Subscribe to our RSS Feed

ကျွန်တော် သိသော KNU နဲ့ KIA




၂၀၀၇ ခုနှစ်ဒီဇင်ဘာမှာ သံတောင်ဆိုတဲ့ ကရင်ပြည်နယ်က တောင်စခန်းမြို့လေးမှာ ကျွန်တော် တပ်စုမှူးသင်တန်း တက်ခဲ့ဖူးတယ်... အဲဒီကာလဟာ အရပ်သားအစိုးရ ခေတ်မဟုတ်ခဲ့သလို...
KNU နဲ့လည်း ငြိမ်းချမ်းရေးမယူရသေးတဲ့ကာလေတွေပေါ့... မနက် ၈ နာရီ စာသင်ချိန်တွေမှာ စာသင်နေရင်း သေနတ်သံတွေမကြာခဏ ကြားနေရဆဲ... တစ်ချို့အခါကြီးရက်ကြီးလိုညတွေမှာ warning ပေးပြီး ည ၇ နာရီ line down လုပ်ပြီး ညစာကြည့်ချိန်ပါ မ၀င်ခဲ့ရဘူး... ဒါတောင် တစ်ညမှာ လက်နက်ကြီးနဲ့ လာပစ်ခံခဲ့ရသေးတယ် တစ်တပ်တည်းအတူရောက်ခဲ့ကြပေမယ့် ကျွန်တော်တို့ သင်တန်းတက်နေတဲ့အချိန် မှာ ကျွန်တော်တို့ သူငယ်ချင်းတွေကတော့ ဘောကလိ၊ ဘောကထ၊ မောင်းနွယ်ကြီး အစရှိတဲ့နေရာတွေမှာ စစ်ဆင်ရေးတွေဝင်လို့... ခြေတစ်လှမ်း ကုဋေ တစ်သန်းကာလပေါ့...

သံတောင်ကြီးဆိုတဲ့နေရာကလည်း အနီးနားမှာရှိတဲ့စစ်ဆင်ရေးခွင်ဝင်ရတဲ့ တပ်တွေအတွက် ရိက္ခာပုံထားတဲ့နေရာဆိုလည်းမမှားပါဘူး... ကျောင်းပြင်ပ သင်ခန်းစာတစ်ချို့သွားရင်းနဲ့ ရိက္ခာပုံတဲ့နေရာမှာ ရိက္ခာလာသယ်တဲ့ တစ်တပ်တည်း တာဝန်ကျတဲ့သူငယ်ချင်းတွေမြင်တဲ့အခါ အပြုံးနဲ့သာနှုတ်ဆက်ရပေမယ့် စိတ်ထဲတော့တယ်မကောင်းလှပါဘူး... အဲဒါတွေနဲ့ဆန့်ကျင်ဘက်ကတော့ ကချင်ပြည်နယ်ဘက်က လာတဲ့သူငယ်ချင်းတွေ ပါပဲ...

အဲဒီအချိန်က ကချင်ပြည်နယ်ဘက်မှာ KIA နဲ့ အပစ်ခတ်ရပ်စဲထားလေတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိသလို... သင်တန်းတက်လာကြတဲ့အချိန်တွေစကားစပ်မိရင် တောင် KIA ကဘယ်သူတွေနဲ့ ဘယ်မှာ ဘယ်လိုခင်ကြတာကအစ ပြောခဲ့ကြတာ မှတ်မိနေပါသေးတယ်...
 ယင်းခေတ်ကာလက KNU သည် အပစ်အခတ်ရပ်စဲရေးကို အမြဲတမ်းငြင်းပယ်ခဲ့ သည့်အပြင် တပ်မတော်ကိုလည်း ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ခြင်းတို့ဖြင့် နယ်မြေစိုးမိုးမှုမရှိစေရန် နှောက်ယှက်ကာ တောက်လျှောက်ဆန့်ကျင်ခဲ့ကြ သူတွေပါ...

KIA ကတော့ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ လူ/လက်နက်စုခြင်း၊ တရားမ၀င် နည်းလမ်းမျိုးစုံဖြင့် ငွေရှာခြင်းတို့ဖြင့် အင်တားကြီးထွားအောင်လုပ်ခဲ့ကြတယ်... ၂၀၁၀ အရပ်သားအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာတော့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးတွေလုပ်ကြတယ်၊ အဲဒီအချိန်မှာပဲ KIA သည် အပစ်အခတ်ရပ်စဲရေးကိုကျောခိုင်းပြီး အမှောင်တောကို ပြန်ဝင်သွားခဲ့ပါတယ်၊ အဲဒါနဲ့ ဆန့်ကျင်ဘက်ဆိုသလိုပဲ နှစ်ရှည်လများ အပစ်အခတ်ရပ်စဲရေးတောင်မလုပ်ခဲ့တဲ့ KNU ဟာ လက်ရှိအစိုးရရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကိုလက်ခံပြီး တပ်မတော်နဲ့ အပစ်ခတ် ရပ်စဲရေးလက်မှတ်ထိုး၊ ကိုယ့်နယ်မြေနဲ့ကိုယ်စည်းမဖောက်ခဲ့သလို၊ ယနေ့အချိန်ထိ KNU နဲ့ ကြီးကြီးမားမားပြသနာရယ်လိုလည်း မရှိခဲ့ပါဘူး... KNU ကသစ္စာရှိသလို တပ်မတော်ကလည်း ကတိတည်ခဲ့ကြတယ်...

KIA ကတော့ တပ်မတော်ရဲ့ထိုးစစ်ဆင်မှုကြောင့် နယ်မြေကျဉ်းလာပြီး လိုင်ဇာတစ်ဝိုက်သာ ကျန်တဲ့အချိန်မှာ အပစ်အခတ်ရပ်စဲရေးအတွက် စကားသံ စလာခဲ့ပါတယ်... အဲဒီနောက်ပိုင်း ဆွေးနွေးပွဲတွေများစွာ ပြုလုပ်ခဲ့ကြပြီး ခေတ္တသေနတ်သံစဲခဲ့ပါတယ်... ဒါပေမယ့် အဲဒီကာလက မကြာခဲ့ပါဘူး... KIA သည် လက်အောက်ကိုပဲ အာဏာမသက်ရောက်လို့လား၊ လက်အောက်ကပဲအမိန့်မနာခံ ကြသည်လားတော့ မသိ နှစ်ဖက်ထိတွေ့မှုတွေ ပြန်ဖြစ်လာခဲ့ကြပါတယ်... သေချာတာကတော့ ခေါင်းဆောင်ပိုင်းက အပြောနဲ့အလုပ် မညီသလို တစ်ခုခုဖြစ်လာခဲ့ရင် ၄င်းတို့အမိန့်မပေးဘူးဟုငြင်းပယ်ခဲ့ကြမြဲပါ...

အဲဒီနှစ်ခုယှဉ်ကြည့်ရင်သိသာပါတယ်... KNU ဟာ သစ္စာရှိတယ်၊ လူမျိုးစွဲကြီးတယ်၊ ကတိတည်တယ်၊ KIA ကတော့ ဆန့်ကျင်ဘက်ပါပဲ... ယခင် ၂၀၀၈/၉ လောက်က ဘော်စဲခိုခွင် ၀င်ခဲ့ရတဲ့ ကျွန်တော့်သူငယ်ချင်းတစ် ယောက် ယနေ့အချိန်မှာ အဲဒီခွင်ပြန်ဝင်တဲ့အခါ ယခင်နဲ့လုံးဝကွဲပြားသွားတဲ့အတွက် အံသြနေပုံရပါတယ်... ကျွန်တော် ၂၀၁၁ က သံတောင်မှာ သင်တန်းနောက်တစ်ခါထပ်တက်ခဲ့ရပါတယ်... သင်တန်းဖွင့်ကာစ ကာလများမှာတော့ မနက် ၁၀ နာရီဆို လက်နက်ငယ်ပစ်ခတ် သံတွေ စာသင်ခန်းက အတိုင်းသားကြားနေရပါတယ်...

ငြိမ်းချမ်းရေးစပြီးဆွေးနွေးတဲ့အချိန်ကစလို့... ဘာသေနတ်သံမှမကြားရတော့သလို.. ရက်အနည်းငယ်ကြာတဲ့အခါမှာ ယခင်က တပ်မတော်နဲ့ထိပ်တိုက်တွေ့ခဲ့ကြတဲ့ KNU စစ်သည်များဟာ သံတောင်ကြီးမြို့ရှိ ဆိုင်များနဲ့ ရဲဘော်ဈေးမှာပါ တရင်းတနှီးဈေးလာဝယ်ကြတာကိုတွေ့ခဲ့ရပါတယ်... သူတို့လက်ထဲမှာ မှတ်ပုံတင်လေးတွေတော့ကိုင်ထားကြတယ်... သူတို့မျက်နှာလေးတွေပြုံးလို့ပါ... ငြိမ်းချမ်းရေးရဲ့အရသာဆိုတာကို သူတို့စတင်ခံစားဖူးတဲ့အချိန်လို့ဆိုနိုင်မလား... ဒါပေမယ့် ကချင်ပြည်နယ်ဘက်ဝင်နေရတဲ့တပ်တွေအနေနဲ့တော့ ယခင်က ချောင်သလောက် ယခုအခါဆန့်ကျင်ဘက်ဖြစ်လို့နေရှာပါတယ်... ၇၇၁ ကိုမသိမ်းနိုင်ခင် ကာလတွေမှာပဲ...
ကျွန်တော်နဲ့ ပုခုံးဖက်ပေါင်းခဲ့တဲ့သူငယ်ချင်းအချို့ နေ့မြင်ညပျောက်ဖြစ်ခဲ့ကြသလို... တစ်ချို့က ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စွန့်လှူခဲ့ကြပါတယ်...

တစ်ကယ်တော့ ငြိမ်းချမ်းရေးဆိုတာ နှစ်ဖက်ခေါင်းဆောင်တွေ စားပွဲထိုင်ဆွေးနွေးနေ ကြရုံနဲ့မပြီးပါဘူး... ဆွေးနွေးစဉ်ကာလမှာ တစ်ဖက်နဲ့တစ်ဖက် သစ္စာရှိကြဖို့လိုတဲ့ အပြင် မိမိတပ်များအပေါ်လည်း အပစ်အခတ်ရပ်စဲထားဖို့ တင်းကြပ်စွာ အမိန့်ပေး ထားဖို့လိုပါတယ်... ယခုပြန်လည်ဖြစ်ပွားနေတဲ့ အနေအထားအရ KIA ဟာ မိမိလက်အောက်အပေါ် အမိန့်အာဏာသက်ရောက်မှုမရှိသလို၊ တာဝန်ယူမှုမရှိဘူး ဆိုတာထင်ရှာတယ်၊ ဒါ့အပြင် ကတိသစ္စာမတည်ဘူးဆိုတာလည်း KIA ရဲ့လုပ်ရပ် တွေမှာပေါ်လွင်နေပါတယ်...

တပ်မတော်အနေနဲ့တော့တစ်ကယ်လို့များ နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးမှုအောင်မြင်ခဲ့သည်ထားဦး၊ လက်အောက်ကိုမထိန်းချုပ်နိုင်တဲ့ KIA အတွက် ကတိတည်ဖို့ဆိုတာခဲယဉ်းပါတယ်၊ မိမိအဖွဲ့အစည်းပေါ် တာဝန်အပြည့်အ၀ယူနိုင်ဖို့လည်းလိုအပ်ပါတယ်၊ လက်အောက်က တစ်ခုခုဖြစ်တိုင်း ``ဘူး´´ ခံနေတာဟာ ယုံကြည်လောက်တဲ့အဖွဲ့အစည်းတစ်ခုရဲ့လုပ်ရပ်လည်းမဟုတ်ပါဘူး...
စစ်သားတိုင်း (တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့မှစစ်သားအားလုံး) ငြိမ်းချမ်းရေး ကိုမက်မောကြပါတယ်... စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက် နှစ်ဖက်အပစ်အခတ်ရပ်စဲဖို့အရေးကြီးပါတယ်၊ ကတိသစ္စာတည်နိုင်ဖို့လည်းပိုအရေးကြီးပါတယ်...

တစ်ဖက်ဖက်က ကတိပျက်နေသမျှတော့ အပစ်အခတ်ရပ်စဲရေးဆိုတာ ခဏသာဖြစ်နိုင်ပြီး ထာဝရငြိမ်းချမ်းရေးဆိုတာအလှမ်းဝေးနေကြဦးမှာပါပဲ.. ကတိသစ္စာတည်နိုင်ကြပါစေ.



3 comments:

ဘယ် သူ ပုန် မှ တိုင်း ပြည် အ တွက် ပြည် သူ အ တွက် ကောင်း ကိုး မ ပေး ဘူး ပြည် သူ တွေ ဒုက္ခ ရောက် ကြ ရ တယ် တိုင်း ပြည် လဲ မွဲ တာ ပါ ဘဲ လက် နက် ကိုင် သူ ပုန် တွေ တာ မ ရှိ ရင် အ ရင် ဆုးံ သူ တို့ ပြည် နယ် တိုး တက် မယ် ကောင်း စား မှာ ပါ ဘဲ အ ခု တော့ ရွာ ပျက် တော မိး လောင် သွေး ပျက် နေ တဲ့ ဒေ သ ဖြစ် နေ ပြိ ဒါ သူ ပုန် တွေ ကြောင့် ပါ ဘဲ
သူ တို့ ရဲ့ မ ကောင်း တဲ့ ရည် ရွယ် တွေ ဘယ် တော့ မှ ဖြစ် လာ မှာ မ ဟုတ် ပါ ဘူး မြန် မာ့ တပ် မ တော် ဆို တာ မြန် မာ ပြည် မြေ ပုံ အ ရှိ အ တိုင်း ကာ ကွယ် ရ မှာ ဘဲ ဘယ် သူ ပုန် ဖြစ် ဖြစ် ခေါင်း နေ ရင် တော့ ကျ ဆုးံ ခန်း ကို ရောက် ရ မှာ ပါ ဘဲ
KIA ဟာ သူ ပုန် ဒါး ပြ တွေ ပါ ဆွေး နွေး လာ ခဲ့ တာ ကြာ လှ ပါ ပြိ လိမ် ညာ နေ တာ ပါ ဘဲ သိး ခံ ခြင်း ဆို တာ အ တိုင်း အ တာ တ ခု အ ထိ ပါ ဘဲ ဒီ တော့ KIA. ခွေး တွေ ကို အ ပြု တ် တိုက် ရ မယ့် အ ချိန် ကျ ရောက် လာ ပါ ပြိ အ ပြတ် ရှင်း ပစ် ပါ တော့

ပခက တာ တိး

နင် ဂျာ ၂ က ဇါတ် လိုက် ကြိး တပ် မ တော် သား တွေ နဲ့ မ ချ ပါ နဲ့ ငါ နဲ့ ချ မ လား မ အေ ဘေး လေး ထိုင်း ဘက် မှာ ဇါတ် ကား ရှိက် ပြိး မြန် မာ အ လံဠ လွှင့် ထူ ထား တယ်
မြန် မာ စစ် သား တွေ များ ဘိန်း စား မှတ် နေ လား တ ယောက် ချင်း ဘဲ ချ ကြည့် ပါ အုးံ ငါ့ သား ဇါတ် လိုက် ကြိး ရဲ့
ပခက တာ တိး

kIA ဆို တာ K ဆို တာ ကြက် I ဆို တာ ရွှံ့ ဘွက် အိုင် A ဆို တာ AIDS ရော ဂါ သည် တွေ လို့ အ ဒဒ္ဓါပါယ် ဖွင့် ဆို တယ်

မှတ် ထား ကြ ပ ခ က တာ တိး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်