From :
.dt
တောင်အာဖရိက အင်္ဂလီကန် ခရစ်ယာန် အသင်းတော် ၏ ဂိုဏ်း ချုပ်ဟောင်းဘုန်းတော်ကြီးဒက်စ်မန် တူးတူး က သေလုမြောပါးဝေဒနာခံ စားနေရသူ ရောဂါသည်များအား ဆေးထိုး၍ အဆုံးသတ်ပေးခြင်းကို ထောက်ခံကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဘုန်းတော်ကြီး ဒက်စ်မန်တူး တူးက ထိုအကြောင်းအရာကိုဗြိတိန် ၌ တရားဝင်ခွင့်ပြုရန် ဥပဒေမူကြမ်း ကို ထောက်ခံခဲ့ပြီးနောက် ထိုသို့ ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။
သို့သော် အင်္ဂလီကန်ခရစ် ယာန်အသင်းတော်က ထိုအကြောင်း အရာကို တရားဝင် ကန့်ကွက်ထား ဆဲဖြစ်ပြီး ယင်းကို တရားဝင်ခွင့်ပြု ရန် ပြည်သူများ၏ သဘောထား ကို မေးမြန်းစိစစ်ရမည်ဟု တောင်းဆိုခဲ့ သည်။
ဘုန်းတော်ကြီး တူးတူးက နပ်ဗ် ကြောမျှင်ထူမြင်းပွားခြင်း၊ neurofib romatiosis ရောဂါခံစားခဲ့ရသည့် အသက် ၂၈ နှစ်အရွယ် တောင်အာ ဖရိက နိုင်ငံသား တစ်ဦးကို ထောက် ပြကာ ဆေးထိုးအဆုံးသတ်ပေးခြင်း ကို ထောက်ခံ ခဲ့သည်ဟု ဗြိတိန်သ တင်းစာတစ်စောင်တွင် ဖော်ပြထား သည်။
အသက် ၂၈ နှစ်အရွယ် တောင် အာဖရိကနိုင်ငံသားသည် သူ၏ ပြင်း ထန်သော ဝေဒ နာခံစားနေရမှု အား ဆရာဝန်များ က ဆေးထိုး အ ဆုံးသတ်ပေး နိုင်ခြင်းမရှိသောကြောင့် ၎င်းကိုယ်တိုင် အဆုံးစီရင်ခဲ့သူဖြစ် သည်။
ဝေဒနာခံစားရမှုကို ခေတ္တ သက်သာစေသည့် ကုသမှုများ ရှိ သောကြောင့် ဆေး ထိုး အဆုံးသတ် ပေးခြင်းကို မလိုအပ် (သို့) ယင်း ကို တရားဝင်သတ် မှတ်ပေး ရန်မလို အပ် (သို့) ယင်းကို တရားဝင်သတ် မှတ်ပေးရန် မလိုအပ်ဟု လူအချို့ က ယူဆနေကြောင်း နိုဘယ်လ်ငြိမ်း ချမ်းရေးဆုရှင် ဒက်စ်မန်တူးတူးက ပြောသည်။
.
. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်