From : http://www.mgkyautkhae.blogspot.com/
ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း အစိုးရ
တပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစား ခဲ့သည့် ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦး
အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦး အားသေဒဏ် အပြစ်ပေးရန် အတွက်
ဆုံးဖြတ်ခဲ့ကြောင်းသတင်းရရှိသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ်
အစည်းအဝေးခန်းမတွင် ကျင်းပ သည့် အရေးပေါ်စစ်ဆင်ရေး အစည်းအဝေးတွင် KIA
စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ် ခဲ့ခြင်ြး ဖစ်ေ ကြာင်း KIA
အရာရှိတစ်ဦးမှ ပြောကြားသည်။
ကချင်ခေါင်းဆောင်အချို့မှ ယခုကဲ့သို့သောကချင်လူမျိုးများအတွက်
အရေးကြီးချိန်တွင် ပြင်းထန်သော ပြစ်ဒဏ် များ မပေးသင့်ကြောင်း
ဝိုင်ဝန်းကန့်ကွက်ပြောဆိုခဲ့ကြသဖြင့် သေဒဏ်ပြစ်ဒဏ်ပေးခြင်းအားေ ခတ္တ
ဆိုင်းငံ့ ထားကြောင်းသတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအားေ
သဒဏ်မကြာ ခဏပေးလျ က် ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလဲ
လိုင်ဇာဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ရ၀မ် လူမျိုး(၂)ဦး အားအစိုးရမှ
ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင်ရန် အခြား တပ်ဖွဲ့ ၀င်များ
အားစည်းရုံးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့သေးကြောင်း
သိရှိရသည်။
KIA အဖွဲ့တွင် တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များေ
ပးနေခြင်းနှင့်ပတ်သက်၍ ကချင် တိုင်းရင်း သားလူမျိုးစုခေါင်းဆောင်များမှ
မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆ န်မှု
မပြုနိုင်ကြောင်းသိရှိရသည်။
KIAတပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သောလဂျားယန်ဒေသ စစ်ပွဲများတွင်
အထိအခိုက် အကျအဆုံးများပြားခြင်း၊ လိုင်ဇာမြို့အား
ထိန်းချုပ်ထားနိုင်သောအရေးကြီးတောင်ကုန်းများသည် အစိုးရ စစ်တပ်
လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့် ရိက္ခာေ ဆးဝါးများ
လုံလောက်စွာ မရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်း
လာကာအစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့် ဖြစ်စဉ် များ
များပြားလာကြောင်း သတင်းရရှိသည်။
2 comments:
KIA အ ဖွဲ့ မှ ပွန်း လေး များ အ မြင် မှန် ရ သင့် နေ တာ ကြာ ပြီ ခေါင်း ဆောင် စည်းစိမ် ယစ်မူးပြီးနေရ ဖို့အတွက် စစ် တုရင်မှ ပွန်းလေးများစတေးရ
ဘယ်ဘာသာဘဲဖြစ်ဖြစ်အချိန်ရောက်လာရင်ဝဋ်ဆိုတာ ရောက်လာမှာပါ။ KIA ခေါင်းဆောင်ကြီးတွေမျှော်လင့်ပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်