Subscribe to our RSS Feed

အိန္ဒိယ၌ ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထပ်မံ အဓမ္မပြု ကျင့်ခံရ

From :မြဝတီ


အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌ အသက် ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံ ခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။

လွန်ခဲ့သည့် ၂ ပတ်ခန့် ကာလ အတွင်းက အသက် ၂၃ နှစ် အရွယ်ရှိ ဆေးကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ခံရမှုကြောင့် သေဆုံးသွား ခဲ့ရာ အိန္ဒိယ နိုင်ငံတစ်ဝန်း၌ ဝမ်းနည်း ပူဆွေးမှုများ ဖြစ်ပေါ် နေချိန်အတွင်း ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

အဓမ္မပြု ကျင့်သူ များသည် အဆိုပါ အမျိုးသမီး၏ ခင်ပွန်းအား အက်ဆစ် သောက်ရန် တွန်းအား ပေးခဲ့ကြောင်းနှင့် ၎င်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အင်ဒို အေးရှား သတင်း ဌာနက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။

အဆိုပါ ဇနီးမောင်နှံသည် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အနောက်ဘန့်ဂေါ ပြည်နယ်၏ မြောက်ပိုင်း Barasat ရွာရှိ အုတ်ဖိုမှ အလုပ်သိမ်း၍ အိမ်သို့ ပြန်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဓမ္မပြု ကျင့်ခံရသူ အမျိုးသမီးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်း သိရှိရ ပါသည်။

 www.MyanmarExpress.net
 

7 comments:

uRefawmf[m jrefrmjynfu &Jwyfa,mufyg/ 'g[mvkyfBuHrIwpfckjzpfygw,f

as you know ,EAST and WEST ,INDIA is the best for sleeping , eating and fucking all around the day

ကချင်ကောင်တွေကိုဖင်ချမယ်ကွ

ရဟတ်ယဉ်က လေကြောင်းက တိုက်ခိုက်တာ
မဟုတ်ဘူးလို့ ပြောပေမယ့် ဘာလို့ ဒုံးကျဉ်က ထွက်
သွားတာလဲ........တစ်လုံးတောင် မဟုတ်ဘူး........

KIA ကိုအမြန်ဆုံးနဲ့၊အထိရောက်ဆုံးဖြစ်အောင်ချေမှုန်းပြစ်ပါ။

ဟိုက .. မင်းကိုအရင်လုပ်သွားလိမ့်မယ်.... ဟားဟား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်