Subscribe to our RSS Feed

ဘာသာကူးပြောင်းရေးဆိုင်ရာဥပဒေပြဋ္ဌာန်းရန် သာသနာရေးဝန်ကြီးဌာနဆွေးနွေး

From : .. UD


သာသနာရေးဝန်ကြီးဌာနက ဘာသာကူးပြောင်းရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းရန် ဆွေးနွေးစီစဉ်နေ ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် ကပြောသည်။
ဘာသာကူးပြောင်းရေးဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ သာသနာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဌေးကဦးစီး ၍ သက်ဆိုင်ရာပညာရှင်များနှင့် အစည်းအဝေးများပြုလုပ်ကာဆွေး
နွေးညှိနှိုင်းလျက်ရှိကြောင်း ပြည် ထောင်စုဝန်ကြီးကပြောသည်။
''ဒီဥပဒေပြီးစီးဖို့က အဆင့် တွေအများကြီးကျန်ပါသေးတယ်။ အချက်အလက်တွေအများကြီး အကြိမ်ကြိမ် ဆွေးနွေးရမှာဖြစ်တော့ ဘာတွေပါဝင်မှာလဲဆိုတာ တိတိပပ မပြောနိုင်သေးပါဘူး''ဟု ၄င်းက ပြောသည်။
ဘာသာကူးပြောင်းရေးဆိုင်ရာ ဥပဒေရေးဆွဲနေမှုနှင့်ပတ်သက်၍ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယ ကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာ ဘိဝံသ(အရှင်ဝီရသူ)က ''ဘာသာ ကူးပြောင်းတာမှာ မျှတအောင်ဆုံး ဖြတ်တဲ့ဥပဒေပေါ့။ မိဘနှစ်ပါးလုံး မသိအောင် ဆွေမျိုးတွေမသိဘဲနဲ့ အနိုင်ကျင့်ပြီးတော့ ဘာသာကူး ပြောင်းခံရတဲ့၊ သိမ်းသွင်းခံရတဲ့သူ တွေကိုကာကွယ်တဲ့ဥပဒေပါ။ မိဘ ဆွေမျိုးတွေကို တရားဝင်အသိပေး ပြီး ကိုယ်ကိုယ်တိုင် ယုံကြည်ရင် တော့လွတ်လပ်စွာပဲ ကူးပြောင်းကိုး ကွယ်ခွင့် ပေးထားပါတယ်''ဟု ၄င်း၏အမြင်ကို မိန့်သည်။
အိမ်ထောင်ပြုဥပဒေနှင့် လူဝင် မှုဆိုင်ရာဥပဒေတို့နှင့် မသက်ဆိုင် ဘဲ ယင်းဥပဒေများအတွက် ပြည် ထောင်စုတရားလွှတ်တော်ချုပ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့က ရေးဆွဲ လျက်ရှိကြောင်း သာသနာရေး ပြည်ထောင်စုဝန်ကြီးက ပြောသည်။


.. www.MyanmarExpress.net
 

1 comments:

1-WELCOME NATIONAL PROTECTION LAWS.
2-ALL WESTERN COUNTRIES AND USA HAVE
LAW TO LIMIT ONE MAN ONE WIFE.
3-ALL OIC HAVE STRONG ISLAMIC LAWS.
4-VERY RECENTLY BRUNEI DECLARED TO
ENFORCE ISLAMIC LAWS TO ALL CITIZEN AND
ALL FOREIGN WORKERS.
5-NEED THIS LAW VERY URGENTLY.
6-NATIONALISTS KNOW WHAT HAPPENING
AND THE ROOT CAUSES WHY NEED THIS
KIND OF LAWS BUT TRAITORS PRETENDING
AND REJECTING THE NATIONAL NEEDS.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်