Subscribe to our RSS Feed

KIA နယ်မြေအတွင်း တရားမ၀င် တရုတ်နိုင်ငံသား ၁၀၀ကျော် ရွှေလုပ်ငန်း များလုပ်ကိုင်

From : .http://www.kachindailynews.com/2013/02/kia_9431.html

KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲသံများရပ်သွားခဲ့သည့်အတွက် တရုတ်နိုင်ငံမှ ရွှေလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော်မှ KIA ကို အခွန်ပေးဆောင်၍ KIA နယ်မြေအတွင်းတွင်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။ တရုတ်တွေက ဘက်ဖိုးယာဉ် ၂၀ ကျော်၊ မြေသယ်ယာဉ် ၂၀ ကျော်နှင့် အင်ဂွန်လ ဘက်မှ ၀င်လာပြီး ရွှေလုပ်ငန်းလုပ်များကို စက်ဆိုင်းကြီးများဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း အခုလိုလုပ်ကိုင်ဖို့ အတွက် အင်ဂွန်လမှာရှိသည့် KIAများကို ငွေကျပ်သိန်း ၅၀၀၀ ပေးဆောင် ရကြောင်း၊ KIA မှလုံခြုံရေးများကို ယူထားပေးရကြောင်း တပ်ဖွဲ့ဝင်တစ်ဦး မှပြောကြားခဲ့ပါသည်။


တရုတ်များက စက်ကြီးများဖြင့် ရွှေများကို ထုတ်ယူနေပြီး စက်ဆိုင်း ၁ဆိုင်းကို တရုတ်နိုင်ငံသား ၈ဦးခန့် ပါဝင်ကြောင်း၊
KIA ကို ငွေကြေး အမြောက်အမြား ပေးဆောင်နေရသော်လည်း ၎င်းတို့က စက်ကြီးများဖြင့် ရွှေ များကိုထုတ်ယူနေသည့်အတွက် အမြတ်များစွာ ရရှိကြောင်း၊ စက်ကြီးတွေဖြင့် အဆမတန် ထုတ်ယူနေသည့် အတွက် ရွှေ ကျင်သည့် ပတ်ဝန်းကျင်တွင် ပျက်ဆီးမှုများစွာရှိနေကြောင်း၊ ရရှိသောအခွန်ငွေများကို KIA လူကြီးများကရရှိနေပြီး ငယ်သားများအတွက် ထောက်ပံ့ပေးမှုမရှိ၊ ကချင်ပြည်နယ် ကောင်းစားရန်အတွက် လုပ်ဆောင်ပေးခြင်းမရှိဘဲ လုပ်ဆောင်နေသည့်အတွက် အခုလို တရုတ်များ၏ ရွှေလုပ်ငန်း လုပ်ဆောင်နေမှုမှာ ကချင်ပြည်နယ် အတွက် အကျိုးမရှိဘဲ ပျက်စီးဆုံးရှုံးမှု သာဖြစ်ပေါ်စေသည်ဟု ဒေသခံများက ပြောဆို နေကြပါသည်။

. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်