Subscribe to our RSS Feed

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဆရာတော်များ က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ထံမှ သြဝါဒခံယူ

From : .. MOI


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဆရာတော်များ က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒခံယူပွဲကို မေ၈ရက်ည ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပ သည်။

ဩဝါဒခံယူပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီး၄၇ ပါး၊ အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက် ပဓာနနာယကအမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသအမှူးပြုသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (ဗဟို) မှဆရာတော် ၂၂ ပါး၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု န်ကြီးဦးဆန်းဆင့်၊ ဒုတိယဝန်ကြီး ဦးစိုးဝင်း၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်သာသနာရေးမှူးများ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ဥပါသကာ များနှင့် ဥပါသိကာမများတက်ရောက်ကြသည်။

ဩဝါဒခံယူပွဲတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်က ဦးစွာ လျှောက်ထားရာတွင် ယခုလတ်တလော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့နှင့် ပတ်သက်၍ မလိုလားအပ်သည့် သတင်းထုတ်ပြန်ချက်များကို အင်တာနက်များ၊ မီဒီယာများ၊ စာနယ်ဇင်း များ၌ တွေ့နေရပါကြောင်း၊

ထိုသတင်းများထဲတွင်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်၍ကန့်ကွက်မည်၊ ဆန္ဒပြမည်၊ ဖြုတ်ချ မည်စသော သတင်းများသည်လည်းတွေ့နေရ၊ ကြားသိနေရ ပါကြောင်း၊ထိုကိစ္စမျိုးကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့က လုပ်ဆောင်ရန် လုံးဝအစီအစဉ် မရှိပါကြောင်း၊ နောင်လည်း ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း၊

လုပ်ဆောင်နေသူများကိုလည်း အားပေးအားမြှောက်ပြုမည် မဟုတ်ကြောင်း၊

အဆိုပါသတင်းမျိုးကိုဖန်တီးမှုများသည် တိုင်းပြည်၏ စည်းလုံးညီညွတ်ရေးကို ပျက်ပြားအောင်၊ အမျိုးဘာသာ သာသနာပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများသာ ဖြစ်ပါကြောင်း၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သဘောထားမှာ ၁၃၇၆ ခုနှစ် ကဆုန်လဆန်း၁၃၊ ၁၄၊ ၁၅ ရက်များတွင် ကျင်းပမည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးကို ကြိုဆိုထောက်ခံပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သာသနာတော်တည်တံ့ရေး၊ ပြန့်ပွားရေးလုပ်ငန်းကိုစွမ်းနိုင်သလောက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးနှင့် ပူးပေါင်း ဆောင်ရွက်မည်သာဖြစ်ပါကြောင်း၊နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့တို့ အတွက်အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးကိစ္စများကို တစ်တပ်တစ်အား ကူညီ ဆောင်ရွက် ပေးသွားမည်သာဖြစ်ပါကြောင်း၊

ထိုသို့ဆောင်ရွက်ရာ၌အခြားလူမျိုး၊ အခြားဘာသာများ ကိုနှောင့်ယှက် ဟန့်တား ဖျက်ဆီးရန်လုံးဝ အစီအစဉ်မရှိပါ ကြောင်း၊ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်စေရန် သာဖြစ်ပါကြောင်း၊ အမျိုးဘာသာ သာသနာအတွက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၏အဖွဲ့အစည်း အဆင့်ဆင့်များ သည်မိမိတို့ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း၊ အမျိုးစောင့် ဥပဒေပေါ်ပေါက်ရေးအတွက်အကောင်အထည်ပေါ်အောင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ၂၀၁၄ ခုနှစ် ဇွန် ၂၁-၂၂ ရက်နေ့ကို အမျိုးဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့၏ နှစ်ပတ်လည်ညီလာခံကျင်းပမည့် နေ့ရက်အဖြစ်သတ်မှတ် အတည်ပြုပါကြောင်းလျှောက်ထားသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က မိမိတို့ သံဃာတော် အချင်းချင်းညီရင်းအစ်ကို၊ မိဘနှင့်သားသမီးစိတ်ဓာတ်ဖြင့် ညီညွတ်ရန် လိုကြောင်း၊ပွင့်ပွင့်လင်းလင်း လျှောက်ထားဆွေးနွေးရန်လိုကြောင်း၊

မည်သည့်ကိစ္စမဆို အသိပေး၍တိုင်တိုင်ပင်ပင် လုပ်ရန်လို ကြောင်း၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကလည်း စိတ်တူသဘောတူ လုပ်မည်ဖြစ်ကြောင်း၊ သာသာသနာ ဆိုင်ရာလုပ်ငန်းကြီး များ လုပ်မည်ဆိုပါက၊ ဒွိဟဖြစ်နေသည့် ကိစ္စရပ်များရှိပါ က နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့သို့လျှောက်ထားနိုင်ပါကြောင်း၊

အမျိုးဘာသာသာသနာ စောင့်ရှောက် ရေးအဖွဲ့က ဩဝါဒခံယူမည့် အကြောင်းလျှောက်ထားသဖြင့် ဝမ်းသာမိပါကြောင်းနှင့် ယခုဩဝါဒ ခံယူပွဲ ကိုသက်ဆိုင်ရာ တာဝန်ရှိသူများကအမှန်အတိုင်း သတင်းထုတ်ပြန် ပေးဖို့မေတ္တာ ရပ်ခံလိုကြောင်း ဩဝါဒချီးမြှင့်သည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး၏ ဩဝါဒချီးမြှင့်မှုနှင့်ပတ်သက်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌဆရာတော်က ဆရာတော်ကြီး၏ဩဝါဒကို လိုက်နာ မည်ဖြစ်ကြောင်း၊စည်းလုံးညီညွတ်ခြင်းကို လိုလားပါကြောင်း၊

မိမိတို့အဖွဲ့သည် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် နံပါတ်တစ်ထား၍လုပ်ဆောင်နေပါကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် ပါတီကိုမျှ မရည်ရွယ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့နှင့် လက်တွဲရမည်၊ အချင်းချင်းမညီညွတ်ပါက ဆိုးကျိုးများသာ ရရှိမည်ဖြစ်ကြောင်း၊ နောင်လည်း လူလွှတ်၍ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ အချိန်မရွေး ခေါ်ယူဩဝါဒပေးနိုင်ပါကြောင်းနှင့် ဖြစ်ပေါ်နေသည့် သတင်းနှင့် ပတ်သက်၍ဦးပါမောက္ခကို မေးမြန်းနိုင်ပါကြောင်း လျှောက်ထားသည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး၏ မိန့်ကြားချက်အရ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မကွေးပရိယတ္တိစာသင်တိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပါမောက္ခက ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲကြီးအတွက် ဆန့်ကျင်ဆန္ဒပြ နေသည်လို့ သတင်းထွက်နေသည်မှာ မဟုတ်မမှန်ပါကြောင်းဖြေရှင်း လျှောက်ထားတင်ပြ သည်။ ယင်းနောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က ယခုကဲ့သို့ ဩဝါဒခံယူမှု အပေါ်ဝမ်းသာအားရ ဖြစ်မိပါကြောင်း၊တပည့်တော်တို့ကလည်းပဲ ဆရာတော်ကြီး များ ဩဝါဒပေး သည့်အတိုင်းဘာသာသာသနာအတွက် အနှောင့်အယှက်ဖြစ်မည့် ကိစ္စများ၊ ညှိုးမှိန်စေမည့်ကိစ္စများ လုပ်ဆောင်နေ မှုများအပေါ် ကန့်ကွက်ခြင်း၊ သဘောထားကြေညာခြင်းများကို အစကတည်းက ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊သတင်းမီဒီယာများနှင့် နိုင်ငံသူ နိုင်ငံသားပြည်သူလူထုအားလုံးကို သာသနာတော်ကြီးသည် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နှင့် ဆောင်ရွက်နေပြီဖြစ်သည်ကို ကျယ်ကျယ်ပြန့်ပြန့်အသိပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားပြီး ဩဝါဒခံယူပွဲကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။


 .. www.MyanmarExpress.net
 

3 comments:

လုပ် ကြ ပါ မီဒီ ယာ အ ခီင့် အ ရေး ကို အ ကြောင်း ပြ ပြိး ရေး ချင် ရာ ရေး နေ ကြ တယ်
နိုင် ငံ သိ တ္ခါ တိုင်း ရင်း သား အ ချင်း ချင်း စည်း လုးံ ပျက် ပြား အောင် လုပ် ကြ တာ ပါ
လှတ် ထား ရင် လူ မိုး ဘာ သာ သာ သ နာ တောင် ထိ ခိုက် တော့ မှာ ပါ
ကာ ကွယ် ကြ ပါ မီ

ပခက တာ တိးဒီယာ ဥ ပ ဒေ ထိ ရောက် စွာ ပြ ဒိန်း ပေး ပါ

NLD and media like irrawaddy, mizzima, bbc, voa, rfa, dvb, eleven media, reporters who are also NLD members are the culprits. People do not realize that the woman and her followers are meik-sar-deik-ti who are out to destroy Myanmar Buddhism. Remember Desmond Tu Tu visit, Tomas Quintina visit and OIC visit?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်