Subscribe to our RSS Feed

ပြည်တွင်းရှိရုပ်သံလိုင်းများအား Analog စနစ်မှDigital စနစ်သို့ပြောင်းလဲမည်

From : ယဉ်ပပထွန်း


 ပြည်တွင်းတွင် ထုတ်လွှင့် လျက်ရှိသည့် ရုပ်သံလိုင်းများအား Analog စနစ်မှ Digital စနစ်သို့ ပြောင်းလဲထုတ်လွှင့်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ပြောကြားချက်အရသိ ရသည်။ ထိုကဲ့သို့ Analog စနစ် Digital စနစ်ပြောင်းလဲရန်အတွက် အာဆီယံနိုင်ငံများတွင် သတ်မှတ်ထားသည့် စံနှုန်းများ အတိုင်းပြောင်းလဲ သွားမည်ဖြစ်ပြီး ထိုသို့ပြောင်းလဲခြင်းအား ၂၀၁၄- ၂၀၁၅အတွင်း အပြီးပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ လက်ရှိတွင် ထုတ်လုပ်မှု အပိုင်းအတွက် ဘာသာ(၁၈)မျိုး နှင့် ထုတ်လွှင့်လျက်ရှိပြီး နောက် ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ၀န်ကြီးဌာနအနေဖြင့် မြန်မာဘာ သာစကားနှင့်သာမက ဘာသာ ပေါင်းစုံနှင့် PSB စနစ်အထိတိုး မြှင့်လုပ်ဆောင်နိုင်ရန်လည်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ ထို့အပြင် လက်ရှိတိုးချဲ့ ထားသည့်တိုင်းရင်းသားအစီအစဉ်များအား ပိုမိုတိုးချဲ့လုပ်ဆောင် သွားရန် စီစဉ်လျက်ရှိသော်လည်း အခက်အခဲများ ရှိသောကြောင့် နိုင်ငံတကာအကူအညီများလိုအပ် လျက်ရှိကြောင်း သိရသည်။ ရုပ်သံ လိုင်းများအား အဆင့်မြင့်တင်ရာ တွင် ပြည်တွင်းစတုတ္ထမဏ္ဍိုင်ပိုမို ကောင်းမွန်အောင်ပြုလုပ်ဆောင် ရွက်ခြင်းဖြစ်သောကြောင့် မီဒီယာ ဥပဒေရေးဆွဲလျက်ရှိပြီး ပြီးစီးပါ က Myanmar Broadcasting ကော်မတီ MBCအားဖွဲ့စည်းသွား မည်ဖြစ်ကြောင်းသိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်