Subscribe to our RSS Feed

နိုင်ငံတော် သမ္မတဦးသိန်းစိန် ဖင်လန်သမ္မတနိုင်ငံသို့ ရောက်ရှိ သမ္မတ H.E. Mr. Sauli Niinisto နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုဆွေးနွေး

From : သမ္မတရုံး



နေပြည်တော် မတ် (၂)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် မတ်(၁)ရက် နံနက်ပိုင်းတွင် နော်ဝေနိုင်ငံ အော်စလိုမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ ခဲ့ရာ ဒေသစံတော်ချိန် နံနက်(၁၀) နာရီ (၅၅) မိနစ် တွင် ဖင်လန် သမ္မတနိုင်ငံ ဟယ်လ်စင်ကီမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

 နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဖင်လန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်၊ မြန်မာ နိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Ms. Sirpa Maenpaa ၊ ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန သံတမန်ဋ္ဌာနအကြီးအကဲ Ms. Tiina Myllyntausta နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

နိုင်ငံတော်သမ္မတသည် မွန်းလွဲ(၁)နာရီတွင် ဟယ်လ်စင်ကီမြို့ရှိ သမ္မတအိမ်တော်သို့ ရောက်ရှိရာ ဖင်လန်သမ္မတနိုင်ငံသမ္မတ H.E.Mr. Sauli Niinisto က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နှစ်ငံတွေ့ဆုံဆွေးနွေးပွဲကိုကျင်းပရာ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဋ္ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ဖင်လန်သမ္မတနိုင်ငံ သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး Mr.Erkki Tuomioja နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဖင်လန်နိုင်ငံသမ္မတက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ မြန်မာနိုင်ငံမှ သမ္မတ တစ်ဦးအနေဖြင့် ဖင်လန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့်အတွက် ကြိုဆိုပါကြောင်း၊ အဆွေတော်သမ္မတကြီး ဦးဆောင်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်း ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းရေးရေးဖော်ဆောင်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးလုပ်ငန်းများတွင် မိမိတို့က ပါဝင်ကူညီလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိတို့နှစ်နိုင်ငံသည် ပထဝီအနေအထားအရ များစွာ ဝေးကွာသော်လည်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၄ ခုနှစ်ကပင် စတင် ထူထောင်ခဲ့ရာ လာမည့်နှစ်တွင် နှစ်ပေါင်း (၆၀) ပြည့်တော့မည် ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ် (၂၀) ကာလအတွင်း မိမိတို့နှစ်နိုင်ငံ၌ ကျင့်သုံးခဲ့သည့် နိုင်ငံရေးစနစ်များ မတူညီမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အလှမ်းဝေး ခဲ့ရပါကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံတွင်လည်း ဒီမိုကရေစီစနစ် ကျင့်သုံး နေပြီဖြစ်၍ နှစ်နိုင်ငံ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရာတွင် နိုင်ငံရေးအဖွဲ့အစည်း အားလုံး နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်နိုင်စေရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်း ရေးတည်ဆောက်ရန်ဟူသော လုပ်ငန်းစဉ်နှစ်ရပ် ချမှတ်ဆောင်ရွက်နေပါကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်သည် စိန်ခေါ်မှုအများဆုံး လုပ်ငန်းစဉ်ဖြစ်ပြီး မိမိတို့အနေဖြင့် အပစ်အခတ် ရပ်စဲရေးအဆင့်မှ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာပြီး ထာဝစဉ်တည်တံ့မည့် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုများကို မိမိတို့တိုင်းရင်းသားအချင်းချင်း ညှိနှိုင်း ဆောင်ရွက်၍ ရသော်လည်း ပြန်လည် ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် စေတနာရှင် နိုင်ငံ တစ်နိုင်ငံချင်းထံမှ အကူအညီများ ရယူရန် လိုအပ်ပါကြောင်း၊ အလားတူပင် စီးပွားရေးဖွံ့ဖြိုးရန် အတွက် နိုင်ငံတကာမှ အရင်းအနှီး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ရရှိရန် လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ဖင်လန်နိုင်ငံသမ္မတက ပြန်လည်ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအပေါ်တင်ရှိနေသည့် ကြွေးမြီများ၏ (၅၀) ရာခိုင်နှုန်းကို ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ယူရိုငွေ(၆ ဒသမ ၅) သန်းကို အကူအညီပေးအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် တည်ထောင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းမှုတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်လည်း မိမိတို့ပါဝင်ကူညီနိုင်ပါ ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပ၍ တွေ့ဆုံဆွေးနွေးခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဖင်လန်နိုင်ငံ သမ္မတက ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော်သမ္မတသည် ညနေ(၄) နာရီတွင် ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက် ၍ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဖင်နိုင်ငံသမ္မတဟောင်း Mr. Martti Ahtisaari အား တွေ့ဆုံနှုတ်ဆက်သည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထာဝစဉ်တည်တံ့မည့် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
         
ထို့နောက် ဖင်လန်နိုင်ငံသမ္မတဟောင်းက ၎င်းခေါင်းဆောင်သည့် Crisis Management Initiative အဖွဲ့အနေဖြင့် ၂၀၀၆ ခုနှစ်ကပင် မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံရန် ဥရောပသမဂ္ဂသို့ တိုက်တွန်းခဲ့သည့် အခြေအနေ များ၊  နိုင်ငံတကာငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များတွင် ၎င်းပါဝင်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီပေးနိုင်မည့် အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
       
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား ဖင်လန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး Ms. Heidi Hautala က သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။



 www.MyanmarExpress.net
 

1 comments:

မတ်လ ၂ ၇က်မှာ ဖင်လန်နိုင်ငံေ၇ာက်တိုင်းချစ်ပြည်ချစ်များ ဆိုတဲ့ မြန်မာဒုက္ခသည်ဆိုသူတွေက NLD အလံတွေ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေကို ကိုင်ဆောင်ပီး ဖင်လန်နိုင်ငံမှာေ၇ာက်၇ှိနေတဲ့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ဆန္ဒပြခဲ့ပါတယ်

အဲ့ဒီ ဖင်လန်နိုင်ငံေ၇ာက်တိုင်းချစ်ပြည်ချစ်များ ဆိုတဲ့ မြန်မာဒုက္ခသည်ဆိုသူတွေဟာ နိုင်ငံရေးအကြောင်းပြပီးလုပ်စားသွားတဲ့ ဒုက္ခသည်အယောင်ဆောင် လူလိမ်တွေပါ တခိျု့က မြန်မာနိုင်ငံသားတွေမဟုတ်တော့ပါဘူး ဒုက္ခသည်အယောင်ဆောင် ဒုက္ခသည်အဖြစ်ခံယူပီး ဖင်လန်နိုင်ငံသားခံယူထားသူတွေပါ

မျိုးချစ်စိတ်တကယ်၇ှိတာ မြန်မာနိုင်ငံကောင်းစားေ၇းကိုတကယ်လိုလားတာ မဟုတ်ပဲ နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းတွေဆီကနေ ဒီမိုကေ၇စီေ၇းဘန်းပြပီးတောင်းစားလို့ကောင်းအောင် လူမြင်ကွင်းမှာလမ်းပေါ်ထွက် ဆိုင်းဘုတ်ထောင်ပြပီး ဆန္ဒပြနေတဲ့ လူလိမ်တွေပါ မြန်မာပြည်တိုးတက်သွား၇င် သူတို့တစ်သက်လုံး လုပ်စားတောင်းစားလာသလို လွယ်လွယ်နဲ့လုပ်စားတောင်းစားလို့မရတော့မှာကို စိုး၇ိမ်နေတဲ့အကောင်တွေပါ ဒီမိုလုပ်စားတွေပါ

ဖင်လန် နော်ဝေး အစ၇ှိတဲ့ အနောက်နိုင်ငံတွေကမြန်မာဒုက္ခသည်တွေဟာ အဲ့ဒီအနောက်နိုင်ငံတွေကကုမ္ပဏီတွေမှာ အလုပ်လျှောက်၇ာကတဆင့် သူတို့၇ဲ့အသိပညာ အတတ်ပညာ ကိုယ်စွမ်းကိုယ်စက ကုမ္ပဏီကလိုချင်တဲ့အဆင့်နဲ့ကိုက်ညီလို့ အလုပ်၇၇ှိပီးေ၇ာက်၇ှိအလုပ်လုပ်ကိုင်နေသူတွေ မဟုတ်ပါ

အဲ့ဒီ မြန်မာဒုက္ခသည်တခိျု့က ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းဝင်ပီး ဒုက္ခသည်လျှောက်ပီး ဖင်လန် နော်ဝေး အစ၇ှိတဲ့ အနောက်နိုင်ငံတွေကိုေ၇ာက်လာတဲ့ကောင်တွေပါ တခိျု့က ABSDFကနေ ဒုက္ခသည်လျှောက်ပီး ဖင်လန် နော်ဝေး အစ၇ှိတဲ့ အနောက်နိုင်ငံတွေကိုေ၇ာက်လာတာပါ

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နော်ဝေးနိုင်ငံ အော်စလိုမြို့ကိုေ၇ာက်၇ှိစဉ် ဖေဖေါ်ဝါ၇ီ ၂၇ ၇က်ကလဲ အော်စလိုမြို့လယ် နေရှင်နယ်သီယေတာေ၇ှ့မှာ အဆိုတော် မွန်းအောင် အပါအဝင် ဒုက္ခသည်အမည်ခံ နော်ဝေးနိုင်ငံေ၇ာက် မြန်မာ ၃၀-၄၀ လောက်က သမ္မတကြီးအား ရွှေပန်းဖြင့်ကြိုဆိုပါသည် ဆိုတဲ့ဆိုင်းဘုတ်ထောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ရိုင်းစိုင်းစွာဆန္ဒပြခဲ့ပါတယ် လူစည်ကား၇ာ အော်စလိုမြို့လယ်ခေါင်မှာ မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်

ဖင်လန် နော်ဝေးနိုင်ငံက ဒုက္ခသည်အမည်ခံဒီမိုလုပ်စားတွေထက် အဆပေါင်းများစွာ ပိုဆိုးတဲ့ ပြည်ဖျက်ကောင်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့က အဖွဲ့ပေါင်းစုံကဒီမိုလုပ်စားတွေဘဲ့ အဲ့ဒီ ဒီမိုသူတောင်းစားတွေက မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ တောင်းစား၇င်းချမ်းသာနေကြတာ ဒီမိုကေ၇စီေ၇းကိုဘန်းပြပီး တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားတွေပေါ့

မြောက်ပိုင်းABSDF ကချင် ပါဂျောင်မှာ ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကို ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ဆို၇င် မြန်မာအစိုး၇က လူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး လုပ်စားတောင်းစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့

ဒီမိုလုပ်စား လူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့မိန်းမ ခင်ဥမ္မာ ကလဲ ဒီမိုလုပ်စားဘဲ့ အ၇င်အပတ်က တောင်ကြီးNLDညီလာခံမှာ စာပေခွင့်ပြုချက်မ၇ှိတဲ့ ဆင်ဆာမဲ့စာအုပ်တွေေ၇ာင်းသွားတဲ့ဖြစ်စဉ်၇ဲ့ နောက်ကွယ်ကတ၇ားခံက အဲ့ဒီ ခင်ဥမ္မာ ဆိုတဲ့ ပြည်ဖျက် NDDအဖွဲ့ကကောင်မပေါ့

ABSDFလူသတ်သမား နိုင်အောင် နဲ့ NDDအဖွဲ့က ပြည်ဖျက်မ ခင်ဥမ္မာ လင်မယားက တောင်းစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာ ဒါမျိုးကို (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့ကအားကျနေတာ

ABSDFလူသတ်သမားနိုင်အောင် ခင်ဥမ္မာ လင်မယားနဲ့ တခြားထိုင်းနယ်စပ်ကဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ဒီမိုလုပ်စားလမ်းစဉ်အတိုင်း (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့လဲလိုက်နေကြလို့ ပြည်သူတွေကစိတ်ပျက်နေကြပါပီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်