Subscribe to our RSS Feed

နည်းလမ်းသုံးမျိုးဖြင့်…အမှိုက်မှ စွမ်းအင်ထုတ်ရန်အတွက်တင်ဒါခေါ်ယူ

From :hot news




ရန်ကုန်မြို့တော်အတွင်းမှ ထွက်ရှိသော အမှိုက်များကိုနည်း လမ်း ၃ မျိုးဖြင့်စွမ်းအင်ထုတ်လုပ် နိုင်ရန်အတွက် တင်ဒါခေါ်ယူသွား  မည်ဖြစ်ပြီး အမှိုက်မီးရှို့ စက်ထောင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ဂျပန်နိုင်ငံ မှ IFE Engineering Corporation မှလာရောက်လျောက်ထား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီဝင် တန်းကျင်ထိန်းသိမ်းရေးနှင့် ဆန့် ရင်းရေးဌာနမှတာဝန်ရှိသူတစ်ဦး ကပြောသည်။

အမှိုက်မှ စွမ်းအင်ထုတ်မည့်  နည်းလမ်း ၃ မျိုးမှာ အမှိုက်မှ မိသိန်းဓာတ်ငွေ့ထုတ်၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရန်အမှိုက်မှ Gas ထုတ်၍ CNG ထုတ်လုပ်ရန် နှင့် အမှိုက်မီးရှို့စက်ထောင်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် တို့ဖြစ်ကြောင်း သိရသည်။

“တင်ဒါလျှောက်တဲ့ကုမ္ပဏီ အနေနဲ့ ပတ်ဝန်းကျင်ထိခိုက်မူနည်း  ရမယ်။ နည်းပညာမြင့်ရမယ်၊ လိုအပ်တဲ့စွမ်းအင်ပမာဏများများ စားစားရမယ်၊ ကုမ္ပဏီတစ်ခုတည်း  ကိုချည်းရွေးသွားမှာမဟုတ်ပါဘူး။  နှစ်ခုတန်နှစ်ခု၊ သုံးခုတန်သုံးခုရွေး ချယ်သွားမယ်။ ဖိုင်နယ်တင်ပို့ အတွက်ကိုတော့ အချိန်ပေးရမယ်  ဆိုတော့ အပြီးသတ်ရွေးဖို့ကို (၂၀၁၃) ဒီဇင်ဘာလမှာအပြီး သတ်ရွေးနိုင်မယ်”ဟု၎င်းကပြောသည်။

ရန်ကုန်မြို့စွမ်းအင်ထုတ်လုပ်  ရန် စိတ်ဝင်စားလျက်ရှိသောနိုင်ငံ များမှာ မလေးရှား၊ ထိုင်း၊ အမေရိ ကန်နှင့် တရုတ်ကုမ္ပဏီတွေက စိတ်ဝင်စားလျက်ရှိပြီး ဂျပန်နိုင်ငံ FE Engineering Corporation  မှ (၁၀၀ ရာခိုင်နှုန်း) ရင်းနှီးမည်  ဖြစ်ပြီးရရှိလာသော လျှပ်စစ်ဓာတ်  အားများကို ရန်ကုန်မြို့မှ ပြည်သူ   လူထုတို့ပြန်လည်ရောင်းချသွားမည်  ဖြစ်ကြောင်း ရရှိလာသော လျှပ်စစ်ဓာတ်အားမှာလည်း ရပ်ကွက်တစ်ခုအတွက်ရ နိုင်သလို စက်မူဇုန်တစ်ခုအတွက်လည်းရရှိ နိုင်ကြောင်းနှင့်ရရှိလာသောအကျိုး အမြတ်ကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီနဲ့ မည် သို့ခွဲပေးမည်ဆိုသည့်အချက်ပေါ် မူတည်ပြီး စဉ်းစားသွားမည်ဖြစ် ကြောင်း သိရသည်။

 . www.MyanmarExpress.net
 

2 comments:

အမှိုက် အိတ်တွေအလကားဝေပါ

အဲဒါက ဂျပန်က အမှိုက်ကနေမီးရှို့ပြီး လျပ်စစ်ထုတ်တာ ပိုကျွမ်းကျင်ပါတယ် သူတို့ဆီမှာလည်း ဒီလိုပဲ လုပ်နေတာပါ။
တရုတ်ကိုတော့ လစ်လျူရူသင့်ပါတယ်။ စောက်သူံးလုံးလုံး မကျတဲ့အပြင် နေရာဝင်ယူနေတာပါ။ ဂျပန်ကိုပေးဖို့ ရာနှုန်းပြည့် နိုင်ငံအကျိုးအတွက် ထောက်ခံပါတယ်ခင်ဗျား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်