Subscribe to our RSS Feed

မော်စကိုတွင် မြေအောက်ရထားတွဲများ လမ်းချော်သွားခဲ့ရာ ၁၂ ဦးသေဆုံးပြီး ၁ဝဝ ကျော် ဒဏ်ရာရ

From : ..mizzima


ရုရှားနိုင်ငံ မော်စကိုတွင် အင်္ဂါနေ့ (ဇူလိုင် ၁၅ရက်) နံနက်က အာဘက်စကို ပေါ့ကရို့ဗ်စကာယာ မြေအောက်မီးရထားလိုင်းမှ မီးရထားတွဲ အများအပြား လမ်းချော်သွားခဲ့ရာ လူ ၁ဝဦး သေဆုံးသွားပြီး ၁၂ဝ ဒဏ်ရာရရှိသွားခဲ့သည်။

ရထားတွဲ လမ်းချော်မှုကြောင့် လူဆယ်ဦးသေဆုံးသွားခဲ့ကြောင်း မော်စကို ကျန်းမာရေးစောင့်ရှောက်မှုဌာန အကြီးအကဲ ဂျီအော်ဂျီဂေါလာ့က်ဟော့ဗ် (Georgy Golukhov) က အတည်ပြု ပြောကြားခဲ့သည်။

“လူ ၁၂ဝ ဟာ ဆေးဝါးအကူအညီ တောင်းခံခဲ့ကြပါတယ်။ ၁ဝ၆ ယောက်ကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့ထဲက တဝက်လောက်ဟာ အပြင်းအထန် ဒဏ်ရာရခဲ့ကြတာပါ” ဟု ဂျီအော်ဂျီဂေါလာ့က်ဟော့ဗ် က ITAR-TASS သတင်းဌာနကို ပြောကြားခဲ့သည်။ ပထမပိုင်း သတင်းများအရ ငါးဦးသေဆုံးခဲ့ပြီး လက်ရှိတွင် သေဆုံးသူ ၁ဝဦးအထိ ရှိလာတာပါ။

ရထား၏ ပထမဆုံး လူစီးတွဲမှာ အပျက်အစီးအများဆုံး ဖြစ်ကြောင်း ဒုတိယလူစီးတွဲတွင် လိုက်ပါလာခဲ့သူ အိုင်ဗန်က ဆိုခဲ့သည်။

ရထားကို ရုတ်တရက် ဘရိတ်အုပ်လိုက်ကာ မီးများလည်း မှိတ်သွားကြောင်း သူက ပြောခဲ့သည်။

“ကျွန်တော် လေထဲကို မြောက်တက်သွားခဲ့ပါတယ်။ ရထားတွဲ ကြမ်းပြင်ပေါ်မှာ သွေးတွေ တွေ့ခဲ့ရပြီးတော့ ခေါင်းတွေ ထိခိုက်ဒဏ်ရာ ရသွားကြပြီး၊ လက်တွေလည်း ကျိုးကုန် ကြပါတယ်။ ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြပါတယ်” ဟု သူက ဆိုခဲ့သည်။
 

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်