Subscribe to our RSS Feed

ABSDFလူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း-၃

From : ညီညီ မန္တလေး (မြောက်ပိုင်းရဲဘော်ဟောင်း)




Photo: ABSDF လူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း(၃) သံချောင်းဘာတွေပြောခဲ့သလဲ? .ဖတ်ဖြစ်အောင်ဖတ်ပါ။ .ရေးသားသူ ညီညီ( မြောက်ပိုင်းAB ရဲဘော်ဟောင်း) ၅၅ ဦးထွက်ပြေးလွတ်မြောက်ပြီးတဲ့အချိန်မှာ မျိုးဝင်းနဲ.အဖွဲ.ရှေ.တန်းသွားရာမှာမျိုးဝင်းနောက် ကျည်မှန်ပြီးသေသွားတယ်။(ကျရှုံးသွားတဲ့ကွန်မန်ဒါတဦးကို အပြတ်ရှင်းတဲ့သဘောပါ)။အဲဒီ မျိုးဝင်းတိုက်ပွဲကျတဲ့သတင်း ဌါနချုပ်ကိုဝင်လာတဲ့အချိန်ကနေ.လည်ခင်းမှာပါ။ဒါပေမဲ့အဲဒီ သတင်းကိုလစ်လျှုရှုပြီး သံချောင်းနဲ.အဖွဲ.ရှေ.တန်းမှာအောင်ပွဲရလာလို.ဆိုပြီးအဲဒီညက ကျောင်းသားတပ်ထဲမှာစတိတ်ရှိုးပွဲလုပ်ပြီးပျော်ပွဲရွှင်ပွဲကျင်းပခဲ့တယ်။ဒီနေရာမှာဒီလူသတ် မှုတွေရဲ.အကြောင်းရင်းမှာဘယ်သူတွေတာဝန်ရှိလဲဆိုတာစုံစမ်းရအုံးမှာဖြစ်ပေမဲ့ဘယ်သူ တွေမှာတာဝန်မရှိဘူဆိုတာတော့ရှင်းးနေပါပြီ။ရှေ.မဆက်ခင်ကျနော် KIA ဘက်ကိုစာသင်ဖို.ခေါ်ရာမှာတပ်မဟာ ၅ တပ်မှုးဗိုလ်မှုးကြီးဆမ်လီက ကျနော့်ကို သံချောင်းနဲ.အတူခေါ်တွေ.ပါတယ်။ကျနော်ကို ကျောင်းသားတပ်ထဲကဆွဲထုတ်ဖို.အတွက် ပါ။ကျောင်းသားတပ်ကိုအပြန်မှာသံချောင်းနဲ.ကျနော်ပြောခဲ့တဲ့စကားတွေကိုပြန်ပြောပြချင်ပါ တယ်။အဲဒီအချိန်ကဘေးမှာသက်လင်းလည်းကျနော်တို.နဲ.အတူရှိနေပါတယ်။တပ်အပြန်မှာ သံချောင်းက ကျနော့်ကိုစကားတွေအများကြီးပြောပါတယ်။စကားပြောတာထက် ရင်ဖွင့် တာလည်းဟုတ်ပါတယ်။ "ကိုညီညီ -မင်းဘာအကြောင်းနဲ.ဖြစ်ဖြစ် ABSDF ကိုသစ္စာရှိပါ၊ ရီုးသားပါကွာ၊လူဆိုတာကတော့ကွာ အလုပ် လုပ်ပြီဆိုရင်တော့အမှားတွေ.တက်ကြစမြဲပါလဲ။ ဘာမှမလုပ်တဲ့သူကတော့ဘာမှ မမှားဘူးပေါ.။ စိတ်ထဲမှာမေတ္တာတရားပဲထားပါ ။ဒီစိတ်မျိုးက မြင့်မြတ်တဲ့သူတွေသာထားနိုင်တာပါ။ ငါဆိုရင်ကွာ၊လက်နက်ကိုင်တာကိုက ငါ.ဒေသကလူတွေကိုမေတ္တာထားလို.ကိုင်တာ။ငါတို.ဒေသကလူတွေက အင်မတန်ဆင်းရဲချို.တဲ့ ကြပါတယ်။သူတို.ကဒီမိုကရေစီဆိုတာဘာလဲမသိကြဘူး။အဲဒီတော့သူတို.ဒီမိုကရေစီကိုမလို အပ်ကြဘူးပေါ.။သူတို.မှာအဓိကလိုအပ်တာကသူတို.ကိုကောင်းအောင်လုပ်ပေးမဲ့၊သူတို.ကို မေတ္တာထားတဲ့ခေါင်းဆောင်လိုတာ။အဲဒီခေါင်းဆောင်ကဘဲသူတို.ဒေသအတွက်အရာရာကို လုပ်ပေးလီမ့်မယ်။ အစီုးရရဲ.ပေါ်လစီကြီးကိုလဲ ငါမကြိုက်ဘူးကွာ။ငါတို.လဲသူပုန်ပဲဥစ္စာ။ ငါတို.ကိုတော့သူပုန်လို.မသတ်မှတ်ဘူး ။ငါတို.နဲ.ငြီမ်းချမ်းရေးလုပ်ဖို.တော့ငြင်းတယ်။ အမှန် တော့တို.ကိုလဲ လက်ခံသင့်တာပဲ ။ အခုတော့ကွာ တို.က သူပုန်က သူပုန်ပါပဲ"။ ဒီစကားတွေကို စဉ်းစားကြည့်ပါ။သူတို.လိုဒေသစွဲကြီးသူအချို.ကသူတို.အတ္တရှေ.တန်းတင်ပြီးသူတို.ဒေသလေးရဲ.ခေါင်းဆောင်လုပ်ချင်လို. ABSDF ထဲကသူတို.နဲ.မတူတဲ့သူတွေ၊သူတို.အမိန်.မနာခံမဲ့သူတွေ သူတွေကိုရှင်းထုတ်တာပါ။ကျောင်းသားထောက်လှမ်းရေးအဖွဲ.မှာတယောက်သောသူကလွဲပြီး ကျန်သူအားလုံးဟာဒေသခံတွေဖြစ်ပြီးအဲဒီအားလုံးဟာ KIA မှာထောက်လှမ်းရေးသင်တန်း တက်ပြီးသူတွေပါ။တဦးတည်းသောဒေသခံမဟုတ်တဲ့မန္တလေးသားသန်းဇော်ဟာ သင်တန်း ဆင်းမဟုတ်ပါဘူး။ဒါပေမဲ့ ဗိုက်အဌါးနဲ.ဓါးထိုးခံရမဲ့အရည်အချင်းနဲ.ပြည့်စုံတော့ သန်းဇော်ဟာ ထောက်လှန်းရေးအဖွဲ.တာဝန်ခံဖြစ်သွားပါတယ်။အဲဒီလိုပဲ ဗိုက်ကောင်းပြီး ကိုယ့်ဖာသာကို ဘာမှန်းမသိပဲ သွေးဆာနေတဲ့ အောင်နိုင်က ဥက္ကဌ ဖြစ်သွားပါတယ်။အောင်နိုင်က အဖော် စပ်လို.သွေးဆာလာတဲ့ နိုင်အောင်တို.၊ အောင်ထူး တို. ပါ ပူးတွဲတရားခံတွေဖြစ်သွားပါတယ်။ အဲဒီတော့ ဒီနေရာမှာဒီကိစ္စအတွင်းတပ်မတော်ကဘယ်အခန်းကမှမပါဘူးးဆိုတာကျနော် သိထားသမျှအသိတွေအရ ကျနော်ရဲရဲဝံ့ဝံ့ ပြောပါတယ်။နောက်တခါ KIA နဲ.ပက်သက်လို. မဟုတ်မတရားပြောာဆိုနေတဲ့ကိစ္စ ၊ KIA က ဒီပြသ၁နာဖြေရှင်းဖို.အကြီမ်ကြီမ်ကြီုးစားခဲ့ပါတယ်။ကြီုးစားသမျှကိုခင်ဗျားတို.အဖွဲ.ငယ် တခုရဲ.အတွင်းရေး ဝင်မစွတ်ဖက်ပါနဲ.၊အဲဒါ DAB မူနဲ.ငြိလို. DAB ပါ ပျက်သွားမယ်ဆိုပြီး NLD (LA) ကချင်ဒေသရုံးက ကန်.ကွက်ပြီးဟန်.တားခဲ့ပါတယ်။  ဆက်လက်တင်ပြပါမည်။စောင့်မျှော်အားပေးပါ။ ညီညီ မန္တလေး (မြောက်ပိုင်းရဲဘော်ဟောင်း) 

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်