Subscribe to our RSS Feed

ပြည်တွင်းထုတ်သတင်းစာနှင့် ဂျာနယ်အချို့ မီဒီယာကျင့်ဝတ် ချိုးဖောက်ရေးသားနေ

From : .. https://www.facebook.com/pages/Myanmar-Media-Watch/640968785955875?ref=hl


ပြည်တွင်းထုတ်သတင်းစာနှင့် ဂျာနယ် အချို့ မီဒီယာကျင့်ဝတ်ကိုချိုးဖောက်၍ ရေးသားဖော်ပြ မှုများရှိနေကြောင်း စာနယ်ဇင်းကောင်စီအဖွဲ့ဝင် မြန်မာ ဂျာနယ်လစ်ကွန်ရက်ဥက္ကဋ္ဌဦးမြင့်ကျော်က ပြောသည်။

အများနှင့်သက်ဆိုင်သော သတင်းဖော်ပြ မှုထက် ပုဂ္ဂိုလ်ရေးထိခိုက်စေသည့် ဖော်ပြမှုများဖြင့် စောင်ရေတက်ရန် လူကြိုက်များရန် ပြုလုပ်မှုများရှိနေ ကြောင်း ယင်းကဆိုသည်။

''ပုဂ္ဂလိကမီဒီယာတချို့မှာ နောက်ခံအဖွဲ့ အစည်းတွေရှိတယ်။ အဲဒီလိုသတင်းဂျာနယ်တွေမှာ ဘာသာရေး၊ လူမျိုးရေး အမုန်းပွားစေနိုင်တဲ့စကားလုံး တွေပါလာရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာ နိုင်ပါတယ်။ ဘယ်ဂျာနယ်က ဘယ်သူထုတ်တာလဲ ဘယ် လိုဂျာနယ်မျိုးလဲဆိုတာကတော့ ပြည်သူတွေသိကြပါ တယ်''ဟု ဦးမြင့်ကျော်က ပြောသည်။

သတင်းမီဒီယာကျင့်ဝတ်နှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီမှ ပြုလုပ်သည့် ဆွေးနွေးပွဲတစ် ရပ်ကို မေ ၃ ရက် (World Press Freedom Day) တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲ၌ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာ ဂျာနယ်လစ်သမဂ္ဂ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း စသည့်အဖွဲ့များအပြင် နိုင်ငံခြားမှ မီဒီယာဥပဒေအတိုင် ပင်ခံ Mr.Tovy Mental ကလည်း မီဒီယာကျင့်ဝတ် ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သတင်းဂျာနယ်များတွင် လုပ်ကိုင်နေသည့် သတင်းသမားများမှာ မိမိစောင့်ထိန်းသင့်သည့် ကျင့် ဝတ်များကို နားလည်ရန်လိုအပ်ကြောင်း၊ နားလည်ရန် လည်း သင်ယူပြီးမှသာ လုပ်ကိုင်သင့်ကြောင်း အလွတ် တန်းသတင်းစာသင်တန်းပို့ချနေသူ ဦးဇေယျာလှိုင်က ပြောသည်။
''မီဒီယာကျင့်ဝတ်နဲ့ပတ်သက်ရင် ရန်ကုန် မှာဆို သတင်းကူးယူဖော်ပြတဲ့ ပြဿနာတွေ ရှိတယ်။ နယ်မှာဆိုရင် လာဘ်ပေးပြီးသတင်းပိတ်တာ လာဘ်ယူပြီး သတင်းရေးခိုင်းတာတွေရှိတယ်''ဟု ယင်းက ပြောသည်။

သတင်းမီဒီယာများ မီဒီယာကျင့်ဝတ်ကိုသိ ရှိလိုက်နာနိုင်ရန် မြန်မာနိုင်ငံရှိ မြို့ကြီးရှစ်မြို့တွင် စာ နယ်ဇင်းကောင်စီမှ အခြားသတင်းမီဒီယာကွန်ရက်များ အဖွဲ့များနှင့် ပူးပေါင်း၍ အခြေခံသတင်းမီဒီယာသင် တန်းများ ဖွင့်လှစ်လျက်ရှိကြောင်းလည်း သိရသည်။


 .. www.MyanmarExpress.net

2 comments:

မီဒီ ယာ ကျင့် ဝတ် နဲ့ မ ညီ ရေး ကြ ပြော ကြ ဆို ရင် ငါ့ ကို ထိ လာ ရင် အဲ ဒီ မိ ဒီ ယာ သ မား ဆုးံ မ ပြ မယ် ပြည် သူ တွေ ကို ထိ လာ ရင် ပြည် သူ တို့ ရေ ဆုးံ မ ပစ် ကြ ပါ အ စိုး ရ လို ဝက် ချက် ကို ထိ ခိုက် ရင် အ စိုး က ထိ ရောက် စွာ အ ပစ် ပေး ပါ
ဥ ပ မာ စ နိုး ဒင် ကို ကြည့် ကြ ပေါ့
ပခက တာ တိး

U နိုင် ရေး သ မား တွေ မီဒီယာ သ မား တွေ ဆို တာ စိး ပွါး ရေး သ မား တွေ နဲ့ အ တူ တူ ဘဲ လုပ် စား ကြ တာ တ ဘို့ သ မား အ တ္တ သ မား
စစ် သား ဆို တာ တိုင်း ပြည် အ တွက် တ ဘ ဝ လုးံ ပုံ အပ် ထား ရ တာ အ သက် ပေး ထား ရ တာ
နိုင် ငရေး သ မား တွေ မီ ဒီ ယာ သ မား တွေ တိုင်း ပြည် နဲ့ လူ မိုး ကို သစ္စဿာ ဖေါက် ရင် မေး မြန်း မ နေ နဲ့ သတ် ပစ်
စ နိုး ဒန် တောင် ခွေး ပြေး ပြေး နေ ရ တယ်

ဒါ ဘဲ ပခက တာ တိး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်