From : ဆင်ပေါက်
မကြာခင်ဒါရိုက်တာကျော်နှင်းဆီ ရိုက်ကူးတော့မည့် တက်တူးထိုးတဲ့ ကောင်မလေးတွေအကြောင်းဇတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်မှ အဓိက ဇတ်ပို့မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်မည်ဟုသိရှိရသည်။ဒါရိုက်တာ ကျော်နှင်းဆီက ‘နတ်သရဲ’ လို့ နာမည်ပေးထားတဲ့ သရဲဇာတ်ကားကို အလွမ်း အဆွေးနဲ့ သနားစရာ ကောင်းအောင် ရိုက်ကူးထားကြောင်း ပြောပါတယ်။ အခုနောက်ပိုင်း သရဲ ဇာတ်ကားတွေကို ရိုက်ကူးလာတဲ့ အပေါ် ဒါရိုက်တာ ကျော်နှင်းဆီက ”သရဲဇာတ်ကား တွေ အတော်များများ ရိုက်ကူးလာကြပါတယ်။ သရဲဆိုရင် လူတွေက ကြောက်စရာ ကောင်းတယ်လို့ပဲ တွေးကြတယ်။ ဝိညာဉ်တွေ အများကြီးရှိပါတယ်။ မကျွတ်လွတ်သေးတဲ့ လူတွေလည်း အများကြီးပဲ။ အစ်မတို့က အဲဒါ ကို ကြောက်စရာလို့ သဘောမထားဘဲသူတို့ က သနားစရာ တအားကောင်းပြီး သူတို့ကို အမျှအတန်းတွေ ပေးဝေလို့ သူတို့တကယ် ရရှိတယ် ဆိုရင် သူတို့ ကျွတ်လွတ် တယ် ဆိုတာ ပြချင်လို့ သရဲဒရာမာ ဇာတ်ကားရိုက်တာ ပါ”လို့ ဒီဇာတ်ကားရိုက်ရခြင်း အကြောင်းကို ပြောပါတယ်။ ဆင်ဆာက ဇာတ်လမ်းတွေကို ရိုက်ဖို့ ခွင့်ပြုပေ မယ့် မြန်မာမှု ပီသအောင် ရိုက်ရမှာ ဖြစ်ပြီး ယုတ္တိမရှိတဲ့ ဇာတ်လမ်းတွေကို တော့ မရိုက်ကူးဘူးလို့ ဆုံးဖြတ်ထားကြောင်း နဲ့ ယုတ္တိလည်းရှိ၊ ဇာတ်အိမ်လည်း ကောင်းတဲ့၊ ဇာတ်လမ်းဆန်းတွေလည်း ထပ်ပြီး ပေါ်ပေါက်လာ မှာဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့ ဇာတ်လမ်းတွေလည်း ရိုက်ခွင့်ရလာတော့ မှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဇာတ်လမ်းဆန်းဆန်း တွေကို ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ ကျော်နှင်းဆီက ကိုယ်ပျောက် ဇာတ်ကားရိုက်ကူးမှာ ဖြစ်သလို၊ တက်တူး ထိုးထားတဲ့ ကောင်မလေး တွေ အကြောင်းကိုလည်း ရိုက်ကူးဦးမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းဆန်းတာကို ရိုက်ရတာ ကြိုက်တဲ့ ဒါရိုက်တာ ကျော်နှင်းဆီ က ”ဇာတ် လမ်းဆန်းတွေကို တော်တော်လေး လိုက်ရှာထား ရပါတယ်။ ရှာရတာလည်း ခက်ပါတယ်။ ဇာတ်ကားတွေ အကုန်လုံးလည်း ကြည့်တယ်။ နိုင်ငံခြားကား၊ ကုလားကား၊ ကိုရီးယားကား ကလွဲရင် ကျန်တဲ့ ဇာတ်ကား အကုန်ကြည့်တယ်။ ရိုက်ရတဲ့အခါ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဇာတ်အိမ်က ကြီးတယ်။ စကားပြောတာကိုပဲ ရိုက်လို့ပြီးသွားတာ မဟုတ်ဘူး။ ဆင်းန်တွေ အများကြီးရိုက်မှ တစ်ခန်းပဲပြီးတယ် ဆိုတော့ အခန်းတွေ အများကြီး ခွဲသလိုဖြစ်နေတော့ ရိုက်ရတာခက်တယ်” လို့ ရိုက်ကွင်းက အခက်အခဲတွေကို ပြောပါ တယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်