Subscribe to our RSS Feed

(၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပထမဆုံးသော မြန်မာနိုင်ငံခေါင်းဆောင်အဖြစ် မိန့်ခွန်းပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

From : eleven

3026
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကုလာသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားနေစဉ်
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပထမဆုံးသော မြန်မာနိုင်ငံ ခေါင်းဆောင်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့ခြင်းကို ၂၀၁၂ ခုနှစ်၏ ထင်ရှားသော ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။

၁၉၆၆ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်နေ၀င်း အမေရိကန်သို့ အလည်အပတ် သွားရောက်ခဲ့ပြီးနောက် နှစ်ပေါင်း ၄၆ နှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲ တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် သွားရောက်မှုဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောခြင်းမှာမူ မြန်မာနိုင်ငံခေါင်းဆောင် တစ်ဦးအနေဖြင့် ပထမဆုံး ဖြစ်ခဲ့သဖြင့် သမိုင်း၌ ထူးခြားသည့်ခရီးစဉ်အဖြစ် နိုင်ငံတကာ မီဒီယာများက ဖော်ပြခဲ့ကြသည်။

သမ္မတဦးသိန်းစိန်သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ဖူးပြီး ထိုစဉ်ကမူ မြန်မာအစိုးရ ထိပ်တန်းအရာရှိများကို ဗီဇာပိတ်ပင်ထားမှုကြောင့် ကုလသမဂ္ဂရုံးချုပ် အနီးတစ်ဝိုက်တွင်သာ သွားလာခွင့်ရရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ထူးခြားချက်တစ်ခု အနေဖြင့် မြန်မာနိုင်ငံခေါင်းဆောင်များ ထည့်သွင်းပြောကြားလေ့မရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တတိယမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်တို့အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

 www.MyanmarExpress.net
 

1 comments:

kyawkyarmaung
နိုင်ငံတော်သမတကြီး နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုထမ်းဆောင်နိုင်ပါစေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်