Subscribe to our RSS Feed

လစ်လပ်သွားသော ကုလသမဂ္ဂ နှင့် အာရပ်လိဂ် အထူးသံတမန် နေရာအား ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်နိုင်

လစ်လပ်သွားသော ကုလသမဂ္ဂ နှင့် အာရပ်လိဂ် အထူးသံတမန် နေရာအား ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်နိုင် ကြောင်း သတင်းရရှိပါတယ်။ ကိုဖီအနန်ဟာ ဆီးရီးယားအရေး ကုလသမဂ္ဂနှင့် အာရပ်လိဂ် အထူးသံတမန်အဖြစ် ဆောင်ရွက်နေခြင်းမှ ရပ်ဆိုင်းနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထုတ်ပြန်ကြေညာပြီး နောက်ပိုင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ဖို့ အသံတွေ ထွက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ကို ဘာငြိမ်းချမ်းရေးမှ ရအောင် လုပ်ခဲ့တာမျီုး လုံးဝ မရှိပဲ စာရေးပြီး ရထားတာ ဖြစ်လို့ ငြိမ်းချမ်းရေး နိုဘယ်ဆု က ဟန်ပြကြီး ဖြစ်နေကြောင်း၊ ယခု ၎င်း နေထိုင်ရာ နိုင်ငံ တွင်းမှာလည်း ငြိမ်းချမ်းမှု အပြည့်အဝ ရှိအောင် သူမအနေနဲ့ ဘာတစ်ခုမှ မလုပ်နိုင်ကြောင်း ဝေဖန် မှုတွေလည်း ရှိနေပါတယ်။ ကုလသမ္မဂ္ဂမှ ထိပ်တန်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်က သာ တကယ်တမ်း အရည်အချင်းရှိမယ်ဆိုရင် အရင်ကတည်းက ကုလသမ္မဂ္ဂက ရွေးချယ်တာဝန်ပေး ထားမှာ ဖြစ်ကြောင်းနဲ့ အသုံးမကျလို့သာ ဘာတာဝန်တစ်ခုမှ မပေးခဲ့တာ ဖြစ်ကြောင်း နိုဘယ်ဆုရှင် အများအပြား ကို ကမ္ဘာ့ငြိမ်းချမ်းရေး တာဝန် တွေ ပေးခဲ့ဖူးကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

Photo: Breaking News: ကိုဖီအနန်သည် ဆီးရီးယားအရေး ကုလသမဂ္ဂနှင့် အာရပ်လိဂ် အထူးသံတမန်အဖြစ် ဆောင်ရွက်နေခြင်းမှ ရပ်ဆိုင်းနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထုတ်ပြန်ကြေညာသည်။

Myanmar Express

6 comments:

အမေစု အစား ၇ှက်လိုက်တာ.. ဘာ အ၇ည်အချင်းမှ့ မ၇ှိလို့ ဘာတာဝန်မှ့ မပေး အပ်တာတဲ့.. ငြိမ်းချမ်းရေး ဆုတွေ ပိုက်ထားပီး ဘာမှ့လဲ ငြိမ်းချမ်းအောင် မလုပ်နိုင်တဲ့ အမေစု ခုတော့ ကုလသမဂ္ဂမှာ တာဝန် ထမ်းဆောင်၇မယ် ဆို၇င်တော့ မြန်မာ နိုင်ငံလို နိုင်ငံသေးသေးလေး တခု အတွက်တောင် ဘာမှ့ ငြိမ်းချမ်းအောင် ပြောနိုင် လုပ်နိုင်တဲ့ သြဇာ အာဏ မ၇ှီတဲ့ မေမေစု ... ဘယ်လို လုပ်မလဲ.. မေမေရယ် သနား လိုက်တာ.... ဟို စကား ပုံကို ပြေးပီး ကြားယောင်မိတယ်.. ဘာတဲ့... ထိုင်နေတာ အကောင်းသား ထ လိုက်တော့မှ့ ကျိုးနေမှန်း သိတယ် ဆိုတာလေ... ခုတော့ မေမေ အဖြစ်ကြီးက အဲ့လိုကြီး ဖြစ်တော့မှာ.. အဟင့်.. မေမေ အနေနဲ့ သုံးနေကျ မာယာလေးနဲ့ ဘန်ကီမွန်းကို ကုလ ထဲကို ဆွဲမခေါ်ဖို့ မြန်မြန်လေး ပြောလေ ဗျာ...တော်ကြာ ကုလ ထဲမှာ စောက်၇ှက်တွေ ကွဲနေအုံးမယ်

တိုင်းပြည်ပျက်ဆီးရာပျက်ဆီးကြောင်းနဲ့ ပြည်သူအများ
ဆင်းရဲကြပ်တည်းစေဖို့ စီးပွားရေးပိတ်ဆို့ရန်စေခိုင်းခြင်း၊
တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန် လှုံဆော်ခြင်း စသည့်
လုပ်ရပ်များသည် ပြည်ပနိုင်ငံများ (အထူးသဖြင့် အင်္ဂလန်
နိုင်ငံ) မှ အထူးနှစ်သက်အားပေးသော လုပ်ငန်းများဖြစ်
သည်။ ထိုသို့ တိုင်းပြည်မငြိမ်းချမ်းအောင်လုပ်နိုင်ခဲ့လို့
ငြိမ်းချမ်းရေးနိုဘယ်ဆုကြီးကို ပေးခဲ့ခြင်းဖြစ်သည်။ အခု
ကုလသမဂ္ဂရဲ့ ရာထူးကိုယူပြီး တစ်ကမ္ဘာလုံး မငြိမ်းချမ်း
အောင် ဆက်လက်ကြိုးပမ်းပေးခြင်းဖြင့် အဂ္ဂမဟာငြိမ်း
ချမ်းရေးနိုင်ဘယ်ဆုကြီး (ကမ္ဘာပေါ်မှာ ထူးချင်ထူး မထူးရင် ရူးသူ တစ်ဦးတည်းသာပေးမည့်ဆုကြီး) အား ဆက်လက်ဆွတ်ခူးပါစေကြောင်း
ဆုတောင်းပေးလိုက်ပါတယ်။

ဟုတ်လိုက်လေချင်း ငြိမ်ချမ်းရေးအသွင်ဘာတခုမှမဖော်ဆောင်နိုင်ပဲ နိုဘယ်ဆုရှင်လို့ပြောနေတာ အလာကားပဲ သူကိုပေးတဲ့ဆုက အပိုသက်သက်ကြီးပါ ဆုကြီးရထားပြီး ပြည်တွင်း ငြိမ်းချမ်းအောင်ဘား မှမလုပ်နိုင်ဘူး အစိုးရကို ကလန့် လိုသူကို ဒီဆုပေးတာပါ နိုင်ငံလူမျိုးအတွက်လို့ပြောနေတာလဲ လေသက်သက်ပါ ဘားမှလည်းလုပ်နိုင်တာမဟုတ်ပါဘူး သူကြောင့်စစ်ပွဲးတွေ ဘယ်နှစ်ပွဲးများရပ်တန့်ဖူးလို့လည်း

သူရထားတဲ့ဆုက ကလည်းငြိမ်းချမ်းရေးအသွင်ဖော်ဆောင် နိုင်လို့မဟုတ်ပါဘူး စစ်ပွဲးဘယ်နှစ်ပွဲးများ ရပ်တန့်အောင် လုပ်ဖူးလို့လည်း အစိုးရကို ကလော် လို့ရထားတဲ့ဆုပါ အပိုသက်သက်ကြီး ဘယ်နေရာမှ အကျိုးမပြုပါဘူး အလကား ဟာကြီးပါ

အင်း အထက်က အစ်ကိုတွေပြော သွားတာ အမှန်ပဲဗျ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်