From :hot news
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်နေ ဦးမြင့် မောင်က သူတို့အဖွဲ့အနေဖြင့် အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် လက်တွဲပြီး အထက်မြန်မာပြည် မန်္တလေးတိုင်းရုံးဖွင့်လှစ်ချင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ထံသို့အောက်တိုဘာ (၂၁)ရက်က စာရေးသားပေးပို့ မေးမြန်းထားကြောင်း သိရသည်။
အဆိုပါစာတွင် ဦးမြင့်မောင် က သူတို့အဖွဲ့ဝင် ဦးရေ(၅၀၀)ကို ပါတီဝင်အဖြစ် လက်ခံပေးရန်နှင့် မန္တလေးတိုင်းရုံးဖွင့်ပြီး အထက် မြန်မာပြည်၌ ဦးဆောင်လှုပ်ရှား ခွင့်ပြုပေးရန် ဦးသိန်းညွန့်၏ သဘောထားကို မေးမြန်းထား ကြောင်း ပါဝင်သည်။
ဦးသိန်းညွန့်သဘောထားကို မေးမြန်းဆက်သွယ်ရာ လွှတ် တော်အစည်းအဝေးနှင့်တိုက်ဆိုင် နေကြောင်း၊ အစည်းအဝေး ပြီးပါက ပါတီဗဟိုအလုပ်အမှု ဆောင်များနှင့် စည်းဝေးတိုင်ပင် ပြီးတင်ပြချက်များအား အဆုံး အဖြတ်ပေးမည်ဖြစ်ကြောင်းဦးမြင့်မောင်ထံသို့လည်းအကြောင်းပြန်ကြားသွားမည်ဖြစ်ကြောင်းသိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်