တပ်မတော်သားများကိုယ်စားပြောကြားလိုပါတယ်
ကျွန်တော်ဟာ စာရေးဆရာမဟုတ်သလို စာရေးဖို့ဝါသနာပါသူလဲမဟုတ်ပါဘူး။ ဒါပေမယ့် ယခု ကချင်ပြည်နယ် အတွင်း တိုက်ပွဲများတိုးမြှင့်ဖြစ်ပွားလာနေမှုနဲ့ပတ်သက်ပြီး မီဒီယာလောကသားတဖြစ်လဲ နိုင်ငံရေး အသွေး အရောင် ပါသူများ၊ အထူးသဖြင့် ယခင်ခေတ်အဆက်ဆက်အစိုးရအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်သူများ၊ မီဒီယာရဲ့ ကျင့်ဝတ်သိက္ခာဖြစ်တဲ့ ဘက်လိုက်ရေးသားမှုမပြုရန်ဆိုတဲ့အချက်ကိုဖီလာဆန့်ကျင်နေတဲ့ မီဒီယာနဲ့ မီဒီယာ သမားအချို့ရဲ့ရေးသားဖော်ပြမှု ပြောကြားမှုတွေဟာ သိပ်ကိုအန္တရာယ်များလာတယ်လို့ယူဆတဲ့ အတွက်ရယ်၊ တပ်မတော် သားများနဲ့မိသားစုတွေအပေါ် ပြည်သူတစ်ရပ်လုံးက အထင်အမြင်မလွဲမှားစေချင် တာရယ်ကြောင့် ရယ်၊ တပ်မတော်သားမိသားစုများရဲ့ခံစားချက်ကို ကိုယ်စားဖွင့်ဟလိုတာကြောင့် ယခုလိုစာရေး ဖြစ်ခဲ့ပါတယ်။
ကျွန်တော်ဟာ တပ်မတော်မှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဦးစီးအရာရှိတစ်ဦးပါ။ မကြာခင်က တပ်မှူး တစ်ဦး အဖြစ်နဲ့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။ ဒါကိုဘာကြောင့်ပြောနေရသလဲဆိုရင် အခြေ အမြစ်မဲ့ (သို့မဟုတ်)အမြင်တစ်ဖက်နဲ့မှန်းဆပြီး သုံးသပ်နေခြင်းမဟုတ်ပါဘူးဆိုတာသိစေချင်လို့ပါ။
မကြာသေးခင်ကာလတွေအတွင်းက ကချင်ပြည်နယ်အနှံ့အပြားမှာ တပ်မတော်သား အရာရှိ/စစ်သည် အများ အပြား ကေအိုင်အေ ရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရပါတယ်။ တစ်ရက်ထဲ လေးငါးဆယ်ရှိခဲ့ပါတယ်။ စစ်သားအိုကြီး တစ်ယောက်က ဘာပြောလဲဆိုတော့ '' ငါတို့ခေတ်က မာလှပါပြီဆိုတဲ့ ဗကပစခန်းကိုတိုက်ပြီးသိမ်းခဲ့တာ တစ်ရက်ထဲ/ တစ်ပွဲထဲ ဒီလောက်မကျဖူးဘူးဟု''ပြောပါတယ်။ ကျွန်တော်က နိုင်ငံတော်သမ္မတရဲ့ညွှန်ကြားချက် အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကထုတ်ထားတဲ့ညွှန်ကြားချက်တွေကို ရှင်းပြခဲ့ပါတယ်။
''တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အထင်အမြင် လွဲမှားစေမည့် (သို့မဟုတ်) အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေး တည် ဆောက် နေ မှုအား အဟန့်အတားဖြစ်စေမည့် ရှင်းလင်း ချီတက်မှုများမပြုလုပ်ရ''၊ ''အထင်အမြင် လွဲမှား စေနိုင် သည့် နယ်မြေရှင်းလင်းခြင်း၊ သေနတ်ပစ်ဖောက်ခြင်းမပြုရ''၊ ''မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ စတင် ၍ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရ'' စသည့်ညွှန်ကြားချက်များကို တစ်နိုင်ငံလုံးရှိ စစ်ဆင်ရေး တာဝန် ထမ်းဆောင် နေတဲ့ တပ်များကို ညွှန်ကြားခဲ့ပါတယ်။ အဲဒီညွှန်ကြားချက် များအတိုင်း လိုက်နာခဲ့ရ ပါတယ်။ မလိုက်နာလို့မရပါဘူး။ ဒါဟာညွှန်ကြားချက်အမိန့်ဖြစ်ပါတယ်။ သို့သော်လည်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေတဲ့တပ်ရင်းများအနေနဲ့ လစဉ်လစာပေးအဖွဲ့သွားရောက်ခြင်း၊ ရိက္ခာ ထုတ်ခြင်း၊ သင်တန်းတက်၊ ကျန်းမာရေးမကောင်း စသည်ဖြင့် တပ်ရင်းဌာနချုပ်ကို အသွားအပြန် လုပ်ရတဲ့ ကိစ္စရပ်တွေရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကေအိုင်အေ က အဝေးထိန်းကြီးကြပ်မိုင်းဖောက်ခွဲပြီး ချုံခိုတိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ညွှန်ကြားချက်အမိန့်ဖြစ်တဲ့ ''မိမိကိုယ်မိမိခုံခံကာကွယ်ရုံမှအပ စတင်၍ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရ''ဆိုတဲ့အမိန့်အရ်ငမျအ့ျသသအ မှာ အမြဲတမ်း ခံရပါတယ်။
တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာမှ စတင်ပြီးချိန်ရွယ်ပစ်ခတ်ရသူ(သို့မဟုတ်)စတင်ပစ်ခတ်နိုင်သူက သေချာစွာ ချိန်ရွယ် ပစ်ခတ်ခြင်းဖြစ်တဲ့အတွက် တစ်ပန်းသာပါတယ်။ အဲဒီအပေါ်မှာကေအိုင်အေ က အခွင့်ကောင်းယူပြီး ပထမ အုပ်ချုပ်မှုကိစ္စတွေအတွက်သွားလာနေတဲ့ တပ်မတော်စစ်ကြောင်းငယ်တွေကို ချုံခိုတိုက်တယ်။ နောက်ပိုင်း ရှေ့တန်းစခန်းငယ်တွေကို အင်အားသုံးတိုက်တယ်။ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ ရထားလမ်း၊ တံတားများနဲ့ ခရီးသည် ယာဉ်တွေကို မိုင်းဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်တယ်။ နောက်ဆုံးမိုးကုတ်မြို့ဝန်းကျင်နဲ့ ရဲစခန်းပါ မကျန် အခွင့်ကောင်းယူအမြတ်ထုတ်တိုက်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ကချင်ပြည်နယ် မှာ အသက်ပေါင်းရာနှင့်ချီစတေးပြီး သည်းခံခွင့်လွှတ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် အဆုံးစွန်သော စွန့်လွှတ် ခြင်း နဲ့ စတေးခဲ့ရပါတယ်။
အထက်မှာ ပြောခဲ့တဲ့ စစ်တပ်အပေါ် ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် မျှမျှတတမကြည့်တဲ့ ပုဂ္ဂိုလ်ရေး နာကျည်း ခဲ့သူ များက နိုင်ငံရေးသမားယောင်ယောင်နဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် လွန်စွာမှစေတနာရှိသော၊ အမျိုးကို လွန်စွာမှ ချစ်တတ်သော၊ တိုင်းပြည်ကြီးအေးချမ်းရေးအတွက် မဆုတ်မနစ် ကိုယ်ကျိုးစွန့်နေသော ပုဂ္ဂိုလ်များ အဖြစ် အသံကောင်းဟစ်နေတာတွေ့ရပါတယ်။ ပါးစပ်နဲ့အသံကောင်းဟစ်တာကလွယ်ပါတယ်၊ နိုင်ငံနဲ့ တိုင်းရင်း သား လူမျိုးတွေအတွက် လက်တွေ့ဘယ်လောက်လုပ်ခဲ့ပြီးပြီလဲလို့ ကိုယ့်ဘာသာပြန်မေးကြည့်ပါအုံး။ ငြိမ်းချမ်း ရေး အတွက် အထက်ကပေးထားတဲ့အမိန့်ညွှန်ကြားချက်ကို အသက်နဲ့စတေးပြီး လိုက်နာခဲ့တဲ့ ကျွန်တော်တို့ အရာရှိ စစ်သည်များကိုယ်စား၊ သူတို့ရဲ့ဇနီးမယား၊ သားသမီး၊ မိဘတွေ့ရဲ့ကိုယ်စား ကျွန်တော့် အ နေနဲ့ အဲဒီပုဂ္ဂိုလ်များကို ပြောလိုတာကတော့ အသက်နဲ့ခန္ဓာကိုယ်ရင်းပြီး စစ်တိုက်နေရတဲ့ ကျွန်တော်တို့ စစ်သားတွေက ခင်ဗျားတို့ထက် ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုတာပါပဲ။ ငြိမ်းချမ်းရေး အလိုလားဆုံးက စစ်သားပါပဲလို့ တပ်မတော်သားများ ကိုယ်စားပြောလိုပါတယ်။
www.MyanmarExpress.net
34 comments:
သဘာဝကျပါတယ် ။
ထောက်ခံတယ်။
သိပ်ကောင်းတဲ့ ရေးသားချက် တွေပါ။အရမ်း ကြိုက်ပါတယ်။ ဘာတဲ့ စစ်သားတွေ လောက် ငြိမ်းချမ်းရေး လိုလားသူ မည်သူမှ မဖြစ်နိုင်ဘူး။သိပ်မှန် တဲ့ စကားပေါ့။
အထက်က အရာရှိကြီးပြောသွားတာ ကျွန်တော်နဲ့ထပ်တူပါပဲ...ပြောချင်တာကတော့...သွေးညှီနဲ့တွေ..ယမ်းငွေ့တွေရဲ့ကြားမှာ...အထက်ကပေးတဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နေတဲ့တပ်မတော်သားတွေ....အထက်ကအမိန့်မပေးသမျှဘာကိုမှမလုပ်ပဲ....လည်စဉ်းပေးလိုက်ရတဲ့..ကျွန်တော့်ရဲဘော်ရဲဘက်တွေ..ပြီးတော့သူတို့တာဝန်ပြီးဆုံးလို့..ခွင့်ပြန်အလာကိုမျှော်နေတဲ့..ကျဆုံးသွားတဲ့ရဲဘော်ရဲဘက်တွေရဲ့..မိဘ၊ညီအစ်ကိုမောင်နှမတွေ...သူတို့နေရာတွေမှာ..ခဏလောက်ဝင်ပြီးခံစားပေးကြပါ...ဘာာတစ်ခုကိုမှကိုယ်နဲ့ရင်းပြီးမလုပ်ရပဲ...အေးအေးဆေးဆေးကော်ဖီသောက်ရင်း ကီးဘုတ်ပေါ်ကနေလက်စွမ်းတွေပြ..လမ်းဆုံလမ်းခွထွက်ပြီးပါးစပ်ကနေအော်..လမ်းလျှောက်ရင်းဆိုင်းဘုတ်ထောင်...ပြီးတော့ရသမျှအကျိုးတွေကိုပျော်ပျော်ကြီးခံစား...အဲလိုလုပ်နေကြမဲ့အစားနိုင်ငံကောင်းအောင်..တိုးတက်အောင်...ငြိမ်းချမ်းအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးရင်ပိုမကောင်းဘူးလား...စဉ်းစားကြပါဗျာ...နိုင်ငံရေးလုပ်နေသူတွေအနေနဲ့ဒီလောက်ကတော့စဉ်းစားတတ်ကြပါတယ်..ကျွန်တော်တို့ကလွတ်လပ်ရေးကို...ခင်ဗျားတို့တွေထက်ပိုမြတ်နိုးတယ်...ကိုယ့်တိုင်းရင်းသားအချင်းချင်းကို...မျက်နှာချင်းဆိုင်ပြီး တိုက်ခိုက်နေရတဲ့ ကျွန်တော်တို့ရဲ့ခံစားချက်ကို မျှပြေီးခံစားပေးကြပါ...ဘယ်သူကတိုက်ချင်မှာလဲ...အလင်းဝင်လာတဲ့သူတွေ..ဖမ်းမိတဲ့သူတွေကို တွေ့ရတဲ့အခါ ဘယ်လိုမှစိတ်မကောင်းဘူး..အမှန်ဆိုရင်သူတို့က ဘာမှမသိဘူး ကြောက်လို့သာလုပ်နေကြရတာ..ဒီတိုက်ပွဲတိုက်တော့သူတို့အတွက်ဘာတွေအကျိုးအမြတ်ရသလဲဆိုတော့...တိုက်ပွဲနိုင်ရင်နေမြဲပဲ..လစာလည်းပိုတိုးမလာဘူးဒီအတိုင်းဆက်လုပ်...အဲ....ရှုံး ပြီဟေ့ဆိုရင်တော့အားလုံးသိကြတဲ့အတိုင်းပဲ...နေရစ်ခဲ့တော့ပဲ..ခြေထောက်တွေကိုဘယ်မှထွက်ပြေးလို့မရအော်ခြေချင်းခတ်ပြီး..အသေခံခိုင်းတော့တာပဲ..ကျွန်တော်ဆိုလိုချင်တာ..ဒီလိုမျိုး ခံစားချက်တွေကိုလက်တွေ့ခံစားနေရတဲ့ ကျွန်တော်တို့တွေထက်..စစ်တပ်အပေါ် ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် မျှမျှတတမကြည့်တဲ့ ပုဂ္ဂိုလ်ရေး နာကျည်း ခဲ့သူ တွေက နိုင်ငံရေးသမားယောင်ယောင်နဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် လွန်စွာမှစေတနာရှိတဲ့ အမျိုးကို လွန်စွာမှ ချစ်တတ်တဲ့ တိုင်းပြည်ကြီးအေးချမ်းရေးအတွက် မဆုတ်မနစ် ကိုယ်ကျိုးစွန့်နေသော ပုဂ္ဂိုလ်တွေလို အသံကောင်းဟစ်မနေကြပါနဲ့ ပါးစပ်နဲ့အသံကောင်းဟစ်တာကလွယ်ပါတယ်၊ နိုင်ငံနဲ့ တိုင်းရင်း သား လူမျိုးတွေအတွက် လက်တွေ့ဘယ်လောက်လုပ်ခဲ့ပြီးပြီလဲလို့ ကိုယ့်ဘာသာပြန်မေးကြည့်ပါ၊ ငြိမ်းချမ်း ရေး အတွက် အထက်ကပေးထားတဲ့အမိန့်ညွှန်ကြားချက်ကို အသက်နဲ့စတေးပြီး လိုက်နာခဲ့တဲ့ ကျွန်တော်တို့ အရာရှိ စစ်သည်များကိုယ်စား၊ သူတို့ရဲ့ဇနီးမယား၊ သားသမီး၊ မိဘတွေ့ရဲ့ကိုယ်စား ကျွန်တော့် အ နေနဲ့ အဲဒီပုဂ္ဂိုလ်တွေကို ပြောလိုတာကတော့ အသက်နဲ့ခန္ဓာကိုယ်ရင်းပြီး စစ်တိုက်နေရတဲ့ ကျွန်တော်တို့ စစ်သားတွေက ခင်ဗျားတို့ထက် ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုတာပါပဲ။ ငြိမ်းချမ်းရေး အလိုလားဆုံးက တပ်မတော်သားများ တွေပါ ကိုယ့်တိုင်းရင်းသားအချင်းချင်းအပေါ် လက်နက်ကိုင်ပြီး တိုက်ပွဲတွေကိုမဆင်နွှဲ ချင်တာက ကျွန်တော်တပ်မတော်သားတွေပါဆိုတာကို..တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့တပ်မတော်သားတွေကိုယ်စား အထက်ကအရာရှိကြီးရဲ့ ပေးစာကိုထပ်မံဖြည့်စွက်လိုက်ပါတယ်..။

မှန်ပါတယ်။လက်ခံပါတယ်။
Right.
စာနာပါတယ် အခုဘာပဲပြောပြော နှစ်သစ်ကူးအမှီ လဂျားယန်ကို ရရှိခြင်းက မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေး လက်ဆောင်လို့သတ်မှတ်ပါတယ် မြန်မာ့သတ်မတော်သားများ ကျန်းမာချမ်းသာပါစေ
Right ,i support it.now at yangon most of editor n some other say they want peace in country but before our myanmar army trooper killed by KIA at that time sooo quite,why now fight back to KIA NOW THEY LOUD, WHY . . . . .WHY . . . .WHY . . . .,OUR MYANMAR soldiert also our ciyizen,there also include KACHIN,KAYAR,KAYIN ,CHIN,MON,BAMAR,RAKHINE N SHAN.RIGHT . . . . . . .Think carefully upon that all of person if u have brain.tks for reading all . . . . ..
good writing , i agree
ရှုံးရှုံး/နိုင်နိုင် စစ်ပွဲရဲ့ဒုက္ခတွေကို ကြုံတွေ့ဖူးသူတိုင်း ငြိမ်းချမ်းရေးကိုအမှန်တကယ် လိုလားကြပါတယ်
ထောက်ခံအပ်ပါတယ်
771,,ကုန်း ရလိုက် တာ အား ရ တယ် ဗျာ။
Those are KIA backed media.They are
earning from terrorist group
စစ် သား တိုင်း စစ် မ တိုက် ဖူး သော် လည်း စစ် တိုက် ဖူး သော စစ် သား တိုင်း နိုင်နိုင် ရှုံးရှုံး စစ် ပွဲ ရဲ့ ဒုက္ခ ကို တွေ့ ကြုံ ကြ ရ ပြီး ငြိမ်း ချမ်း ရေး ရဲ့ ကောင်း ကျိုး ကို လို လား ကြ ပါ တယ်
ထောက် ခံ ပါ တယ်
အစိုးရ ဘက်ကိုဘဲ အပြစ်ပြော ရေး နေတဲ့ သတင်း သမားတွေ နိုင်ငံရေး သမား ဆိုသူတွေ လုံးဝ လက်မခံ ဘူးဗျို့
ထောက်ခံ ပါ တယ် ငြိမ်း ချမ်း ရေး ကို လို လား တဲ့ တပ် မ တော် သား တွေ နဲ့ မိ ဘ ညီအစ် ကို မောင် နှစ် မ ဇနီး သားမ ယား တွေ ရဲ့ စိတ် သ ဘော များ ဟာ လဲထပ် တူကျ ပါ တယ် ။ဒီ စိုးရိမ် ပူ ပန် မှုများ ဟာ ဘာ နဲ့ မှ ကို မတူ ပါ ဘူး။ မြန် မာ တပ် မ တော် သား များ နှစ် သစ် မှာ ကျန်း မာ စွာ ဖြင့် အောင် ပွဲ ဆင် ပြီး ပြန် လာ နိုင် ကြ ပါ စေ။
Right
ငြိမ်းချမ်းရေးလိုချင်ရင်ဒီလောက်တော့ရင်းရမှာပေါ့ကွာ
လောကမှာ သူတစ်ပါးကို ဝေဖန်တာ အလွယ်ဆုံးအလုပ်ပါ စာပေဝေဖန်သူတွေကို မေးကြည့်ပါ... စာအုပ်ဘယ်နှအုပ်ရေးဖူးပါသလဲလို့..... စစ်တိုက်ထွက်တဲ့ စစ်သားတွေရဲ့ခံစားချက်ကို နားလည်ပါတယ်.... စကားအတူပြော.... ရေဒီယို အတူနားထောင်နေရင်း.... တိုက်ပွဲ ၁၀ မိနစ်ဖြစ်လိုက်တာ... ခုန က အတူစကားပြောသူတွေထဲက..... ၂ ယောက်မရှိတော့ပါဘူး.... ဒါ စစ်သားတွေရဲ့ ဘ၀ပါ....
အထက်ကရေးသား မှု့တွေ ကိုအလေးအနက် ထောက်ခံပါ တယ် ။မီဒီယာ တွေဟာ ထမင်းတစ် လုပ်အ တွက် ရေးချင်ရာရေး နေ ကြပေ မယ့် မြန်မာ့တပ်မတော်သားတွေ နဲ့သူ တို့ ရဲ့မိသား စုတွေ က တော့သော က ပူတွေ နဲ့ မိမိ ခင်ပွန်း သမီး သါး မိဘမော င်ဖွားတွေမှာ တော့ ဘုရား တရင်းနေကြရ သူတွေ ပါ။တိုင်းပြည် မတည် ငြိမ် မှ သတင်း များများ ရ သတင်း များများ ရေး ရမှ ဝမ်းရေး ဝကြ မယ့် မီဒီ ယာတွေ ကိုပြောချင် ပါတယ် လူမှန်ရင် ကိုယ်ချင်းစာစိတ် ရှိပါ။မင်းတို့ မိသားစု တွေအေးဆေး စွာလုပ်ကိုင် စားဘို့ ဆင်းရဲဒုက္ခခံ မိသားစုတွေခွဲ့ခွါ အသက်ပေးပြီးကာကွယ် နေကြရတာ သတ္တိ ရှိရင် မင်းတို့ ရှေ့တန်း ထွက်ကြည့် ပါ လား။
တပ်မတော်သား ကိုယ်စားပြောနေတဲ့ မင်းကို တိုင်းရင်းသားတွေက တိုက်နေတာ မဟုတ်တာ မူကို မကြိုက်လို့ မူကို တိုက်နေတဲ့ဟာ တကယ်လို့ စစ်မဖြစ်စေချင်ရင် ပင်လုံစာချုပ်အရ တောင်တန်းဒေသ တန်းတူညီတူ အခွင့်အရေး ရလို့ရှိရင် ထာဝရငြိမ်းချမ်းရေးရမှာပါ လူတိုင်းသိစေချင်တယ် ဖတ်ရသူအတွက် စိတ်အနှောက်ယှက်ဖြစ်ခဲ့လျှင် ခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံ ပါတယ်
မှန်လိုက်တာ ကွာ။
အားအားရှိ လမ်းပေါ် ထွက် ဟောင် တဲ့ ခွေးတွေ ခွေးမ တွေ ကို ဟောင် ချင် ရင် လိုင် ဇာ မှာ သွားဟောင် ခိုင်းရ မယ် ။စရိတ် ငြိမ်း ပို့ ပေးမယ် ။
တပ်မတော်သားတွေရဲ့ ကိုယ်စားပြောနေတဲ့ လူကို တိုင်းရင်းသားတွေက တိုက်ရခြင်း မဟုတ်ကြောင်း၊ မူကို မကြိုက်လို့ မူတိုက်ရခြင်းဖြစ်ကြောင်း၊ ပင်လုံစာချုပ် လေးစားကြောင်း တို့ကြောင့် စစ်တိုက်ရတဲ့အကြောင်းဖြစ်တယ် ...ပုံ...တိုင်းရင်းသားလေး....
လုံးဝထောက်ခံတယ် ဘေးကနေအော်ဖိုဟစ်ဖိုဘယ်ပြောနေတယ်လူများတယ်
လေးစားပါတယ် ထောက်ခံပါတယ်။နောင်လဲဆက်ရေးပါဦး။
ပင် လုံစာချုပ်,တန်းတူအခွင့်ရေး -ဆိုတာဘာတုံး မင်းလဲစစ်တပ်ထောင် ငါလည်းစစ်တပ်ထောင် အဲတာမျိုးလား ဘာပြစ်သွားမတုံးခင် ဗျတို့စဉ်းစားမိရဲ့လား
ပင် လုံစာချုပ်,တန်းတူအခွင့်ရေး ,ဒါတွေအကြောင်းပြပြီ လက်နက်ကိုင် ချင်နေတာ ငြိမ်းချမ်းရေးလိုချင်ရင် မိုင်းမ ထောင် နဲ့လေခိုးကြောင် ခိုးဝှက်မ ပစ်နဲ့လေ
တပ်မတော်ကိုထောက်ခံပါတယ်
တိုင်းရင်းသားလေး ဆိုတဲ့သူ Kia ကလူ လိုနေတယ် တဲ့ ဝင်တိုက် ပေး ပါ တဲ့ပင်လုံ စာချုပ်အ တွက် ဆက် ပြီးတိုက် ပွဲဝင်နိုင် ပါ တယ်။သတိ တွေ သိပ်ကောင်း ခဲ့ရင် ပေါ့။
ပြည်သူတွေကိုမထိသရွေ့ ထောက်ခံပါတယ်...ကျန်တာဘာမှမပြောလိုပါ..
KIA ကိုအ မြစ် ပြတ် တိုက်ပါတော့ တပ် မှာလဲ မုဆ်ုးမ
တွေ များ နေပါ ပြီ
ငြိမ်းချမ်းရေရချင်ရင် KIA ကို အမြစ်ပြတ်အောင်တိုက်ပစ်။ ရန်သူမရှိတော့ရင်သာ စစ်တပ်က ပြည်သူအပေါ်မှာ အမောက်မထောင်ပါနဲ့။ နိုင်ငံတော်ရဲ့ ရန်သူဟာ ပြည်သူရဲ့ရန်သူပါ။ ပြည်သူရဲ့ရန်သူဟာ စစ်တပ်ရဲ့ရန်သူပါ။ ငြိမ်းချမ်းချင်ရင် လူများနေလို့မဖြစ်ပါဘူး။ လူများရင် ရှုပ်ပါတယ်။ ထားနေလည်း မကောင်းဘဲနဲများ ကျွန်တော်တို့ စစ်အစိုးရက တစ်နိုင်ငံလုံးကပြည်သူတွေကို အမှီးမထောင်ရဲအောင် အုပ်ချုပ်ခဲ့ဖူးတဲ့အတွေ့အကြုံရှိတာပဲ။ ဘာမဟုတ်တဲ့ သေးသေးလေးမှ မနိုင်ရဘူးရယ်လို့ ရယ်စရာကောင်းတယ်ဗျား။ ကိုယ့်နိုင်ငံကို ကိုယ် အားပေးချင်ပါတယ်။ ဒါပေမဲက ------- ဟိဟိဟိ
မတိုက်ရဲလို့ပေါ့ကွ
ထောက်ခံ ပါတယ်။
လူ သတ်ခြင်းကို ဘယ်ဘာသာ တရားကမှ လက်မ ခံပါဘူး။ ဒါကြောင့် စစ်တိုက်နေကြ တဲ့ စစ် သားတွေ ရော ကေအိုင်အေ စစ်သားတွေရော စစ်ပွဲဖြစ်ခြင်းကို မုန်းကြမှာပါ။ ပိုမုန်းဖို့ကောင်း တာ စစ်ပွဲ ဖန်တီးနေသော သူများ ကို သာဖြစ်ပါတ.်။ အစိုးရကိုယ်တိုင်က တိုင်းရင်းသား လက်နက်ကိုင် ဆိုပေမဲ့ (သူပုန်ကဲ့သို့ သတ်မှတ်ရနိုင်သော) သူများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် လာတယ်။ ကမ်းလမ်းတယ်။ အကြောင်း မပြန်ဘူး ဆိုတာတော့ လွန်လွန်းပါတယ်။
အမျိုးချစ်တယ် ကိုယ့်ေ မြကို ခ်စ္တယ္ဆိုတဲ့သူေ တြကိုေ ပြာချင်ပါတယ်ေ မြရဲ့တန်ဘိုးကိုသိကြရဲ့လား ၁ေ ပဘယ်ေ လာက်နှုန်းဆိုပြီး ရန္ကုန္မွာေ ရာင္းေ နတဲ့ တန္ဘိုးကိုေ ပြာတာမဟုတ်ပါဘူး ကိုယ်စခန်းကိုကျမသွားေ အာင် ခုခံေ နရတဲ့ဒုတ်ခ ကျသွားတဲ့စခန်းကို အသက်ေ ပါင်းများစွာေ ပးျပီးမျွပန္ရတဲ့ဒုတ္ခေ တြကို စစ္သားေ တြအသိဆုံးပါ တိုက္ပြဲမျဖစ္ဦးေ တာင္ တစ္ကုန္သြားရတဲ့ဒုတ္ခက လစာနဲ့မမ်ွေ အာင္ပါ ဒါေ တွကကိုယ်တိုင်ကြုံမှသိကြရတာပါ ဒါေ ကြာင့်ငြိမ်းချမ်းေ ရးကို အလိုချင်ကြဆုံးေ တွက စစ္သားေ တြပါ က်ွန္ေ တာ့သေ ဘာကေ တာ့ ကျန်တဲ့တိုင်းရင်းသားေ တွနဲ့ညှိလို့ရရင် ကချင်လည်း ရရမှာေ ပါ့ လက်နက်ကိုဆက်ကိုင်ပြီးေ ကျာက်စိမ်းနဲ့ဘိန်းကရတဲ့ေ ငွကို အေ ချာင်ရချင်ေ နရင်ေ တာ့ တစ်သက်လုံးငြိမ်းချမ်းေ ရးရမှာမဟုတ်ဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်