Subscribe to our RSS Feed

မြောက်ကိုရီးယားတို့ နှုကလိယ ဓါတ်ပေါင်းဖို ပြန်လည် ဆောက်လုပ်နေ

From : MRTV4


ဂြိုဟ်တု ပုံရိပ်များ အရ လ အတော်ကြာအောင် မလှုပ်မရှား ရှိနေခဲ့သည့် မြောက်ကိုရီးယား နိုင်ငံမှ နှုကလိယ ထုတ်လုပ်မှု လုပ်ငန်းခွင်များမှာ ငြိမ်သက်နေ
အပြီးတွင် ၎င်းတို့၏ Yongbyon ဒေသမှ ဓါတ်ပေါင်းဖိုတွင် လှုပ်ရှားမှု ပုံရိပ်များကို ထပ်မံ တွေ့ရှိခဲ့ရကြောင်း ကျွမ်းကျင်သူများမှ ပြောခဲ့ကာ ယခုလို လုပ်ဆောင်ခြင်းဖြင့် နှုကလိယ လက်နက် အစီအစဉ်ကို အထောက်အပံ့ ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယခုလို တွေ့ရှိမှုကြောင့် မြောက်ကိုရီးယား အနေဖြင့် နှုကလိယ စမ်းသပ်မှု အသစ် တစ်ရပ်ကို လုပ်ဆောင်ရန် အတွက် ရှေ့ဆက် တိုးနိုင်သည့် လုပ်ဆောင်ချက် တစ်ခုအဖြစ် သတိထားနေကြရကာ ယခင်လက ပစ်လွှတ်ခဲသည့် မအောင်မြင်သည့် ဒုံးပျံ လွှတ်တင့်မှု အပြီး နောက်တစ်ကြိမ် အဖြစ် ထပ်မံ စတင်မည်ကို စိုးရိမ်နေရခြင်း ဖြစ်သည်။ ယခုလို ရရှိလာသည့် ပုံရိပ်များ အရ မြောက်ကိုရီးယားတို့ အနေဖြင့်လည်း နှုကလိယ ဓါတ်ပေါင်းဖို ဖိအားခံ အဆောက်အအုံ တည်ဆောက်ရေး အတွက် ပြီးစီးဖွယ် မရှိသေးကြောင်း အမေရိကနှ်နှင့်တောင်ကိုရီးယား အဖွဲ့များမှ ပြောကြား သွားခဲ့သည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်