Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ (ASEAN Global Dialogue) သို့ တက်ရောက်

From : သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ ၂ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ နံနက် (၉)နာရီ (၁၅) မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Peace Palace  တတိယထပ် Champei Room ၌ ကျင်းပသည့် အာဆီယံ ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲ(ASEAN Global Dialogue) သို့ တက်ရောက်သည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဘရူနိုင်းဒါရုဆလမ်နိုင်ငံဘုရင် ဆူလ် တန်ဟာဂျီဟာဆာနာလ် ဘိုကီးယားမူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူစီလိုဘန်ဘန်း ယူဒိုရိုနို၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက်နာဂျစ်ဘင်ထွန်း ဟာဂျီအဗ္ဗဒူရာဇတ်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ  သမ္မတ မစ္စတာ ဘီနင်နိုအကွီနို၊ စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ အထူးကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရင့်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေမှ ကိုယ်စားလှယ် များက ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအကြား ငွေကြေး၊ ကုန်သွယ်ရေးနှင့်စီးပွားရေး ပေါင်းစည်းရေးနှင့် တိုးမြှင့်ရေးကိစ္စများကို ဆွေးနွေးခဲ့ပါသည်။    

ယင်းနောက် Peace Palace  ပထမထပ် Rumduol 1 Room ၌ အရှေ့အာရှခေါင်းဆောင်များ၏ နေ့လည်စာ စားပွဲသို့ တက်ရောက်သည်။  


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်