Subscribe to our RSS Feed

အကောင်းမမြင်နိုင်တဲ့ မြန်မာပြည်အရေး...

အကောင်းမမြင်နိုင်တဲ့ မြန်မာပြည်အရေး...

တိုင်းပြည်ကိုကောင်းစေချင်တဲ့ စေတနာကြောင့်
အခြေခံဥပဒေအနှစ်တွေ ရေးကာထုတ်ပေမယ့်
စေတနာ..စေတနာလို့မမှတ်တဲ့ပြင်
ပြင်စရာပုဒ်မတွေကလည်း များပါသဘိနဲ့
တမင်သာ အဘိဇ္ဖာကလည်း များတာကြောင့်
ဖြစ်သမျှအကြောင်းကို အကောင်းလို့သာထင်။
အကောင်းမမြင်နိုင်တဲ့ မြန်မာပြည်အရေး...။

တွေးလို့သာမျှော်
ရှေးကုသိုလ်ကံလို့ပဲ ပြောချင်ရဲ့
အပြစ်ရှာ အနှစ်ဗလာ အန္ဓ လူမိုက်တွေကလည်းများပါဘိ
အကြောင်းကိုရှာ ကောင်းစရာလည်းမတွေ့ပါဘူး
သခင်ကိုယ်တော်မှိုင်းလို ညည်းလိုက်ချင်ပြန်
အရေးထိုထို၌ အခိုက်ခွင့်မဟန်
အိုကွယ်...ခွေးလိုကိုက်ချင်တဲ့ တိုက်ခံအကျင့်တန်။

မေတ္တာကိုရှာ
သစ္စာကိုပမာပြုပါလို့
မြန်မာပြည်သာစည်ကြောင်းရယ်နဲ့
တောင်းဆုအခါခါပေါင်းစုညီညာ
ရှေ့သို့သာ ပျော်ရွှင်စွာလှမ်းပါပေါ့....။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်