Subscribe to our RSS Feed

စီးပွားရေးလုပ်ငန်းရှင်နှင့် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများ ဝင်ရောက်မှု များပြား

From :မြဝတီ

နိုင်ငံတော်တွင် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသည်နှင့် အညီ ပြည်ပ လေကြောင်း လိုင်းများလည်း များပြားလာပြီး ပြည်တွင်း၊ ပြည်ပခရီးသွားလုပ် ငန်းများမှာ တစ
်ရှိန်ထိုး တိုးတက်လာသည်။ ယနေ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပြည်ပခရီးသည်ဝင် ရောက်မှုမှာ နေ့စဉ် ဦးရေနှစ်ထောင်ခန့် ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှတ်တမ်းများအရ သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ပုဂ္ဂလိက အခန်းကဏ္ဍ မြင့်မားစွာ ဆောင်ရွက်နိုင်ရေး အတွက် လေကြောင်းလိုင်း မူဝါဒအသစ်များဖြင့် ဆောင် ရွက်ခဲ့ရာ ယနေ့အထိ ပြည်ပခရီးသည် ပို့ဆောင်မှု လေကြောင်း ကုမ္ပဏီ ၂၂ ခု ရှိလာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပလေကြောင်းဆိုက် ရောက်မှုသည် တစ်နေ့လျှင် (၃၈)ကြိမ် ထက် မနည်းရှိကြောင်း အဆိုပါဌာနမှ သိရသည်။ စီးပွားရေး မူဝါဒစနစ်ပြောင်း လဲပြီးနောက်ပိုင်း ပြည်ပခရီးသည်ဝင် ရောက်မှု နှစ်ထောင်အနက် စီးပွားရေး လုပ်ငန်းရှင်နှင့် ရင်းနှီးမြှုပ်နှံမှု အတွက် လာရောက်သော ခရီးသည်မှာ ၅ဝ ရာ ခိုင်နှုန်း ရှိကြောင်းလည်း သိရသည်။

ဂျာမနီ၊ အမေရိကန်၊ အင်္ဂလန်၊ အီတလီ၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများမှာ အလုံးအရင်းနှင့် လာရောက်လျက် ရှိကြောင်း TL(TA KLWIN) Travels & Tours Co., Ltd. ခရီးသွား လုပ်ငန်းမှ ဒါရိုက်တာ JUNG CHANSOO က ဆက်လက်ပြောကြားရာတွင် ကိုရီးယားနိုင်ငံ ဖူဆန်မြို့ ထိပ်တန်း စီးပွားရေးလုပ် ငန်းရှင် Busan CCI ဥက္ကဋ္ဌ Sung Je Cho,Ph.D ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ၂၆ ဦးသည် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စီးပွားရေး လုပ်ငန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် UMFCCI မှ တာဝန်ရှိသူများနှင့် လည်း တွေ့ဆုံပြီး အနာဂတ် စီးပွားရေးအတွက် ညှိနှိုင်း ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်