From : Planet
ဗြိတိသျှ တော်ဝင်ရေတပ်၏ လေယာဉ်အခြေစိုက် စခန်းတစ်ခုတွင် အဆိပ်ပြင်း ပင့်ကူများ ကျူးကျော်လာမှုကြောင့် တပ်လှန့်မှု ပြုလုပ်ထားရကြောင်း သိရှိရသည်။ ကွန်းဝဲလ်ရှိ RNAS Culdroseမှ ဂိုဒေါင်တစ်ခုအတွင်း Noble False Widow ပင့်ကူများ ရာနှင့်ချီ ရှိနေကြောင်း တွေ့မြင်ရသည့်နောက် ယင်းတို့ကို ရှင်းလင်းရန် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ပညာရှင်များကိုပါ အကူအညီ တောင်းခံခဲ့ရသည်။ အဆိုပါ ပင့်ကူများသည့် ဗြိတိန်တွင် အဆိပ်အပြင်းဆုံး ပင့်ကူမျိုးနွယ်လည်း ဖြစ်သည်။ ယခုအခါ လေတပ်မှ ဝန်ထမ်းများသည် ထူထဲသော လက်အိတ်များကို ဝတ်ဆင်ကာ အလုပ်လုပ်နေရသည်။ ထိုပင့်ကူများသည် သဘာဝအားဖြင့် ရန်လိုလေ့ မရှိသလို လက်ရှိအချိန်ထိ မည်သည့် ဝန်ထမ်းမျှ အကိုက်ခံရမှု မရှိသေးချေ။ အဆိုပါ ပင့်ကူတို့ ဆောက်လုပ်သော ပင့်ကူအိမ်များသည် သာမန် ပင့်ကူအိမ်များနှင့် ကွဲပြားသဖြင့် အလွယ်တကူ သတိပြုမိနိုင်ကြောင်းလည်း သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်