From : သမ္မတရုံး
နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော် အစည်းအဝေး သို့ နိုဝင်ဘာ ၁ ရက်၊ ရက်စွဲဖြင့် ပြည်ထောင်စု ဝန်ကြီးဌာန နှစ်ခု အမည်ပြောင်းရန် ယနေ့တွင်သဝဏ်လွှာ တစ်စောင် ပေးပို့လိုက်ကြောင်းသိရှိရသည်။
လက်ရှိ ပြည်ထောင်စု ဝန်ကြီးဌာနများ ဖြစ်သော ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနဟူ ၍လည်းကောင်း၊ အလုပ်သမား ဝန်ကြီးဌာနကို အလုပ်သမားနှင့် အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဟူ၍လည်းကောင်း အမည်ပြောင်းလဲနိုင်ရန်ပြည်ထောင်စု လွှတ်တော် နာယကထံသို့ နိုင်ငံတော် သမ္မတရုံးက သဝဏ်လွှာပေးပို့ခဲ့သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်