Subscribe to our RSS Feed

ဒီချုပ်ညီလာခံတွင် ဥက္ကဌ ဒေါ်စုကို ဖြုတ်ချမည့်သတင်း တနိုင်ငံလုံး ပျံ့နှံ့နေ


မတ်လ ၉ ရက်နေ့တွင် ကျင်းပမည့် အန်အယ.်လဒီ အထွေထွေညီလာခံကြီးတွင် ဒေါ်အောင်ဆန်းစုကြည် အား လက်ရှိ ဥက္ကဌ အဖြစ်မှ ဖြုတ်ချမည့် သတင်းများ ထွက်ပေါ်ကြောင်း မြန်မာပို့စ်ဂျာနယ်မှ ဖော်ပြထား သည်။ ထို့ပြင် ထိုသို့ ဖြစ်စေရန် လုပ်ဆောင်နေသည့် အန်အယ်လ်ဒီ အကွဲအပြဲများနှင့် ဒေါ်စု မရှိက ဖြစ်လာနိုင်သည်များကို မေးမြန်းထားသည်ကို တွေ့ရသည်။ ၎င်း ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာရေးဆရာများသမဂ၊ ၀ါရင့်နိုင်ငံရေးသမား  ဦးထက်မြက် မှ ပါတီခေါင်းဆောင်အတွက် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း နဲ့ ဦးအုံးကြိုင် တို့ လည်း ပါတီကို ခေါင်းဆောင်သင့်ကြောင်းကို ပြောကြားခဲ့သည်။
 
"ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင်အဖြစ် ဖယ်ရှားဖို့တို့၊ NLD ခေါင်းဆောင်အပြောင်းအလဲလုပ်ဖို့တို့ ဆိုတာတွေက မဖြစ်သင့်တဲ့ ကိစ္စတွေပါပဲ။

ဒါပေမယ့်လည်း ပါတီခေါင်းဆောင်မှုကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့က အဓိကကျပါတယ်။

သူတို့နဲ့အတူ ဂျူနီယာဖြစ်မယ့် ဦးဥာဏ်ဝင်းတို့ ဦးအုန်းကြိုင်တို့ စတဲ့ အဲဒီခေါင်းဆောင်တွေကလည်း တစ်လျှောက်လုံး အနစ်နာခံလာခဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့လည်း ဆက်ပြီး ခေါင်းဆောင် ဖြစ်သင့်ပါတယ်။"
 
ဟု ဆိုသည်။


လက်တလောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချမည်ဟု သတင်းထွက်နေသောကြောင့် NLD ညီလာခံမတိုင်မှီ သံသယရှိသူအားလုံးကို တာဝန်မှ ရပ်နားခြင်းများ၊ ပါတီမှ ထုတ်ပယ်ခြင်းများကို လုပ်ဆောင်လျှက်ရှိပြီး ဒီမိုကရေစီပါတီဖြစ်သဖြင့် လွှတ်လပ်စွာ ထုတ်ပယ်နေကြောင်း ဝေဖန်မှုများ ရှိနေပါသည်။

 www.MyanmarExpress.net
 

6 comments:

Phwa nay dar.a kone lone main ma nyan tway pel.a shat ma shi buu lar ma thi boo.nyan ma shi delt nlarwar taung ma yone buu.

ဒီချုပ်ပါတီတခုလုံးပေါင်းမှ ဒေါ်စုမျက်နှာတခုထဲရှိုတာ ဒေါ်စုကိုဖြုတ်လိုက်ရင် မျက်နှာမရှိတဲ့ဒီချုပ်ဖြစ်သွားမှာပေါ့။
ရူးနေကြလား။

ဒီ စောက် ရူး ပါ တီ က နိုင် ငံ ကို ဘယ် လို ခေါင်း ဆောင် မှာ လဲ။ ပြည် ထောင် စု ကြီး ပြို ကွဲ သွား မယ်။ဒေါ် စု က လည်း ဘာ လုပ် တက် လို့ လဲ။ ရို ဟင် ဂျာ အ ရေး တုံး က လည်း လက် ပိုက် ကြည့် နေ တယ်။ ကု လား တွေ အ ပင်း ဆို့ ထား တယ်။ တစ် ပြည် နယ် လုံး မီး ဟုံး ဟုံး တောက် နေ တယ်။ သူ က လျှော လည် နေ တယ်။။ ခု သူ့ ပါ တီ အ တွင်း က တောင် မ ထောက် ခံ တော့ ဘူး။ သူ့ ကို ဖြုတ် တော့ မယ်။ နောက် ပြီး ရင် ကု လား တွေ ကူ့ ကို ၀ိုင်း ဖြုတ် မယ်။

အ ဖွား ကြီး နေ ၀င် ချိန် ရောက် နေ ပြီ။ အ သက် ကြီး ပါ ပြီ ပါ တီ ရံ ပုံ ငွေ တွေ ဘုံး ပြီး england သွား နေ ပါ တော့။ ကု လား တွေ ကို ပ စား ပေး ထား တာ ကို။ မြန် မာ NLD တွေ က မုံး မှာ ပေါ့။ ပြည် သူ က ပါ သ တိ ထား မိ ပြီး မုံး လာ ရင် မ လွယ် ဘူး။

ဒေါ်စုကြည်ကို ပါတီဖြုတ်ချမတဲ့လား၊ ဒေါ်စုဆိုတဲ့ အလှူလက်ဘက်နဲ့ မျက်နှာ လုပ်နေတဲ့ပါတီက ဒေါ်စုသာ မရှိလို့ကတော့ကွာ။ nld ဆိုတာ ဒေါ်စုဆိုတဲ့ သစ်တစ်ပင်ကောင်းကြောင့် နင်တို့ ငှက်တစ်သောင်းမက နားနေနိုင်တာကို ဒေါ်စုလိုအပင်မျိုးကို ခုတ်ချရဲတာ စိတ်ဝင်စားစရာ ကောင်းတယ်၊ အင်းလေ nld က ခုဆို ထိုင်ခုံလုနေ လိုက်ကြတာများ ကွန်မြူနစ်နဲ့ နင်လား ငါလားပဲ၊ စောင့်ကြည့်ရသေးတာပေါ့။

ဒီသတင်းက တော်တော်လေးကို ကျယ်ပြန့်နေတော့ မြို့တိုင်း ရွာတိုင်း ကျွတ်ကျွတ်ညံနေပီဗျ၊ ဘွားတော်ကို ချစ်ခင်ကြတဲ့သူတွေ မျက်စိသူငယ် နားသူငယ် ဖြစ်နေကြပီလေ၊ nld ကို မဲဝိုင်းပေးလိုက်ကြတာဟာ ဘွားတော် မျက်နှာတစ်ခု ကြည့်ပြီး ပေးလိုက်ကြတာကိုး၊ သူ့နောက်လိုက် ကိုယ်စားလှယ် လောင်းတွေကို တော်တော်များများက ဓါတ်ပုံလောက်( ဒါတောင် ပုံသေးသေးလေးပါ၊ မဲဆွယ်ကာလမှာ ဘွားတော်ပုံကိုသာ အဓိကထား တာကိုး) မြင်ဘူးကြတာ၊ အဲဒီ nld ကိုယ်စားလှယ် တော်တော်များများက သူတို့ကို မဲပေးခဲ့ကြတဲ့ မြို့ ရွာတွေကို ခုထိ တစ်ခေါက်တောင် မရောက်ကြဘူးဆိုပဲ၊ ဟုတ်မှာပဲ ဒေါ်စုကလွဲ သူ့နောက်လိုက်တွေက အားကိုးယုံကြည်စရာ အဟန့်ရှိတဲ့သူ နည်းတာကိုး။ အလိုလိုမှ ဘွားတော်ရဲ့ အနမ်းကိစ္စတွေ၊ ကုလားကိစ္စတွေက တော်တော်ကျယ်ပြန့်နေလို့ သူ့ပါတီဝင်တွေ မျက်နှာမဖော်ရဲ ဖြစ်နေရတဲ့ကြားထဲ၊ အင်း ဘာတွေဆက်ဖြစ်မလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်