From : mrtv4
www.MyanmarExpress.net
အားကစား
ဝန်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ လာမယ့် ၂၀၁၃ ခုနှစ်
မြန်မာနိုင်ငံမှာ ကျင်းပ ပြုလုပ်မယ့် အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ပွဲ
အတွက်
Laison Officer ဆက်ဆံရေး အရာရှိနဲ့ Volunteer များကို ဖိတ်ခေါ် ထားတယ်လို့ သိရပါတယ်။ အဲ့ဒီလို ခေါ်ယူထားရာမှာ ဆက်ဆံရေး အရာရှိ L.O အနေနဲ့ လူငယ် အယောက် ၆၀၀ ကို ခေါ်ယူ ထားတာဖြစ်ပြီး Volunteer အတွက် ကိုတော့ လူငယ် အယောက် နှစ်ထောင်ကို ခေါ်ယူထား တာဖြစ်ပါတယ်။
ယခု လက်ရှိမှာ ဆက်ဆံရေး အရာရှိ အတွက် ပထမသုတ် အနေနဲ့ အားကစား ၀န်ကြီးဌာနမှ အယောက် ၁၂၀ ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ၃၇ ဦး၊ ဒုတိယ အသုတ်မှာ ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ် တို့မှ ကျောင်းသား အယောက် ၅၀၈ ဦး တို့ကို သင်တန်းများ ပို့ချပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆက်ဆံရေး အရာရှိနဲ့ Volunteer များ ထပ်မံ လိုအပ်လျက် ရှိနေသေးပြီး စိတ်ပါဝင်စား သူများဟာ အားကစား ၀န်ကြီး ဌာနကို ဆက်သွယ် နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆက်ဆံရေး အရာရှိနဲ့ Volunteer တွေကိုတော့ အားကစား ၀န်ကြီးဌာနမှ (2013) Seagame ပြိုင်ပွဲရဲ့ အားကစား နည်းစနစ်များ၊ English ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်နဲ့ အားကစားပွဲ များ ကျင်းပမယ့် ဒေသတွေရဲ့ ဒေသဆိုင်ရာ အချက်အလက် တွေကို သင်တန်းများ ပို့ချသင်ကြား ပေးမှာ ဖြစ်ပါတယ်။ အားကစား ပြိုင်ပွဲ အတွက် ကူညီ ဆောင်ရွက် ပေးမှုတွေ ကိုတော့ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ မကျင်းပမီ အားကစားသမားများ စတင် ရောက်ရှိ လာကတည်းက ကူညီ ဆောင်ရွက် ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

1 comments:
ဘယ်လို ဘယ်နားမှာလျှောက် လို့ရမလဲ သိချင်ပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်