From : http://singaporefeel.blogspot.co.uk/2013/01/blog-post_6981.html
ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ (၂)လက်အောက်ခံ တပ်ရင်း ၅ မှ ဗိုလ်ကြီးအဆင့်ရှိ ဒီးရွိုင်ဦးစီး အင်အား ၁၅ ဦး သည် လက်နက်ငယ်များကိုင်ဆောင်ပြီး မြို့လှမြို့နယ်ခွဲ စလီကျော်စခန်းသစ်ခုတ်/ ၀ါးခုတ်စခန်းနေရာတွင် အလုပ်လုပ်ကိုင်နေသော ဒေသခံအလုပ်သမား မသန်းသန်းအေး (၂၉)နှစ်၊ (အဖေ) ဦးကျော်စိုး၊ အုပ်ချီကျေးရွာ၊ မြို့လှမြို့နယ်ခွဲနေသူနှင့်အတူ ဒေသခံ ၄ ဦးတို့အား မြန်မာ့မျိုးချစ်တပ်မတော်သတင်းပေးဟုဆိုကာဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က တပ်ရင်း ၅ သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူများသည်မြန်မာလူမျိုးများအားတပ်မတော်သတင်းပေးဆိုပြီး ဆက်တိုက်ဖမ်းဆီးလျှက်ရှိရာ ဇန်နဝါရီလ ၂၀ရက် နေ့ က ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရအား KIAတပ် မဟာ(၁)၊ တပ်ရင်း (၃)က ဖမ်းဆီး ခဲ့သည်။
www.MyanmarExpress.net
www.MyanmarExpress.net
1 comments:
ကေ အိုင် အေ အဲ ဒီ လို လုပ် တော့ ဘာ မှမ ပြော ကြ မတားကြ ပါလား အ ရပ် ကတို့ ရေ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်