Subscribe to our RSS Feed

အင်္ဂါဂြိုဟ်နှင့်စနေဂြိုဟ်ပတ်လမ်းဖောက်ပြန်နေခြင်းကြောင့် ယာဉ်မတော်တဆမှုများ၊ ကားမီးလောင်မှုများ၊လူသေကျေ ပျက်စီးမှုဖြစ်စဉ်များဇူလိုင် ၂ဝအထိဖြစ်ပွားနိုင်ဟုဆို

From : ..UD


ယာဉ်မတော်တဆမှုဖြစ်စဉ်များ၊ ကားမီးလောင်ပျက်စီးမှုဖြစ်စဉ်များ၊ ယာဉ်မီးလောင်၍ လူပေါင်းများစွာ အသက်သေကျေပျက်စီးသောဖြစ်စဉ် များမေ ၂ဝရက်အထိဖြစ်ပွားနိုင်ပြီး မော်တော်ယာဉ်ခရီးသွားလာမှုနှင့် ပတ်သက်သော အန္တရာယ်ဖြစ်စဉ် များ ဇူလိုင် ၂ဝ ရက်အထိဖြစ်ပွား နိုင်ကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံ အဖွဲ့၊နိုင်ငံတကာရေးရာနက္ခတ်သိပ္ပံ သင်တန်းကျောင်းမှဦးဇေယျာကိ
(အမှု ဆောင်အရာရှိချုပ်)ကပြောသည်။

အင်္ဂါဂြိုဟ်သည်ကန်ရာသီတွင် ဖောက်ပြန်၍သွားလာနေပြီး စနေ ဂြိုဟ်သည် တူရာသီတွင် ဖောက် ပြန်၍ သွားလာနေခြင်းဖြစ်စဉ်များ ကြောင့် မတော်တဆ ဘေးဥပဒ် အန္တရာယ်ဖြစ်စဉ်များ၊ကြီးမားသော သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း နက္ခတ် ကျမ်းများတွင်ဖော်ပြထားသည်ဟု ဦးဇေယျာကိုက ပြောသည်။

အင်္ဂါဂြိုဟ်သည် မေ ၂ဝ ရက် အထိ ကန်ရာသီတွင် ဖောက်ပြန် ရပ်တည်နေမည်ဖြစ်သောကြောင့် မေ ၂ဝ ရက်အထိ ထပ်မံ၍ မော် တော်ယာဉ်ပိုင်းဆိုင်ရာဘေးဥပါဒ် အန္တရာယ်များ၊ မီးလောင်ပျက်စီးမှု အန္တရာယ်များ၊အခြားသောသဘာဝ
ဘေးအန္တရာယ်အခြေအနေများအချိန် မရွေးဖြစ်ပေါ်လာနိုင်ကြောင်း၊ တူ ရာသီတွင်ဖောက်ပြန်နေသော စနေ ဂြိုဟ်သည် ဇူလိုင် ၂ဝ ရက်နောက် ပိုင်းတွင် အတည့်ပြန်သွားမည်ဖြစ် သောကြောင့်စနေဂြိုဟ်မှဘေးဥပဒ် အန္တရာယ်ဖြစ်မည့်အခြေအနေများ သည် ဇူလိုင် ၂ဝ ရက်နောက်ပိုင်း တွင် လျော့ပါးသက်သာသွားမည် ဖြစ်ကြောင်း ဦးဇေယျာကိုက ပြောသည်။

''တူရာသီဟာ မြန်မာနိုင်ငံ အတွက် ထိခိုက်ပျက်စီး၊ပေါက်ကွဲ ပျက်စီး၊ မီးလောင်မှုဘေးအန္တရာယ် တွေဖြစ်ပေါ်နိုင်တဲ့ရာသီခွင်ဖြစ်နေ တာကြောင့် အထူးသဖြင့် စနေနံနဲ့ စတဲ့ နေပြည်တော်အမြန်လမ်းမ ကြီးမှာ ယာဉ်အန္တရာယ်ဖြစ်စဉ်တွေ အများဆုံးပေါ်ပေါက်ခဲ့တာ ဖြစ်ပါ တယ်''ဟု ၄င်းကပြောသည်။

အထက်ပါကာလများတွင်အင်္ဂါ ဂြိုဟ်အနေဖြင့်လည်း ကန်ရာသီ တွင်ဖောက်ပြန်သောနေရာ မိန် ရာသီတွင်ရှိနေသောယူရေးနပ်ဂြိုဟ် မှ ၁၈ဝ ဒီဂရီအကွာအဝေးတွင် ရှိပြီး အင်္ဂါဂြိုဟ်အနေဖြင့်လည်း ဓနုရာသီတွင်ရှိနေသော ပလူတို ဂြိုဟ်နှင့် ၉ဝဒီဂရီအကွာအဝေးတွင် ရှိနေသည်။ထို့ကြောင့် အင်္ဂါ၊ယူရေး နပ်၊ ပလူတိုဂြိုဟ် သုံးလုံး၏ဆက် သွယ်မှုအခြေအနေများသည်လည်း ပြင်းထန်သောပေါက်ကွဲပျက်စီးမှု နှင့်သဘာဝဘေးအန္တရာယ်များဖြစ် ပေါ်လာမှုအပေါ် လွန်စွာအားပေး လျက်ရှိသည်။ထို့ပြင်စစ်မက်ရေးရာ ကိစ္စအခြေအနေများတွင်လည်း တိုင်းပြည်နှင့် ကမ္ဘာတစ်ဝန်းလုံး တွင် စစ်ပွဲတိုက်ပွဲများဖြစ်ပေါ်၍ သွေးထွက်သံယိုဖြစ်မည့်အခြေအနေ များ မေလအကုန်အထိ ရှိနိုင် ကြောင်း ၄င်းကပြောသည်။

ယခုနှစ် ဧပြီ ၁၂ ရက်တွင် တောင်ပြာတန်းဘတ်စ်ကားကြီး တစ်စီးနှင့် ဆလွန်းကားတစ်စီးတို့ တိုက်မိရာမှကားနှစ်စီးလုံးမီးလောင် မှုဖြစ်ပွားပြီး တောင်ပြာတန်းကား ပေါ်ပါခရီးသည် ၄၄ ဦးအနက် ခြောက်ဦးသေဆုံးခဲ့ပြီး ဆလွန်း ကားပေါ်တွင်ပါသော ခြောက်ဦး စလုံး သေဆုံးခဲ့သည့်ဖြစ်ရပ်မှာ အမြန်လမ်းယာဉ်တိုက်မှုများတွင် အဆိုးရွားဆုံးသောဖြစ်ရပ်တစ်ခု ဟု သတ်မှတ်ကြသည်။
ယခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ ဧပြီ၂၂ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမတွင်ယာဉ်တိုက်မှုပေါင်း ၁၁၅မှုရှိခဲ့ပြီး ၆၂ ဦးသေဆုံးခဲ့ကာ ၂၈၆ဦးဒဏ်ရာရခဲ့ကြောင်း အမြန် လမ်းရဲတပ်ဖွဲ့ရုံးမှသိရသည်။ထို့ပြင် အမြန်လမ်းတွင်ယာဉ်မတော်တဆမှု ဖြစ်ပွားပါက အမြန်လမ်းရဲတပ်ဖွဲ့ ဖုန်း-ဝ၉-၄၂ဝ၈၈၈၈သို့ဆက်သွယ် အကူအညီတောင်းခံနိုင်သည်။


 .. www.MyanmarExpress.net
 

3 comments:

THANK TO U KYAW ZAYAR KO FOR HIS PREDICTIONS.

1-ALL RELIGIOUS DID NOT ENCOURAGE ON
FORTUNE TELLING AND PLANETARY READINGS.
2-PLEASE TRUST,BELIEVE IN RELIGIOUS
TEACHINGS AND FOLLOW THE TEACHINGS.
3-BETTER CONSIDER ALL KIND OF FORTUNE
TELLING AS A SECONDARY ISSUE.
4-NO BODY CAN TELL OR PREDICT AS FAR THE PAST RECORD SUCH AS DISAPPEARING OF MH370 FLIGHT,TSUNAMI,EARTH QUAKES ,SEA
QUAKES,ACT OF GOD,FORCE MAJEURE SUCH AS
NARGIS STORM HIT LOWER MYANMAR ETC...
5-PLEASE RECALL AND VIEW MANY PLANETARY CONDITION SIMILAR TO THE ABOVE.CONDITIONS.
6-AS FAR AS HISTORY OF LORD BUDDHA;KAW NEY NYA PREDICTIONS ARE 100% RIGHT.

အောင်မယ်ငေး ဖစ်မှ ဖစ်ရပလေ.. သိပ္ပံပညာရှင်ကြီးရယ်..
ဂြိုလ်ပတ်လမ်း ဖောက်ပြန်နေလို့
သေမင်းတမန်လမ်းကြီးလည်း ဖောက်ပြန်နေရသတဲ့..
ကြား..ကြားဖူးပေါင်..တော်..
ရွှေကွပ်ထားဦးမယ်.. အဲဒီဦးနှောက်ကြီးကို.. ဂြိုလ်ပတ်လမ်းတွေ ကောင်းသွားတဲ့အခါကျရင်..
ခုတော့ ရွှံ့ပွတ်ထားလိုက်ဦး...

Your comment will be visible after approval
တဲ့...
ရေးလိုက်သမျှ တစ်ခါမှ မ approval ဘူး..
ထားမနေပါနဲ့..
ဒီဘောက်ကြီး...
ခုလိုရေးမှ approval ဖြစ်သွားရင်တော့လည်း ဝမ်းသာစရာ..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်