မြန်မာနိုင်ငံတွင်း အလုပ်သမားများ ဆန္ဒပြစဉ် ၈၈ မျိုးဆက်များ ရောက်လာပြီး ရဲနှင့် အလုပ်ရှင်ကို အပြစ်တင်လေ့ရှိသော်လည်း ဂျော်ဒန် တွင် မြန်မာအလုပ်သမားများ ဆန္ဒပြရင်း အရိုက်ခံရမှ ၈၈ မျိုးဆက်များ မဝေဖန်၊ အပြစ်မတင်ရဲဖြစ်နေသဖြင့် ၈၈ မျိုးဆက်များ နှင့် ဗကသ များကို လူထုမှ စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိသည်။
အစိုးရသစ်လက်ထက် တွင်း နေ့စဉ်နှင့်အမျှ အားရင် အားသလို ဆန္ဒပြမှုများ ပေါ်ပေါက်ချိန်တွင် စက်မှုဇုံများမှ အလုပ်သမား အများအပြားလည်း ဆန္ဒုပခဲ့ကြသည်။ အလုပ်ရှင် နှင့် အလုပ်သမား မကျေနပ်သည့် ပြဿနာသည် အလုပ်သမားဝန်ကြီးဌာန နှင့် သက်ဆိုင်သော အလုပ်ဖြစ်သော်လည်း ၈၈ မျိုးဆက် ဆိုသူများက ဝင်လာပြီး အလုပ်သမားကို တောင်ပြော မြောက်ပြော လုပ်ခြင်း၊ အစိုးရ နှင့် အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူများကို ဆရာလုပ်ခြင်း၊ အလုပ်ရှင်များကို ဆရာလုပ်ခြင်း၊ အလုပ်သမားများအား အခွင့်အရေးများ ဆက်လက်တောင်းဆိုရန် မြှောက်ပေးခြင်း၊ ထမင်းထုတ်နှင့် ရေများ ဝေကာ အဆာငတ်ခံ ဆန္ဒပြခိုင်းခြင်းများ ပြုလုပ်လေ့ရှိကြသည်။ သို့သော် ထိုကဲ့ သို့သော အရာရာသိ၊ အရာရာတတ်သည့်အပြင် အလုပ်သမားများဘဝကို နားလည်သည်ဟူသော ၈၈ မျိုးဆက်ကျောင်းသားများသည် ဂျော်ဒန်နိုင်ငံတွင် မြန်မာအလုပ်သမားများ ဆန္ဒပြနေသည်မှာ တစ်ပတ်ကျော် ကြာမြှင့်ချိန်ထိ ကိုယ်တိုင်လည်းသွားရောက်ခြင်းမရှိ၊ တစ်စုံတစ်ရာ ဝန်ဖန်ခြင်း၊ ကန့်ကွက်ခြင်းလည်း မရှိ၊ ဂျော်ဒန်အလုပ်သမားဝန်ကြီးဌာန နှင့် အလုပ်ရှင်များကိုလည်း တောင်းဆိုပေးတာ မရှိခဲ့ပေ။ ဒါ့အပြင် ယခုအခါ ဆန္ဒပြ မြန်မာအလုပ်သမားများ ရိုက်နှပ်ခံရလျှက်ရှိနေတာတောင် ၈၈ မျိုးဆက်များ ဆွံအနားမကြား ဖြစ်နေသဖြင့် လူထုမှ စိတ်ပျက်လျှက် ရှိကြောင်း သိရသည်။
အလုပ်သမားတန်းလျားမှာ အိပ်နေကြတဲ့ မြန်မာအလုပ်သမားတွေရှိရာကို စနေနေ့မနက် ၅ နာရီ ခွဲလောက်မှာ CMJ အထည်ချုပ်စက်ရုံက တရုတ်နဲ့ အာရဘူဝန်ထမ်းတွေ အမျိုးသမီးဆောင်ကိုရောက်လာပြီး အလုပ်ဆင်းဖို့ အတင်း တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ အမျိုးသမီးတွေက သူတို့တောင်းဆိုချက်တွေ မရသေးတာရော၊ ကုမ္ပဏီနဲ့ ညှိနှိုင်းနေတဲ့ကိစ္စတွေ မပြီးပြတ်သေးတာရောကြောင့် အလုပ်မဆင်းဖို့ ငြင်းဆန်တဲ့အတွက်
စက်ရုံဘက်က စေလွတ်လိုက်တဲ့သူတွေက တုတ်တွေကိုင်ဆောင်ပြီး လူစုလူဝေးနဲ့ အတင်းဝင်ရောက် ရိုက်နှက်ခဲ့တဲ့အတွက် အမျိုးသမီးတချို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြတာပါ။
သူတို့ကို ၀င်ရောက် ရိုက်နှက်ခဲ့တဲ့ အခြေအနေတွေကို အမျိုးသမီးဝန်ထမ်းတဦးက အခုလို ရှင်းပြပါတယ်။
“ကျမတို့ မနက်မိုးလင်းတော့ သူတို့တွေက အုပ်လိုက်ကျင်းလိုက်၊ သူတို့တွေက တရုတ်တွေရော၊ ဒီနိုင်ငံကလူမျိုးတွေရော အလုပ်ဆင်းဖို့လာခေါ်တယ်။ ကျမတို့က ကျမတို့အဆောင်မှာပဲ ကျမတို့နေတာ။ သူတို့က အတင်းလာခေါ်တာ။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ ထိုးတာ။ လက်သီးတွေနဲ့ ထိုးတာ။ အခု အခန်းထဲကို ၀င်တယ်။ ကျမတို့က မဆင်းဘူးပြောတယ်။ လှေခါးထစ်မှာလည်း လူတွေ အများကြီးရှိတဲ့အတွက် ကိုယ့်လူတွေကိုယ် ပြန်ခေါ်တယ်။ သူတို့ကမရဘူး အတင်းဆွဲတယ်။ ဒါပေမဲ့ ကျမတို့ဘက် ဘယ်သူမှမလိုက်ဘူး။ သွားတော့နဲ့သွားတယ်။ နှုတ်ခမ်းပေါက်သွားတယ်။ မျက်နှာတွေ ယောင်သွားတယ်။ နှုတ်ခမ်းယောင်သွားတယ်။ ကျမတို့ကို အရေးယူပေးမယ်လို့တော့ ပြောတယ်။”
သူ့လိုပဲ အရိုက်ခံရပြီး မျက်လုံးမှာ ဒဏ်ရာရသွားတဲ့ အမျိုးသမီး အလုပ်သမားကတော့ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အနေအထားဖြစ်လာတာမို့ အဲဒီမှာ ဆက်မနေရဲတော့ဘူး လို့ ပြောပါတယ်။
“အထိုးခံရတယ်။ မျက်လုံးကိုထိမိသွားတယ်။ နားလည်းထိတယ်။ လက်ကိုလည်းထိသွားတယ်။ သူတို့ သံတုတ်နဲ့ရိုက်တာ လက်ထိသွားတယ်။ လက်နဲ့ကာလိုက်တာ မျက်လုံးကတော့ အခု ကြည့်လို့မရဘူး။ မျက်လုံးတော်တော်အောင့်နေတယ်။ ကျမကတော့ အရမ်းဝမ်းနည်းတယ် အစ်ကိုရေ။ ပြန်လည်းပြန်ချင်တယ်။ ဒီမှာ အသက်အန္တရာယ်အရမ်း စိုးရိမ်ရတယ်။ အခုတောင် အခန်းထဲထိ ကိုယ်ထိလက်ရောက် စော်ကားတယ်ဆိုတော့ နောက်ဆိုရင် မတွေးရဲဘူး။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ အင်မတန်လည်း ကြောက်ပါတယ်။”
အခုလို လာရောက် ရိုက်နှက်တဲ့သူတွေထဲမှာ တရုတ်နဲ့ အာရဘူ ၀န်ထမ်း ၇၀ ပတ်ဝန်းကျင်လောက် ပါတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခင်းဖြစ်ပြီးနောက် ဂျော်ဒန်နိုင်ငံက ဒေသခံ အလုပ်သမားအဖွဲ့ဖြစ်တဲ့ INUTC အဖွဲ့က လာရောက် ကူညီပေးခဲ့တာတွေကိုလည်း အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ပြောပြပါတယ်။
အင်တာနက်နှင့် facebook ပေါ်မှ မြန်မာများကလည်း ပြည်တွင်း အလုပ်သမားများ ဆန္ဒပြချိန်တွင် အလုပ်သမားဝန်ကြီးဌာနကို အားမကိုးကြပဲ ပြည်ပတွင် မြန်မာအလုပ်သမားများ ဆန္ဒပြစဉ် အရိုက်ခံရချိန်မှ အလုပ်သမားဝန်ကြီးကယ်ပါ၊ သံရုံးကယ်ပါ အော်နေကြကြောင်း တွေ့ရသည်။
www.MyanmarExpress.net
5 comments:
islam=dog
ထားဝယ် ၈၈ တွေလည်းလုပ်စားနေတာပဲ မုညစ်ဖုရုပ်ဆိုးမမိုချစ် ကုလားကျော်သောင်း ကုလား ကျော်သက်လည်းစားများလို့ ဗိုက်ပူနေပြီ
ထားဝယ်၈၈တွေ ကိုတော့ ပြောမနေပါနဲ့ အော်ကြက်တွေပါ..ဘာမှ စောက်သုံးကျတာ မဟုတ်ဘူး..ထောင်ထွက် အလုပ်လက်မဲ့တွေ... အခက်အခဲဖြစ်သူကို ကူညီသလိုနဲ့ ဂွင်လိုက်ဖန်နေတာ ..ဒီကိစ္စအောင်မြင်ရင် ကျုပ်တို့ကို ဘယ်လောက်ပေး ဆိုတာက ပါသေးတယ်...မောင်းမကန်က ၈၈အမည်ခံ ဆိုက်ကားသမား ထွန်းကြည်ဆိုတဲ့ကောင်က အဆိုးဆုံး..
Right!MEG must lead to b more riots!We must kill them with army n police.Ah Ba will also lead us.
ကျုပ်တို့ နိုင်ငံမှာရှိတဲ့ လူတော်တော်များများဟာ အကောင်းမြင် တတ်တာနဲ့ အဆိုးမြင်တတ်တာ လောက်ပဲ လုပ်တတ်ကြတယ်ဗျာ။ အရာရာကို ကြောင်းကျိုး ဆက်စပ် တွေးခေါ်ပြီး ကောင်းအောင်မြင်တတ်တဲ့သူ ကျတော့ အရမ်းနည်းတယ်ဗျာ။ ဒီတော့ ကောင်းအောင် လုပ်နေတဲ့ သူနဲ့ အဖျက်သမား ကြားမှာ ဒီလူတွေဟာ မြေစာပင်တွေ ဖြစ်ကုန်တယ်လို့ ကျုပ်မြင်မိတယ်ဗျာ။ x
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်