Subscribe to our RSS Feed

ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ ကန်ဒေါ်လာ သန်းတစ်ရာကျော်ချေးမည်

From :7Day News 


 ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံကို ချေးငွေ အမေရိကန်ဒေါ်လာတစ်ရာ ခြောက်ဆယ့်ငါးသန်း ချေးငွေထပ်မံပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ်မန်နေဂျာ Kanthar Sha nkar က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အဆိုပါချေးငွေ ၁၆၅ သန်းမှာ အတိုးမဲ့ချေးငွေဖြစ်ပြီး အနှစ် ၄၀ အတွင်း၌ ပြန်ဆပ်ရမည်ဖြစ်သည်။ ယင်းချေးငွေအတွက် ကမ္ဘာ့ဘဏ်မှ ၀န်ဆောင်စရိတ်ဝ ဒသမ ၇၅ သန်း) သာ ရယူမည်ဖြစ်ကြောင်း သိရသည်။ "ဒီချေးငွေအတွက်ကတော့ ဘယ်စီမံကိန်းတွေမှာလုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ အစိုးရရှိ အခြေခံအဆောက်အအုံတွေမှာတော့ အဓိက လေ့လာနေပါတယ်"ဟု ၄င်းက ဆက်လက်ရှင်းပြသည်။ လက်ရှိ ကမ္ဘာဘဏ်အနေဖြင့် လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ထောက်ပံ့ငွေကန်ဒေါ်လာသန်း ၈၀ ကို စတင် ပေးမည်ဖြစ်ကြောင်း သိရသည်။ ၎င်းထောက်ပံ့ငွေကို ၁၈ လအတွင်း မဟာဗျူဟာအစီစဉ်များချမှတ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ၎င်းစီမံကိန်းမှာ ၆ နှစ်ဖြစ်သည်။ ဤစီမံကိန်းမှသာ ချေးငွေ ၁၆၅ သန်းရရှိမှာဖြစ်ကြောင်းကိုလည်း Kanthar Shankar က ရှင်းပြသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်