Subscribe to our RSS Feed

ပဋိပက္ခကြောင့် ရခိုင်ဒေသတွင်း လူ ၁၉ သိန်းခန့် ဒုက္ခသည် ဖြစ်ရ

From : ဥာဏ်လင်းအောင်


ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ ၁၉ သိန်းမှာ ဒုက္ခသည်များအဖြစ်ရောက်ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က နိုဝင်ဘာလ ၁၆ ရက်တွင်   ပြောသည်။ နိုင်ငံတော်သမ္မတသည် အဆို ပါနေ့ မွန်းလွဲပိုင်းက နိုင်ငံတော် သမ္မတ အိမ်တော်၌ မင်္ဂလာရာမ စာသင်တိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တရဋ္ဌ အမှူးပြုသော ဆရာတော်ကြီးများနှင့် အစ္စလာမ် ဘာသာဝင် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့စဉ်တွင်ယခုကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။ထို့အပြင်ရခိုင်ပြည်နယ်မြောက် ပိုင်းရှိလူ ဦးရေနှစ်သိန်းခန့်မှာ အစာ အာဟာရ ချို့တဲ့သူများအဖြစ် ရပ် တည်နေရသည်။ ဗုဒ္ဓဘာသာအခြေ ခံနှင့် လူမျိုးရေး စိတ်ဓာတ်ပြင်းထန် သောရခိုင်တိုင်းရင်းသား လူငယ် အချို့နှင့် အစ္စလာမ်ဘာသာရေး အခြေခံဘင်္ဂါလီလူမျိုးအချို့တို့၏ အပြန်အလှန် နှောင့်ယှက်ပြုမူများ ကြောင့် စားနပ်ရိက္ခာ ပြတ်လပ်သည့် ဒေသများသို့ ရိက္ခာဖြန့်ဝေမှု များ အနှောင့်အယှက်ကြုံရပြီး ပြည်သူ အများစားဝတ်နေရေး ပိုမိုကျပ် တည်းမှုကြုံရလျက်ရှိကြောင်း ၄င်း က ပြောသည်။လက်ရှိတွင် ပဋိပက္ခဖြစ်ပွား မှုမရှိခဲ့သည့် ရခို င်ကျေးရွာများနှင့် ဘင်္ဂါလီကျေးရွာအချို့၌ပင် ကူးသန်း ရောင်းဝယ်ရေးရပ်ဆိုင်းမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင် ရလျက်ရှိပြီး ၂ဝ၁၂ ခုနှစ် ဇွန်လနှင့် အော က်တိုဘာလအတွင်းဖြစ်ပွားခဲ့သည့်ပဋိပက္ခများကြောင့် ဒုက္ခခံစား ကြရသည့် ပြည်သူများအနက် အမျိုးသမီး ၅၃ ဒသမ ၈ ရာခိုင်နှုန်း၊ အမျိုးသား ၄၆ ဒသမ ၂ ရာခိုင်နှုန်း   နှင့် ၁၂ နှစ်အောက်ကလေး ၄၂ ဒသမ ၉ ရာခိုင်နှုန်းပါဝင်ခဲ့ကာ ဇွန် လပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့ သည့် ဒုက္ခသည် ၇၅ဝဝဝ အတွက် တစ်လလျှင်စားနပ်ရိက္ခာဖိုး အမေရိ ကန်ဒေါ်လာတစ်သန်း ကုန်ကျခဲ့ ကြောင်း၊လတ်တလောလိုအပ်သည့် လူသားချင်း စာနာမှုဆိုင်ရာ အ ထောက်အပံ့များပေးအပ်ရန် ၂ဝ၁၂ ခုနှစ်ဇူလိုင်လမှ ၂ဝ၁၃ ခုနှစ် ဇွန်လ အထိ တစ်နှစ်စာ အမေရိကန်ဒေါ် လာ ၆၆ ဒသမ၅ သန်း လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း လူဦး ရေ ၃၂ သိန်းရှိသည့်အနက် ၁၅ ရာခိုင်နှုန်းမှာ ဒုက္ခသည် အဖြစ်သို့ ရောက်ရှိခဲ့သည်။

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်