Subscribe to our RSS Feed

အိမ်သာတက်စဉ် ပေါင်ကို မြွေကိုက်ခံရသည့် စစ်င်္ကာပူက အမျိုးသမီး



အမျိုးသမီးတဦးဟာ အိမ်သာတက်နေရာမှ ပိုက်သွန်မြွေတကောင် အကိုက်ခံရမှုကြောင့် ဆေးရုံသို့ ပို့သခဲ့ရပါတယ်။

ပိုက်သွန်မြွေဟာ လွန်ခဲ့တဲ့ ကြသာပတေးနေ့ (မေလ၈ရက် ၂၀၁၄) ညနေပိုင်းမှာ Block 826 Sims Avenue နေအိမ်ရဲ့ အိမ်သာအိုးထဲမှ လျှောထွက်လာပြီး Madam Noraslinda Asat (နော်ရာစလင်ဒါအစ) အမည်ရှိ အမျိုးသမီး၏ ပေါင်ကို ကိုက်လိုက်ခြင်း ဖြစ်ပါတယ်.. အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ အိမ်ထောင်သည် အမျိုးသမီးက သတင်းဋ္ဌာနကို ပြောပြခဲ့ပါတယ်။ သူမဟာ အိမ်သာအိုးမှာ ထိုင်လိုက်စဉ် အိမ်သာအိုးထဲမှ ရေပွက်သံတွေကို ကြားခဲ့ရပါတယ်တဲ့.. သူမ ဘာကိုမှ မလုပ်မိလိုက်စဉ်မှာ သူမ၏ ပေါင်မှာ စူးရှနာကျင်မှု တခုကို ခံစာလိုက်ရပါတယ်တဲ့. အဲဒါနဲ့ အောက်ကို ငုံ့ကြည့်လိုက်တော့ မြွေတကောင်ကို တွေ့ရပါတယ်တဲ့.. ၅ပေခွဲလောက် ရှည်လျှားတဲ့ မြွေဟာ သူ့ရဲ့ သွားတွေနဲ့ သူမရဲ့ပေါင်ကို တင်းတင်းကြပ်ကြပ် ကိုက်ခဲထားတယ်တဲ့..

အဲဒါနဲ့ ကြောက်အားလန့်အား အော်ရင်း.. မတ်တတ်ရပ်ပြီး မြွေကို ဆွဲထုတ်ပါတယ်တဲ့.. ဒါပေမဲ့ မြွေက ကြီးနေပါတယ်တဲ့..  နောက်ဆုံးမှာတော့ သူမဟာ မြွေကို အတင်း ဆွဲထုတ်နိုင်ခဲပြီး အိမ်သာတံခါးကို ပိတ်ထားခဲ့ပြီး ထွက်ပြေးလာနိုင်ခဲ့ပါတယ်တဲ့.. မြွေကိုက်ခံရပြီးတဲ့ နော်ရာစလင်ဒါ ဟာ အားအင်တွေ ယုတ်လျှော့သွာသလိုခံစားရလို့ သူမ၏ အမျိုးသားက ဆေးရုံတင်ယဉ်ကို ခေါ်ယူကာ ဆေးရုံသို့ ပို့ပေးခဲ့ပါတယ်တဲ့.

တိရိစ္ဆာန် သုတေသန Animal Concerns Research & Education Society (ACRES) မှ တာဝန်ရှိပုဂ္ဂိုလ်တေါ ရောက်လာတော့ မြွေကို ရှာလို့ မတွေ့တော့ဘူး.. အဲဒါနဲ့ နော်ရာစလင်ဒါ ရဲ့ အမျိုးသားက တိရိစ္ဆာန် ထိန်းချုပ်ရေးမှာ အလုပ်လုပ်နေကြတဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို ကူအညီတောင်ပြီး လိုက်ရှာတော့ နောက်ဆုံး မြွေကို သူတို့တိုက်ခန်းရဲ့ အပြင် လမ်းမမှာရှိတဲ့ Man hole ထဲမှာ မြွေကို သွားတွေ့တယ်.. နော်ရာစလင်ဒါ - ကတော့ မြွေကိုက်ခံရပြီးတဲ့နောက်ပိုင်းမှာ သူမရဲ့ တိုက်ခန်း အိမ်မှာရှိတဲ့ အိမ်သာကို သွာဖို့ ကြောက်ရွံ့နေပါတယ်..

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်