Subscribe to our RSS Feed

သံဃာတော်များကို စော်ကားခဲ့မှုအတွက် NLD အမတ် ဦးမင်းသူ ဝန်ချတောင်းပန်

From : ..dt 

နေပြည်တော်၊ ဇူလိုင် ၁၃- နေပြည် တော်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဝါဆိုသင်္ကန်းကပ်လှူ ပူ ဇော်ပွဲနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဥတ္တရသီရိမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးမင်းသူ မှ ပြီးခဲ့သည့်လအနည်း က ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် သံဃာတော်အရှင် သူမြတ်များအား လွန်ကျူးစော်ကား ရာရောက်သော အရေးအသားများ နှင့် ပတ် သက်ပြီး သံဃာတော်များ ရှေ့မှောက်တွင် လူကိုယ်တိုင်ဝန်ချ တောင်းပန်မှုအား ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့၊ ရွာကောက် ရပ်၊ အုန်းတော ပရိယတ္တိ စာသင်တိုက်၊ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

''ကျွန်တော် အမှတ်မထင်လေး ပေါ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာစကားအသုံး အနှုန်းလွဲမှားမိတဲ့ဟာက သံဃာတော် များကို စော်ကား ကျူးလွန်သလို ဖြစ် သွားခဲ့ပါတယ်၊ ဒီအပေါ်မှာ ချက် ချင်း၊ ဖေ့စ် ဘွတ်ခ် ပေါ်ကရော၊ ပရင့်မီဒီယာ တွေကရော တောင်းပန်ခဲ့ပြီးပါပြီ၊ ဆရာတော်သံဃာတော်တွေ ကျယ်ကျယ် ပြန့်ပြန့်သိသွားအောင်လို့ သံသယ အားလုံးကင်းစင်သွားအောင် တောင်း ပန်ဖြစ်  ပါတယ် ၊ ဆရာတော်သံဃာတော် တွေကလည်း ခွင့်လွတ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူမှ ဒီမိုကရေစီ တူဒေး သတင်း စာသို့ ပြောကြား ခဲ့သည်။


နေပြည်တော်ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝါဆိုသင်္ကန်း အစုံ ၅၀ နှင့် သံဃာတော်များအား ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စား လှယ်များ၊ နေပြည်တော်ခရိုင် အမျိုးသားဒီမိုက ရေစီ အဖွဲချုပ် မှကော်မတီများ၊ အဖွဲ့ ဝင်များ၊ နေပြည်တော် ကောင်စီ နယ်မြေ (၈) မြို့နယ်မှအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ ယင်း အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက် မည်ဆိုသော်လည်း ယင်းအနေဖြင့် ကျန်းမားရေး မကောင်းသောကြောင့် လာရောက် နိုင်ခြင်း မရှိကြောင်း တက် ရောက်လာသည့် လွှတ်တော်ကိုယ် စားလှယ်များမှ ပြောကြားခဲ့သည်။.


. www.MyanmarExpress.net
 

1 comments:

NLD ရဲ့ လွှတ်တော်အမတ်တွေကို ကြည့်ရတာ စိတ္တဇဆေးရုံမှာလာပြတဲ့ လူနာတွေလိုပဲ။ စိတ်ရောဂါကု ဆရာဝန်တွေက လူနာတွေကို မေးတဲ့ပုံစံရှိတယ်။ ကျောက်ဒိုးကို အလည်ကနေ အပေါက်ဖောက်တယ်။ ကြိုးလေးဆွဲလိုက်တယ်။ ကြိုးလေးကို လက်ကနေဆွဲပြီး လူနာသည်ရဲ့ မျက်လုံးလေးကြားမှာ လှုပ်ပြတယ်။ လူနာသည်က မျက်လုံးလေး ဘယ်ကြည့် ညာကြည့်နဲ့ ။ အဲလိုလူနာသည်မျိုးကို စစ်ဆေးရုံကြီးမှာတက်တုန်းကတွေ့ ဖူးတယ်။ သူတို့ က ရှေ့ တန်းမှာ ငှက်မိတဲ့လူတွေ။ အန်အယ်ဒီအမတ်လောင်းတွေက အဲလိုလူတွေပဲ။ ရူးခါနီး ရူးမရူး ကိုယ့်ကိုယ်တောင် မသိတဲ့လူတွေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်