From : KDN
ယခုရက်များအတွင်း
အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အတွက် KIA
ခေါင်းဆောင်ပိုင်းတွေ တရုတ်နိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးနေကြပါတယ်။
လိုင်ဇာနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အရင်ကထဲက
ငှားရမ်းထားတဲ့မြေကွက်မှာ သူတို့ဆွေမျိုးတွေ အစုလိုက် သွားရောက်
နေထိုင်မယ်လို့ သိရပါတယ်။ ကချင် လက်နက်ကိုင်တပ်တွေအနေနဲ့ ကချင်ပြည်
နယ်အတွင်းမှာရှိတဲ့ လူထု အများစု ကိုယ်တိုင်က မထောက်ခံတဲ့ အတွက်
အစိုးရတပ်ရဲ့ ထိုးစစ်ဆင် လာတာကို ကချင်ပြည်နယ်အတွင်းမှာ ဘယ်သူကမှ
ကန့်ကွက်မှုတစ်စုံတစ်ရာ မလုပ်ခဲ့ကြပါဘူး။
KIA တပ်တွေဟာ
တရုတ်အစိုးရရဲ့ တိတ်တဆိတ်ထောက်ပံ့မှုတွေရရှိနေတာ ဖြစ်တယ် လို့လည်း ဒေသ ခံတွေ
ကပြောပါတယ်။ KIA တပ်တွေအနေနဲ့ သီးခြားကချင်ပြည်နယ်ထူထောင်ဖို့ ရည်ရွယ်ပြီး
တရုတ်နိုင်ငံက လက်နက်ကျွမ်းကျင်သူတွေဦးစီးတဲ့ လက်နက်စက်ရုံတွေကို
တရုတ်နယ်စပ်နဲ့ လိုင်ဇာ ဌာနချုပ်အနီး ဝေကြိုင်ဘွန် ရပ်ကွက်မှာ
တည်ဆောက်ထားပါတယ်။ အစိုးရဘက်က အကြိမ်ကြိမ် အလျော့ပေး ပြီး ဆွေးနွေးပွဲတွေ
လုပ်ခဲ့ပေမယ့် ဆွေးနွေးပွဲတွေ အောင်မြင်လာခြင်းမရှိခဲ့တဲ့အပေါ် ဒေသခံ
လူမျိုးစု ခေါင်းဆောင်တွေ ကိုယ်တိုင်က KIA အပေါ် ထောက်ခံမှု
လျော့နည်းလာခဲ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် KIA ခေါင်းဆောင်အများစုဟာ
ကချင်ပြည်နယ်အတွင်းမှာ မနေရဲတော့ဘဲ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ
သွားတာဖြစ်တယ်လို့ နယ်စပ်ဒေသက KIA အရေး စောင့်ကြည့်လေ့လာ သူတစ် ဦးက
ထောက်ပြပြောဆိုပါတယ်။
1 comments:
အောက်ခြေမှ KIA အရာရှိ ၊ အကြပ် ၊ တပ်သားစစ်သည်ညီအကို
တော်များ..အကြံပက်စက်ကောက်ကျစ်ပြီးခေါင်းကြောမာနေတဲ့လက်တစ်
ဆုပ်စာသော KIA ထိပ်ပိုင်းကောင်တွေကိုအပြတ်ရှင်းလိုက်ကြပါစို့။ဒီ
ကောင်တွေရဲ့စောက်ဦးဏှောက်မရှိမှု့ကြောင့်ဒို့ညီအကိုနောင်ဖွါးတိုင်းရင်း
သားတွေသွေးမြေကျနေရတယ်။ခုဆိုကြည့်စမ်း..ကရင်ဖထီးတို့တစ်တွေ
ဆိုသမ္မတကြီးရဲ့ဂုဏ်ပြုခံတိုင်းရင်းသားညီအကိုနောင်ဖွါးကြီးတွေဖြစ်နေကြ
ပြီးလက်ခြင်းဆွဲကာနှုတ်ဆက်နေကြပြီ။ဒါဟာဘာကိုပြဆိုသလဲဆိုတော့
KNU ခေါင်းဆောင်ကြီးတွေရဲ့စစ်မှန်သောစိတ်ထားဖြစ်တဲ့ကရင်ပြည်
နယ်တစ်ခွင်လုံးငြိမ်းချမ်းသာယာစေချင်တဲ့စိတ် ၊ ကရင်လူမျိုးများနဲ့တ
ကွကရင်ပြည်နယ်အတွင်းမှီတင်းနေထိုင်လုပ်ကိုင်စားသောက်ကြသော
တိုင်းရင်းသားအပေါင်းပါစိတ်အေးချမ်းသာစွာဖြင့်သွားလာနေထိုင်လုပ်
ကိုင်စားသောက်နိုင်အောင်ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်KNU
အနေနဲ့ဘာဘဲပေးဆပ်ရ ၊ ပေးဆပ်ရ..စစ်မှန်သောငြိမ်းချမ်းရေးတည်
ဆောက်နိုင်ဖို့..စွန့်လွှတ်စရာရှိယင်စွန့်လွှတ်မယ် ၊ ငြိမ်းချမ်းရေးကို
မဖြစ်မနေ ၊ မရမနေတည်ဆောက်မယ်ဟေ့..ဆိုတဲ့စိတ်ဓါတ်ရှိမှု့
ကြောင့်ငြိမ်းချမ်းရေးအနှစ်သာရကို၇ယူခံစားလာရတာ(၁)နှစ်တင်းတင်း
ပြည့်လာခဲ့ကြပြီ။နိုင်ငံတော်အစိုးရနဲ့လည်းရွှေလမ်းငွေလမ်းခရီးတွေ
ဖေါက်နေကြပြီ။ဒါဟာ..ဖထီးတို့အမိုးတို့ရဲ့ရိုးသားတဲ့စိတ်ထားမှန်
ကြောင့်..ကရင်ညီအကိုတော်တွေရော၊တပ်မတော်သားညီနောင်များ
ပါသွေးမြေခစရာမရှိတော့ဘူး။ဥပမာအားဖြင့်ကြည့်ပါ..ဗကပခေါင်း
ဆောင်သခင်သန်းထွန်းကိုရှင်းပြစ်နိုင်ပြီးတဲ့နောက်ပဲခူးရိုးမတစ်ခွင်
ငြိမ်းချမ်းသာယာခဲ့သလို၊ပန်ဆန်းဗကပဗဟိုကိုရှင်းပြစ်လိုက်နိုင်ပြီး
တဲ့နောက်ရှမ်းပြည်မြေကြောတစ်ခွင်အေးချမ်းသာယာလာခဲ့တာတွေ
ဟာ..ခုလိုအမှန်မြင်အောင်မကြည့်ချင်တဲ့ကိုယ်ကျိုးစီပွါးပျက်စီးမှာကို
မလိုလားတဲ့ထိပ်ပိုင်းအာဏာရူးခေါင်းဆောင်တစ်စုကြောင့်ဘဲဆိုတာ
လယ်ပြင်မှာဆင်သွားသလိုထင်ရှားစွာမြင်တွေ့နိုင်ပါတယ်။ဒါကြောင့်မို့
သူတို့ကိုစုပေါင်းရှင်းကြမလား...၊ ညီအကိုတော်တွေခုလိုဘဲဆက်
လက်ပြီးသွေးမြေကျခံကျမလားဆိုတာ..စဉ်းစားချိန်ရောက်နေပါပြီ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်