့တာလည်း လူတိုင်းအသိပါ။ ဗိုလ်ချုပ်ကလည်း ဒီ တိုင်းရင်းသား လူမျိုးတွေနဲ့ အတူတိုက်ပွဲ ၀င်ပြီး လွတ်လပ်ရေးကို အတူအရယူ ခဲ့တာပါ။ ဒါကြောင့် ဗမာနိုင်ငံ မဟုတ်ပါ၊ ပြည်ထောင်စု မြန်မာနိုင်ငံသာ ဖြစ်ပါသည်။

ကလေးထက်ဆိုးတယ်......ကလေးတွေမေးရင်တောင် မြန်မာ ဆိုတာသိ့တယ်.....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်