Subscribe to our RSS Feed

ဂွမ်မော် ဘာတွေပြောနေတာလဲ၊ KIA ဘာလဲ၊ ဘယ်လဲ၊ ဘယ်တော့လဲ

From : .. OE

အမေရိကန် ပြည်ထောင်စုရောက်ရှိစဉ် ဂွမ်မော်က ပြောတယ် ၊ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး အတွက် ကြိုးစားနေတဲ့အချိန်မှာ ဒီလိုမလုပ်ဘို့ ကျွန်တော်ပြောတယ်၊ စစ်ရေးအရဖိအားပေးရင် လက်မှတ်ထိုးမှာ မဟုတ်ဘူး။

သေချာပြောနိုင်တာကတော့ ခုဖြစ်နေတာတွေက မတော်တဆမဟုတ်ဘူး အစိုးရဘက်က အစီအစဉ် တကျ လုပ်နေတာ ။

အစိုးရနှင့် ကေအိုင်အေ မှာ စီးပွားပြိုင်ဘက်မဟုတ်တဲ့ အတွက် သစ်မှောင်ခိုကဲ့သို့သော သယံဇာတထုတ်ယူမှုများကို တာဆီးဟန့်တားရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး၊ စီးပွားရေးအကျိုးအမြတ်ကို အခြေခံသည့် ထိတွေ့မှုများ ဖြစ်နေခြင်းဖြစ်ကြောင်း အစိုးရမှ အကြောင်းပြချက်မှာ မခိုင်လုံကြောင်း၊ တိုက်ပွဲကို စီးပွားရေးကိစ္စဖြင့် အကြောင်းပြ၍မရကြောင်း ပြောခဲ့တယ်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် အဓိကအခက်အခဲမှာ တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်စနစ်ကို အစိုးရလက်မခံလိုသည့်အတွက် နှစ်ဖက်ဆွေးနွေးမှုများ ကြန့်ကြာ
နေခြင်းဖြစ်တယ် ။

အထက်ပါ ဂွမ်မော်ရဲ့ စကားများကို ကိုးကားပြီး VOICE က စကားတစ်လှည့် ဓါးတစ်လှည့် ကချင်ငြိမ်းချမ်းရေး ဟုရေးသားခဲ့သည် ။

မှန်ပါသည်။KIA က ယနေ့ကျင့်သုံးနေသော နည်းဗျူဟာ သည် စကားတစ်လှည့် ဓါးတစ်လှည့် ကေအိုင်အေငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပါသည်။

အပစ်ခတ်ရပ်စဲရေး အတွက် အဖွဲ့(၁၄)ဖွဲ့ လက်မှတ်ရေးထိုးပြီးသော်လည်း လက်မှတ်ရေးထိုးရန် ကျန်သော(၂)ဖွဲ့မှာ KIA နှင့် TNLA ဖြစ်ပါတယ်။ အမှန်မှာ KIA တစ်ဖွဲ့ထဲ ဖြစ်ပါတယ် TNLA မှာ KIA မှမြှောက်ပင့်ပေးပြီး လူ/လက်နက်သာမက နောက်ကွယ်မှKIA ကြိုးဆွဲထားသော ရုပ်သေး ရုပ်သာဖြစ်ပါသည် ။ TNLA နှင့်ဖြစ်သော တိုက်ပွဲမှာ ပလောင်သက်သက် မဟုတ်ဘဲ ကေအိုင်အေ ပူးပေါင်းအဖွဲ့သာဖြစ်ကြောင်း တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်တိုင်း တွေ့ရှိရပါသည်။ မိုးကုတ်၊ မိုးမိတ် လမ်းကြောင်းပေါ်က စခန်းထိန်း အင်အားနည်းသော စခန်းတစ်ခုကို ဝင်တိုက်တာလည်း TNLA အမည်ခံပြီး ကေအိုင်အေ သာဖြစ်ပါသည် ။ ဒါကြောင့် အမှန်တကယ်ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးရန် ငြင်းပယ် နေသော ငြိမ်းချမ်းရေးမလိုလားသော အဖွဲ့မှာ ကေအိုင်အေ တစ်ဖွဲ့သာဖြစ်ပါသည်။ TNLA မှာအမည်ခံ ဖြစ်ပြီး အင်အားလည်းမရှိသလို နိုင်ငံရေးရည်မှန်းချက်လည်း ဘာမှမရှိပါ။ အဖွဲ့တစ်ခုအနေဖြင့် သတ်မှတ်၍ မရသော သင်းကွဲအဖွဲ့တစ်ခုမျှသာဖြစ်ပါသည်။ တပ်မတော်နှင့်တိုက်ပွဲဖြစ်တိုင်း အကွဲကြီးကွဲ အရှုံးကြီးရှုံး၍ ခွေးပြေး ဝက်ပြေး ပြေးနေရသော်လည်း တိုက်ပွဲဖြစ်တိုင်း တပ်မတော်မှ ဘယ်လောက်ကျတယ်၊ ဘယ်၍ သေတယ်ဟု လေကြီး မိုးကြီး ပြောပြီး ပုံကြီးချဲ့ ဝါဒဖြန့်၍ နောက်မှ ကေအိုင်အေ ဆရာကြီး၏ လေသံအတိုင်း အသံကောင်း ဟစ်နေခြင်းဖြစ်ပါသည်။ ဒါ့ကြောင့် အမှန်တကယ် ငြိမ်းချမ်းရေးမလိုသောအဖွဲ့မှာ KIA တစ်ဖွဲ့သာဖြစ်ပါတယ်။


ဂွမ်မော် ဘာတွေပြောနေလဲ ဘာကြောင့်ပြောရတာလဲ ဘာအတွက်ပြောတာလဲ ဘယ်သူ့အတွက်လဲဘာကြောင့်KIA ဟာ စကားတစ်လှည့်၊ ဓါးတစ်လှည့် ကချင်ငြိမ်းချမ်းရေးဖြစ်နေရတာလဲ၊ ဘာအကြောင်း ကြောင့်လဲ၊ ပြည်သူတွေသိအောင် ရှင်းပြချင်ပါတယ် ။

ဂွမ်မော် ဆိုတာ ကေအိုင်အေ/ကေအိုင်အို မှာ ရုပ်သေးရုပ်သာသာဘဲ ဖြစ်ပါတယ်။ မကြာသေးခင်က KIA က အကျယ်ချုပ်နဲ့ ချထားခံရပြီး တာဝန်ကရုတ်သိမ်းခံရတော့မယ့် ဆဲဆဲမှာ ဘွမ်ရောင်လရော် ကယ်၍ အကျယ်ချုပ်ကလွတ်ခဲ့တာပါ။ ဒီအခြေအနေမှာ အမေရိကန်ကိုရောက်အောင် ဘယ်သူကပို့ပေးခဲ့တာလဲ၊ အသွားစေခိုင်းသူ မင်းဧကရာဇ်ကတော့ တခြားမဟုတ်ပါ၊ ဘာကြောင့် လုပ်ပေးရတာလဲ
ဆိုတာတော့ နောက်ပိုင်းမှာ သိလာပါလိမ့်မယ် ။

ဂွမ်မော်ကို ဒုစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သူက ဂမ်ရှောင်ဖြစ်ပါတယ်။ ဂမ်ရှောင်ကလည်း ဂွမ်မော်ကို သူမွေးလို့ရမလားဆိုပြီး တခြားလုပ်ရည်ကိုင်ရည်ရှိပြီး စီနီယာကျတဲ့သူတွေကို ကျော်ပြီးပေးခဲ့တာပါ။ ဂွမ်မော် ဒုစစ်ဦးစီးချုပ်ဖြစ်တာကို မကျေနပ်တဲ့သူတွေ အများကြီးပါ။ အထူးသဖြင့် ကေအိုင်အေ မှာ တစ်လျှောက်လုံး ဆင်းရဲအပင်ပန်းခံတိုက်လာပြီး တပ်မဟာမှူးနဲ့လုပ်နေတဲ့ သူတွေက သူ့ကိုမလေးစားပါ။ ၈၈ နောက်ပိုင်းမှ ကေအိုင်အေ ထဲရောက်လာတဲ့၊ ဘွဲ့ရဖြစ်တဲ့ ဂွမ်မော်ကို အခြေနေအရ ငြိမ်းချမ်းနေတဲ့ကာလမှာ အသုံးတည့် မလားဆိုပြီး ဒုစစ်ဦးစီးချုပ်ခန့်ခဲ့တာပါ ။ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ ဆိုတာက သူတို့ပါးစပ်ထဲက ခန့်အပ်မှုတွေပါ။ တစ်ချို့အဖွဲ့အစည်းတွေဆိုရင် လူရှိတာ ၁ဝဝ မကျော်သော်လည်း ခပ်တည်တည်နဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တပ်ပြီး ကိုယ့်ကိုယ်ကို ခေါ်နေတာလဲရှိပါတယ်။ ဂွမ်မော်ကတော့ ဒီလိုနည်းနဲ့ ဗိုလ်မှူးချုပ် ဂွမ်မော် ဖြစ်လာခဲ့ပြီး မကြာသေးဘူး ဗိုလ်ချုပ် ဂွမ်မော် လို့ သုံးလာတာတွေ့ရပါတယ် ။

မီဒီယာတွေကလည်း မြှောက်ပင့်ပြီးရေးလာတော့ ခေါ်တဲ့သူကလည်းခေါ်လာတော့ ဗိုလ်ချုပ်ဂွမ်မော် ဆိုပြီး လူတစ်လုံး သူတစ်လုံး နေရာရလာခဲ့ပါတယ် ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြောဆိုဆွေးနွေးရာက လူတွေသိလာခဲ့ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာ ကေအိုင်အေ အနေနဲ့ သူတို့ခိုင်းသလိုဖြစ်မလာတော့ ဂွမ်မော်ကို မျက်စေ့ ဆံပင်မွေး စူးရာက မကြာသေးခင်က တပ်မတော်မှ သစ်တွေဖမ်းမိ၊ တိုက်ပွဲဖြစ်တိုင်း ကေအိုင်အေ အထိနာတဲ့အပေါ် အောက်ခြေတပ်တွေက မကျေနပ်၊ အထူးသဖြင့် သစ်တန် ထောင်ချီပြီး ဖမ်းမိလို့ တရုတ်က သစ်ဖိုးကြိုပေးထားတဲ့ငွေတွေ ဆုံးရှုံးရတဲ့အပေါ် ဂွမ်မော်လဲ တာဝန်ရှိတယ်မြင်ပြီး လိုင်ဇာက ဘယ်မှ မသွားရလို့တောင် ဒဏ်ခတ်ခံခဲ့ရပါတယ်။ ရုပ်သေးရုပ် ဂွမ်မော်ကို နောက်ကကြိုးဆွဲနေတဲ့ အင်ဘန်လ နဲ့ ဂမ်ရှောင်က အရေးယူဘို့ စီစဉ်နေတုံး အမေရိကန် နဲ့ စင်္ကာပူမှာ နေတဲ့ ကေအိုင်စီ မှ ဘွမ်ရောင်လရော် ကတောင်းပန်လို့ အကျယ်ချုပ်က လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီအခြေနေမှာ ဂွမ်မော်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတောင် မတက်ရတော့မဲ့ ပုံစံမျိုးဆိုတော့ ၊ ဂွမ်မော်သာ မပါရင် KIA နဲ့ ဆွေးနွေးပွဲကလည်း မဖြစ်မှာ ဆိုတော့ ၊ ကြားက အကြံအဖန်လုပ်ပြီး အမေရိကန်ကို သွားဘို့ စီစဉ်ပေးခဲ့တာပါ။ အမေရိကန်ရောက်တော့ ဂွမ်မော်က အေးအေး မနေဘဲ ပြောချင်တာပြောတော့ ငြိမ်းချမ်းရေးက ဝေးသထက် ဝေးတော့မယ့် ပုံစံဖြစ်လာတော့ပါတယ် ။ နဂိုကမှ ကေအိုင်အေ ကလိုချင်တာမရမချင်း ငြိမ်းချမ်းရေးအတွက် လက်မှတ်မထိုးချင်နေတာနဲ့ လက်ရှိတိုက်ပွဲဖြစ်လာတဲ့ အပေါ်မှာ တပ်မတော်ကဘဲ ဖိအားပေးသယောင် ယောင်တောင်တောင် ကြောင်တောင်တောင်နဲ့ ကြောင်သူတော် ကြွက်သူခိုး လုပ်တော့ တာပါဘဲ ။ တပ်မတော်အနေနဲ့ စစ်ရေးနဲ့ဖိအားပေးစရာလဲ မရှိပါ။ အမှန်တကယ်ပြောရရင် တပ်မတော် အနေနဲ့လည်း ကေအိုင်အေ အပေါ် စိတ်ကုန်နေပါပြီ။ လိုင်ဇာကို အချိန်မရွေးတိုက်လို့ရသလို ကေအိုင်အေ စခန်းတစ်ခုမကျန်ရှင်းလို့ရပါတယ် ။ ငြိမ်းချမ်းရေးမယူလို့ တပ်မတော်အနေနဲ့ ဘာမျှ မဖြစ်ပါ။ ကေအိုင်အေ သာ တိုက်ပွဲဖြစ်တာနဲ့ တစ်ပြေးထဲ ပြေးနေတဲ့ လက်အောက်ငယ်သားတွေကို ဘယ်လိုထိန်းမလဲ၊ နယ်မြေကလည်း ကျဉ်းသထက်ကျဉ်းလာ၊ သစ်ခိုးထုတ်လို့လဲမရ၊ ဖားကန့်မှာလဲ ဆက်ကြေးကောက်မရ၊ ဒီကြားထဲမြွေပူရာ ကင်းမှောင့် ဆိုသလို ရှမ်းလူမျိုးတွေကလည်း ဗြောင်ကျကျ ဝေဖန်တိုက်ခိုက်တာ ခံနေရတော့ ရှမ်းတွေကို လူသစ်မစုရလို့ အမိန့်ထုတ်နေရတဲ့အပြင် ရှမ်းရွာတွေကိုတောင် မသွားရဲ မလာရဲ ၊ မဝင်ရဲတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လက်မှတ်မထိုးဘူးဆိုရင် ကေအိုင်အေ ဘာဖြစ်သွားမလဲ ၊ ဂွမ်မော် ရဲ့အလားအလာကကော ဘယ်လိုဖြစ်သွားမလဲ၊ နောက်တမရခင် အချိန်မီ လုပ်သင့်တာလုပ်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးမှ တပါးအခြားမရှိပါလို့ ဆိုချင်ပါတယ်။


ဆက်လက်ရေးသား ဖော်ပြသွားပါမည်။

3 comments:

ဟ ဒီ ခွေး တွေ အ ရူး သေး ပန်း ရှောက် ပြော နေ တာ တ ခေါင်စာ ရင်း ကောက် တော့ လက် မ ခံ ဗီုလ် မူး တ ယောက် ကို ခြောင်း ပစ် တယ် မ အေ လိုး KIA ကာ ကွယ် ဦး စိး ခူပ မင်း အောင် လိုင် မို့ ပေါ့ ကွာ ငါ တာ ဆို ရင် KIA သူ ပုန် တွေ တ ယောက် မ ကျန် စေ ရ ဘူး အ ကုန် တိုက် ပစ် မယ်
မ အေ လိုး KIA နှမ ပေး ဂွန် မော် တိုင်း ပြည် ရဲ့ ပြည် သူ ပိုင် ပစ္စည်း ခိုး တာ လဲ မင်း တို့ ဘဲ ပြည် သူ ပိုင် လမ်း တ တါး အ ဆောက် အ ဦး ဖျက် တာ လဲ မင်း တို့ ဘဲ မင်း တို့ လူ မိုး က ချင် တွေ တောင် ဆင်းရဲ မွဲ တေ စုတ် ပြတ် ကုန် ပြိ မင်း တို့ လူ တ စု ဘဲ ကျိ ကျိ တက် ချမ်း သာ ကုန် ကြ တာ လေ သစ် ခိုး တယ် ကျောက် ခိုး တယ် ရွှေ ခိုး တူး တယ် ဘိန်း လုပ် တယ် ဆပ် ကြေး ကောက် တယ် လူ သတ် ပြန် ပေး ဆွဲ တယ် မင်း တို့ KIA က မ ကောင်း တာ အ ကုန် တာ လေ တ ရုတ် ကုန် သယ် တွေ ကို မင်း တို့ ဘဲ လက် ခံ ကြ တာ လေ မ အေ လိုး KIA ဂွန် မော် ခွေး ပါး စပ် က နတ် စ ကား ထွက် မ နေ နဲ့ လူ လိမ် တွေ တိုင်း အ တွက် လဲ ကောင်း ကိုး မ ပေး ပြည် သူ အ တွက် လဲ ကောင်း ကိုး မ ပေး က ချင် လူ ထု တောင် စုတ် ပြတ် မွဲ ကုန် ပြိ

မြန် မာ့ တပ် မ တော် ကြိး ရေး KIA ခွေး တွေ ပြော တာ မ ယုံ နဲ့ သေ ခါ နိး မှ ပြုတ် ခါ နိး မှ ငြိမ်း ချမ်း ရေး အ ပစ် အ ခတ် ရပ် စဲ ရေး တောင်း နေ ပြိ KIA ခွေး တွေ ပြော တာ မ ယုံ နဲ့ အ ပြုတ် တိုက် ပစ် ပါ
ငြိမ်း ချမ်း ရေး အ ပစ် အ ခတ် ရပ် စဲ ရေး ပြော ပြိး လူ စု လက် နက် စု နေ အုးံ မှာ တိုက် ပစ် အ ကုန် ရှင်း ပစ် ပါ
ပခက တာ တိး

လူ လိမ် တွေ ခွေး တွေ တိုင်း ပြည် သ ယံ ဇာ တ ခိုး တဲ့ ကောင် တွေ ပြည် သူ ကို မွဲ အောင် လုပ် တဲ့ ကောင် တွေ KIA ဘိုလ် တ စု ဘဲ ကျိ ကျိ တက် ချမ်း သာ ကုန် ကြ တာ
သစ် ခိုး တယ် ကျောက် ခိုး တယ် ဘိန်း လုပ် တယ် လူ သတ် တယ် မြန် မာ တပ် မ တော် ကို ရန် စ တယ် တိုက် ပွဲ ဖြစ် တော့ ရူးံ တော့ မယ် ဆို ရင် ငြိမ်း ချမ်း ရေး စကား ပြန် စ တယ် ငြိမ်း ချမ်း ရေး ရ တဲ့ အ ချိန် လူ စု လက် နက် ဝယ် ဆပ် ကြေး ကောက် သစ် ခိုး ကျောက် ခိုး ဘိန်း လုပ် တ ရုတ် ပြည် ရောင်း တ ရုတ် က လဲ အ ခီူ အ ချောင် ရ အ ကုန် ဝယ် လက် နက် အ စုတ် ပြန် ပေး ပြန် ပြိး တပ် မ တော် ကို ရန် စ မ အေ လိုး KIA
မြန် မာ့ တပ် မ တော် ကြိး ရေ KIA ခွေး တွေ စ ကား မ ယုံ နဲ့ တ လက် စ တဲ အ ကုန် တိုက် ပစ် ပါ ကူ ပင် ခုတ် ကူ ငုတ် တောင် မ ကျန် အောင် မိး လောင် တိုက် သွင်း ပစ် ပါ
ဒီ ခွေး တွေ ရှိ နေ ရင် တိုင်း ပြည် နာ တယ် ပြည် သူ တွေ မွဲ နေ မှာ ဘဲ

ပခက တာ တိး

President U Thein Sein should revise his peace policy with KIA. No matter what US, UN and other say Tat-Ma-Daw should take offensives against KIA.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်