From : ခေတ်လူငယ်
၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့မှစ၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၃၅၀၀ နှုန်းဖြင့် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ ထုတ်လုပ်သည့် ဒီဇယ်ဆီနှင့် ပြည်ပမှ ၀ယ်ယူတင်သွင်းရသည့် ဒီဇယ်ဆီ အမျိုးအစား နှစ်မျိုးအတွက် ကုန်ကျငွေသည် တစ်ဂါလန်လျှင် ကျပ် ၃၇၀၀ ခန့်ကျသည့်အတွက် ကျပ် ၃၇၀၀ အထက် ရောင်းချမှ တွက်ခြေကိုက်မည် ဖြစ်သော်လည်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ လက်ရှိရောင်းချနေသည့် တစ်ဂါလန် ကျပ် ၃၀၀၀ အစား ကျပ် ၃၅၀၀ သို့ တိုးမြှင့်ရောင်းချမည်ဟု အကြောင်းကြားစာများ ပို့ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန်နှင့် ကိုယ်ပိုင်ငွေကြေးအင်အားဖြင့် ရပ်တည်နိုင်ရန်နှင့် ကျင့်သုံးရမည့် ငွေကြေးစီမံခန့်ခွဲမှု အစီအစဉ်အရ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် လိုအပ်သည့် လှည့်ပတ်ရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ်မှ သတ်မှတ်အတိုးနှုန်းဖြင့် ချေးယူကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယခင်ကကဲ့သို့ စက်သုံးဆီများကို အရှုံးခံပြီး ဖြန့်ဖြူးရောင်းချခြင်း မပြုနိုင်တော့သည့်အတွက် သင့်တော်သည့် အမြတ်ရယူကာ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်