Subscribe to our RSS Feed

ဂျာနယ်တွေကို တရားရုံးတင်အရေးယူတာတွေ မလုပ်ပဲ အကန့်အသတ်မရှိ ထုတ်ဝေခွင့်သာ ပိတ်သင့်ကြောင်း ဝါရင့် သတင်းစာဆရာများ ထောက်ခံအားပေး


ဂျာနယ်တွေကို တရားရုံးတင်အရေးယူတာတွေ မလုပ်ပဲ အကန့်အသတ်မရှိ ထုတ်ဝေခွင့်သာ ပိတ်သင့်ကြောင်း ကို ဝါရင့် သတင်းစာဆရာများ အဖွဲ့ (မြန်မာနိုင်ငံ) က အားပေးထောက်ခံကြောင်း ပြောလိုက်ပါတယ်။ မနေ့က လုပ်တဲ့ အစည်းအဝေးမှာပြောခဲ့တာဖြစ်ပြီး အစည်းအဝေးတက်ရောက်ခဲ့သူ သတင်းသမား တစ်ဦးက အခုလို ပြောပြပါတယ်။

"အဓိက ဆွေးနွေးသွားတာကတော့ မီဒီယာ ဆိုတာ စတုတ္ထမဏိုင် ပေါ့.. ပြည်သူ့အတွက် သတင်းတွေကို တင်ပြပေးဖို့သာဖြစ်တယ်ပေါ့.. ကိုယ့်အကျိုးစီးပွားအတွက် မဖြစ်စေချင်ဘူးပေါ့... အဲဒီအကြောင်းလေးတွေ ဆွေးနွေးသွားတာပါ" လို့ ဆိုပါတယ်။

၎င်း ကိစ္စနဲ့ပတ်သက်ပြီး မဲဆောက် မှ MEG သတင်းထောက် တစ်ဦးကတော့ ထုတ်ဝေခွင့် အတင်းပြန်တောင်း ခြင်းက ကိုယ့်ကိုယ်ကို မီဒီယာ ကို စီးပွားရေးအရ လုပ်နေခြင်း ဖြစ်တယ်လို့ ဝန်ခံရာရောက်နေတယ်လို့ .. အခုလို ထောက်ပြ ပြောဆိုသွားပါတယ်။

" မီဒီယာ သမားကောင်း တစ်ယောက်အတွက် က ထုတ်ဝေခွင့် မလိုပါဘူး.... ထုတ်ဝေခွင့် ရမှ မီဒီယာ လုပ်တယ် ဆိုတာ မီဒီယာ သမား မဟုတ်တော့ပဲ စီးပွားရေး သမား ဖြစ်သွားတယ်လေ.. ထုတ်ဝေခွင့် ပေးဖို့ အတင်းတောင်းနေတယ် ဆိုတာကိုက စီးပွားရေးအရ မီဒီယာ လုပ်နေတယ်ဆိုတာ ထင်ရှားနေတာပဲ.."

လို့ ဆိုပါတယ်။

အခြားနိုင်ငံများမှာ သတင်းစာ၊ ဂျာနယ်များကို အခမဲ့ ဖြန့်ဝေ မှုများ ရှိနေပေမယ့် မြန်မာနိုင်ငံမှာတော့ ဂျာနယ်ပေါင်း အများအပြားရှိနေတာတောင် အခမဲ့ဖြန့်ဝေတာ တစ်ခုမှ မရှိပဲ ဈေးကြီးတောင်းကာ ပြည်သူတွေကို သတင်းရောင်းစားလျှက် ရှိတဲ့အပြင် ကြော်ငြာများကလည်း ပြည့်နှပ်နေပါတယ်။

ဒေါက်တာဆိပ်ဖွားကလည်း

"အစိုးရသစ်လက်ထက်မှာ ခုထုတ်နေတဲ့သတင်းဂျာနယ်တွေကနေ အစိုးရကိုချည်းပဲ ဆော်နေတာတွေ့ပါတယ် ၊ပြည်သူ့အသံအကြောင်းပြ ၊ လွတ်လပ်စွာပြောဆိုခွင့်အကြောင်းပြ ၊ စတုတ္ထမဏ္ဍိုင်အကြောင်းပြနဲ့ သူတို့ကချည်း အစိုးရနဲ့ တာဝန်ရှိသူတွေကို ဆော်နေတာတွေ့ပါတယ် ၊ တစ်ချို့မထိတထိရေးတယ် ၊ ဆော်တယ် ၊ တချို့ ပေါ်ပေါ်တင်တင်ဆော်တယ် ၊ အစိုးရက ဆော်ရတယ်လို့ကို မတွေ့ပါဘူး ပြောရရင် အသွင်ကူးပြောင်းရေးကာလမှာ တကယ်သည်းခံနေရတာက အစိုးရပါ ၊ မောင်ရင်တို့ ဘာမှသည်းခံမနေရပါဘူး ၊ ဒီခေတ်မှာမှ စောင်ရေတွေတက်ပြီး အပတ်စဉ် သန်းနဲ့ချီပြီးဝင်ငွေတွေရနေကြတာ လူတိုင်းသိပါတယ်" လို့ဆိုပါတယ်။

ထုတ်ဝခွင့်မရချိန်မှာလည်း မီဒီယာ သမားများအားလုံး က ဆူညံပွက်လောရိုက်အောင် အော်ဟစ်ကာ ဂျာနယ်ထုတ်ရောင်းခွင့် ရရေးအတွက် တောင်းပန်၍ တမျိုး၊ ချိန်းချောက်၍တဖုံ ကြိုးစားလျှက် ရှိပါတယ်။ ၎င်း တို့ဟာ ဂျာနယ်ထုတ်ကာ စီးပွားရှာရင်း ပြည်သူတွေဆီမှ ပိုက်ဆံများဖြင့် တိုက်တွေ၊ ကားတွေ နဲ့ နေကြသော်လည်း ၎င်း တို့ ကိုယ်တိုင်ကိုတော့ ပြည်သူ့အတွက် မီဒီယာလုပ်နေသူများ အဖြစ် ထင်ယောင်စေရန် ကိုယ်တိုင်ထုတ်တဲ့ ဂျာနယ်မှာ ကိုယ်တိုင် တည်းဖြတ်ပြီး ကိုယ့်ဘက်ကိုယ်ယက် ရေးသားလျှက်ရှိကြောင်း သိရပါတယ်။

Myanmar Express

6 comments:

journal = '' jar htel win p nel nay tae lu tway par '' youg kg aung lote sar nay tar . journal tha mar ma shi lo tine pyi bar mha ma phit naing par bu .khu her ka asoe ya ko pyan p amain pay nay tel.taw taw yee ya tae kg tway.

ကြိုက်နှစ်သက်စရာ အမြင်တစ်ခုပါ။

ဟုတ်ပါ့ဗျာ၊ ဂျာနယ်ထုတ်စားနေတဲ့ကောင်တွေ။ သူတို့
ထုတ်တဲ့စောင်ရေကိုတောင် မှန်မှန်ကန်ကန်တင်ပြမှု
မရှိဘဲ အခွန်ကိုရှောင်တိမ်းနေတာ အဲဒီဂျာနယ်တိုက်
တွေက ၀န်ထမ်းတွေအားလုံးသိတယ်။ ဒီလိုအသေးအဖွဲ
ကိစ္စကအစ ရိုးသားမှုမရှိဘဲ သူတို့ကိုယ်သူတို့ စတုတ္ထမဏ္ဍိုင် လို့အော်ရဲသေးတယ်၊ ရှက်လည်းမရှက်ကြ
ဘူး။

ဂျာနယ်တွေက အစိုးရကို ကလော် တာများတယ် ဘားမှလည်းရေရေရာရာ ရေးတာမဟုတ်ဘူး သူတို့ကိုမထည့်ဖို့ ပြောထားရက်နဲ့ထည့်တာကို ပိတ်ခံရတာမဆန်းပါဘူး ဖတ်လိုက်ရင်NLD ကောင်းကြောင်းတွေပဲ ပြောတော့ မီဒီယာက ဘက်မလိုက်ရဘူးတဲ့

၂၄နှစ်လုံးလုံးရေငုံနှုတ်ပိတ်နေခဲ့ရတာရောဝေဖန်မခံနိုင်ရင်ဒီရာထှုးတွေမယှုထားနဲ့ပေါ့ကွာကိုယ်မှန်တာလုပ်ရင်သမိုင်းကမှတ်ကျောက်တင်လိမ့်မယ်

min toh ko min toh ayin wai ban ohn .thu myar ko gyi apyit tin wai ban pee journal young kong aung lote sar nay tae kong tway. chee htote media tway

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်