Subscribe to our RSS Feed

(၄၆)နှစ်အတွင်း ဆန်တန်ချိန်အများဆုံး တင်ပို့နိုင်သည့်နှစ်အဖြစ် မှတ်တမ်းဝင်

From :Myit Makha Mediagroup 




မြန်မာနိုင်ငံမှဆန်စပါးများအား ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချနေရာမှ နိုင်ငံအသစ်များကပါ စပါးတင်ပို့ရန် ကမ်းလှမ်းလာမှုကြောင့် ယခုဘဏ္ဍာနှစ်မှာ (၄၆)နှစ်တာ ကာလအတွင်း ဆန်တန်ချိန် အများဆုံးတင်ပို့နိုင်သည့်နှစ်အဖြစ် မှတ်တမ်းဝင်နေကြောင်း   မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ သိရသည်။
 
ယခုဘဏ္ဍာနှစ်ကို ဆန်တန်ချိန်အများဆုံးတင်ပို့နိုင်သည့်နှစ်ဟု သတ်မှတ်ခံရနိုင်သည့် အကြောင်းအရင်းမှာ ပြည်ပမှဆန်တင်သွင်းရန် ကမ်းလှမ်းမှုများနှင့် နိုင်ငံတော်မှ အရန်ဆန်အ၀ယ်နည်းနေခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ ဥက္ကဌ ဒေါက်တာစိုးထွန်းကဆိုသည်။
 
ဆန်တင်ပို့ဖို့ နိုင်ငံသစ်တွေ တိုးလာတာရယ်၊ လယ်သမားတွေက နွေစပါးစိုက်ဧက (၅၀)နှုန်း လျှော့ စိုက်ကြတော့ စပါးလက်ကျန် နည်းတယ်၊ အဲ့တော့ ဈေးကောင်းရနိုင်တယ်။ ပြီးတော့၊ နိုင်ငံတော်အရန်ဆန် အ၀ယ်နည်းတာလည်း ပါတယ်။ ဟု ဥက္ကဌ   ဒေါက်တာစိုးထွန်းက ပြောသည်။     
 
ယမန်နှစ်များက တောင်သူလယ်သမားအသင်းမှ ဥရောပနိုင်ငံများ ၊ စင်ကာပူနိုင်ငံနှင့် သြစတေးလျနိုင်ငံများသို့ တင်ပို့နေပြီး ၂၀၁၃ခုနှစ်တွင် ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများမှ ထပ်မံကမ်းလှမ်းလာကြသည်ဟု ၄င်းက ဆက်ပြောသည်။
 
လာမည့် ၂၀၁၃ခုနှစ် မတ်လတွင် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဆန်တန်ချိန် (၅)သိန်း တင်ပို့ရောင်းချရေး နှင့်ပတ်သက်၍ (MOU) လက်မှတ်ရေးထိုးရန်ရှိကြောင်း သိရှိရသည်။     
 
စီးပွားကူးသန်းဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနေဖြင့် (၄၆)နှစ်အတွင်း ၂၀၁၂ -၂၀၁၃ ဘဏ္ဍရေးနှစ် တွင် ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန်အများဆုံး တင်ပို့နိုင်ခဲ့ကြောင်းကိုလည်း သိရှိရသည်။     
 
"ပြီးခဲ့တဲ့နှစ်က ပေါ်ဆန်းစပါးတွေ စုပြုံပြီး စိုက်ကြတော့ ရာသီဥတုဒဏ်ကြောင့်ရယ်၊ ကုန်သည်လက်ထဲမှာ ဆန်တွေ စုပုံသွားတာတွေကြောင့် အ၀ယ်နည်းပြီး စပါးဈေးတွေ ပျက်ကုန်တယ်။ ဒီနှစ်တော့ ဘယ်လိုလာမလဲ မသိဘူး။  ဒါကြောင့် နိုင်ငံတော်အစိုးရက စပါးဈေးကို တိတိကျကျ သတ်မှတ်ပေးစေ ချင်ပါတယ်  " ဟု နေပြည်တော် ရှားတောကျေးရွာမှ လယ်သမား ဦးမောင်က ပြောသည်။  
 
နိုင်ငံတော်အစိုးရမှ စပါးမျိုးအလိုက် အာမခံဈေးနှုန်း သတ်မှတ်ပေးရန်နှင့် တောင်သူများထံမှ  နိုင်ငံတော် အရန်ဆန် ထားရှိရေး ကြီးကြပ်မှုကော်မတီက စပါးတိုက်ရိုက် ၀ယ်ယူပေးရန် မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းမှ တောင်သူများ အတွက် တောင်းဆိုပေးထားကြောင်းကိုလည်း သိရှိရသည်။
 
  www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်