From :သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် မတ် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၈)ရက် နံနက်(၁ဝ)နာရီ တွင် နော်ဝေ နိုင်ငံ
အော်စလိုမြို့၏မြောက်ဘက် အက်စ်ကင်မ်(Askim) မြို့နယ်ရှိ Solbergfoss
ရေအားလျှပ်စစ်စက်ရုံများကို သွားရောက် ကြည့်ရှုလေ့လာသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် Solbergfoss
ရေအားလျှပ်စစ်စက်ရုံအမှတ်(၁)တွင် ရေအားလျှပ်စစ်ထုတ်လုပ်နေမှု၊
တာဘိုင်စက်များ တပ်ဆင်ထားမှုနှင့် ပင်မထိန်းချုပ်ခန်း တို့ကို
လှည့်လည်ကြည့်ရှုလေ့လာရာ E-Co Energy ကုမ္ပဏီမှ ဥက္ကဋ္ဌနှင့်
အမှုဆောင်အရာရှိချုပ် Mr. Tore Olaf Rimmereid နှင့် စက်ရုံမန်နေဂျာ Mr.
Oystein Rafoss တို့က လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် ရေအားလျှပ်စစ်စက်ရုံအမှတ်(၂)
အစည်းအဝေးခန်းမ၌ နော်ဝေနိုင်ငံ ကုန်သွယ် ရေးနှင့် စက်မှုဝန်ကြီး Mr. Trond
Giske နှင့် Statkraft Energy ကုမ္ပဏီမှဒါရိုက်တာ Mr. Oistein Andresen
တို့က သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ နော်ဝေနိုင်ငံရှိ စက်မှု
လုပ်ငန်းများ၏ အဓိကကျောရိုးမဏ္ဍိုင်ဖြစ်သည့် ရေအားလျှပ်စစ် ဓာတ်အားပေး
လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ
ဆောင်ရွက် နေမှု၊ ကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်းတွင် ရေအားလျှပ်စစ်
ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြား
ကြသည်။
နော်ဝေနိုင်ငံသည် ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့်
ပတ်သက်၍ နှစ်ပေါင်း(၁ဝဝ)ခန့် အတွေ့အကြုံရှိသည့် နိုင်ငံဖြစ်သည်။ လက်ရှိ
အခြေအနေတွင် ကမ္ဘာ့ဆဋ္ဌမမြောက် အကြီးမားဆုံး ရေအားလျှပ်စစ်ထုတ်လုပ်သည့်
နိုင်ငံဖြစ်ပြီး ဥရောပတွင် အကြီးမားဆုံး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်
ထုတ်လုပ်သည့်နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံ၏လျှပ်စစ် ဓာတ်အား
လိုအပ်ချက်အများစုကို ရေအားလျှပ်စစ်မှ ရရှိနေခြင်း ဖြစ်သည်။ ရေအားလျှပ်စစ်
ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရေး၊ ဒေသခံပြည်သူများအတွက်
စီးပွားရေးနှင့် လူမှုရေး အကျိုးအမြတ်များ ရရှိစေရေးတို့ကို
ဆောင်ရွက်လျက်ရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတော်/
ဒေသန္တရအစိုးရများ၏ ရင်းနှီးမြှုပ်နှံမှု များဖြင့် ပေါင်းစပ်
လုပ်ကိုင်လျက်ရှိသည်။ လျှပ်စစ်ဓာတ်အားကို ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်း
ပေးနိုင်သည့်အပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်ကြောင်း သိရှိရသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက
သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးပြီး မြန်မာနိုင်ငံအနေဖြင့်
နော်ဝေနိုင်ငံ ၏ ရေအားလျှပ်စစ် စီမံခန့်ခွဲမှု အတွေ့အကြုံများကို
အသုံးချလိုကြောင်း ပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအား
နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Mr. Bard Vegar Solhjeel က
အော်စလိုမြို့ရှိ Ekebergrestauranten ၌ ဂုဏ်ပြုနေ့လယ်စာဖြင့်
တည်ခင်းဧည့်ခံသည်။
ညနေပိုင်းတွင် အော်စလိုတက္ကသိုလ်မှ ပါမောက္ခ Mr. Jens
Braarvig က ၎င်းသိမ်းဆည်းထားသည့် ဗုဒ္ဓဘာသာ ဆိုင်ရာ ရှေးဟောင်းလက်ရေးမူများကို
လာရောက် ပြသရာ နိုင်ငံတော်သမ္မတက စိတ်ဝင်တစား လေ့လာကြည့်ရှုပြီး
မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံး
နိုင်ငံဖြစ်သဖြင့် ယင်းစာပေများကို တိကျသေချာစွာ ဘာသာပြန်ဆိုနိုင်ရန်အတွက်
မြန်မာနိုင်ငံမှ တိပိဋကဘွဲ့ရ ဆရာတော်ကြီးများနှင့် လာရောက်
ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။
ယင်းလက်ရေးမူများမှာ အေဒီ(၁)ရာစု၊ (၃)ရာစုနှင့်
(၈)ရာစုခန့်မှ လက်ရေးမူများဖြစ်ပြီး ပေရွက်နှင့် သစ်ခေါက်တို့ အပေါ်တွင်
ဗြဟ္မဏ ဘာသာဖြင့် ရေးသားထားခြင်းဖြစ်သည်။ လက်ရေးမူများသည် ပညာရေးနှင့်
ဗုဒ္ဓဘာသာတို့နှင့်စပ်လျဉ်း၍ အရေးပါသောသမိုင်း အထောက်အထားများဖြစ်ပြီး
အာဖဂန်နစ္စတန်နိုင်ငံရှိ ဂူငယ်တစ်ခုအတွင်းမှ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း
သိရှိရသည်။
နိုင်ငံတော်သမ္မတသည် ညနေ(၅)နာရီခွဲတွင်
အော်စလိုမြို့ရှိ အော်ပရာအဆောက်အဦ ဆောက်လုပ်ထားမှုကို သွားရောက်ကြည့်ရှု ပြီး
အော်ပရာ တင်ဆက်ပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။
1 comments:
ဖေဖေါ်ဝါ၇ီ ၂၇ ၇က်က နော်ဝေးနိုင်ငံ အော်စလိုမြို့လယ် နေရှင်နယ်သီယေတာေ၇ှ့မှာ အဆိုတော် မွန်းအောင် အပါအဝင် ဒုက္ခသည်အမည်ခံ မြန်မာ ၃၀-၄၀ လောက်က သမ္မတကြီးအား ရွှေပန်းဖြင့်ကြိုဆိုပါသည် ဆိုတဲ့ဆိုင်းဘုတ်ထောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်
ကို ရိုင်းစိုင်းစွာဆန္ဒပြခဲ့ပါတယ် လူစည်ကား၇ာ အော်စလိုမြို့လယ်ခေါင်မှာ မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်
အဲ့ဒီ မြန်မာဒုက္ခသည်ဆိုသူတွေဟာ နိုင်ငံရေးအကြောင်းပြပီးလုပ်စားသွားတဲ့ ဒုက္ခသည်အယောင်ဆောင် လူလိမ်တွေပါ တခိျု့က မြန်မာနိုင်ငံသားတွေမဟုတ်တော့ပါဘူး ဒုက္ခသည်အယောင်ဆောင် ဒုက္ခသည်အဖြစ်ခံယူပီး နော်ဝေးနိုင်ငံသားခံယူထားသူတွေပါ
မျိုးချစ်စိတ်တကယ်၇ှိတာမဟုတ်ပဲ မြန်မာနိုင်င်ငံကောင်းစားေ၇းကိုတကယ်လိုလားတာမဟုတ်ပဲ နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းတွေဆီကနေ ဒီမိုကေ၇စီေ၇းဘန်းပြပီးတောင်းစားလို့ကောင်းအောင်လူမြင်ကွင်းမှာလမ်းပေါ်ထွက် ဆိုင်းဘုတ်ထောင်ပြပီး ဆန္ဒပြနေတဲ့ လူလိမ်တွေပါ မြန်မာပြည်တိုးတက်သွား၇င် သူတို့တစ်သက်လုံး လုပ်စားတောင်းစားလာသလို လွယ်လွယ်နဲ့လုပ်စားတောင်းစားလို့မရတော့မှာကို စိုး၇ိမ်နေတဲ့အကောင်တွေပါ ဒီမိုလုပ်စားတွေပါ
အဲ့ဒီ နော်ဝေးကမြန်မာဒုက္ခသည်တခိျု့က ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းဝင်ပီး ဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတဲ့ကောင်တွေပါ တခိျု့က ABSDFကနေဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတာပါ
နော်ဝေးနိုင်ငံကဒုက္ခသည်အမည်ခံဒီမိုလုပ်စားတွေထက် ပိုဆိုးတဲ့ ပြည်ဖျက်ကောင်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့က အဖွဲ့ပေါင်းစုံကဒီမိုလုပ်စားတွေဘဲ့ အဲ့ဒီ ဒီမိုသူတောင်းစားတွေက မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ တောင်းစား၇င်းချမ်းသာနေကြတာ ဒီမိုကေ၇စီေ၇းကိုဘန်းပြပီး တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားတွေပေါ့
မြောက်ပိုင်းABSDF ကချင် ပါဂျောင်မှာ ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကို ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ဆို၇င် မြန်မာအစိုး၇က လူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး လုပ်စားတောင်းစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့
ဒီမိုလုပ်စား လူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့မိန်းမကလဲ ဒီမိုလုပ်စားဘဲ့ အ၇င်အပတ်က တောင်ကြီးNLDညီလာခံမှာ စာပေခွင့်ပြုချက်မ၇ှိတဲ့ ဆင်ဆာမဲ့စာအုပ်တွေေ၇ာင်းသွားတဲ့ဖြစ်စဉ်၇ဲ့ နောက်ကွယ်ကတ၇ားခံ ခင်ဥမ္မာ ဆိုတဲ့ ပြည်ဖျက် NDDအဖွဲ့ကကောင်မပေါ့
ABSDFလူသတ်သမား နိုင်အောင် နဲ့ NDDအဖွဲ့က ပြည်ဖျက်မ ခင်ဥမ္မာ လင်မယားက တောင်းစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာ ဒါမျိုးကို (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့ကအားကျနေတာ
ABSDFလူသတ်သမားနိုင်အောင် ခင်ဥမ္မာ လင်မယားနဲ့ တခြားထိုင်းနယ်စပ်ကဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ဒီမိုလုပ်စားလမ်းစဉ်အတိုင်း (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့လဲလိုက်နေကြလို့ ပြည်သူတွေကစိတ်ပျက်နေကြပါပီ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်