From : mrtv4
www.MyanmarExpress.net
လာမယ့်
၂၀၁၃ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းမှာ ထပ်မံ ထွက်ရှိမယ့် တန်ဖိုးနည်း GSM
မိုဘိုင်းဖုန်း တွေကို မြန်မာ့ ဆက်သွယ်ရေး ရုံးများမှာသာ ၀ယ်ယူနိုင်မှာ
ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို လာမယ့် လပိုင်း အတွင်းမှာ ထပ်မံချထား ပေးသွားမယ့် တန်ဖိုးနည်း GSM မိုဘိုင်း ဖုန်းများ ကိုတော့ ရန်ကုန်မြို့မှာ ဗဟိုစာတိုက်ကြီး၊ ပုဇွန်တောင် စာတိုက်၊ ဗိုလ်တထောင် စာတိုက်၊ အလုံစာတိုက်နှင့် ဆက်သွယ်ရေးရုံး၊ လမ်း ၄၀ ပန်းဆိုးတန်းနဲ့ ရွှေဂုံတိုင် အစရှိတဲ့ မြန်မာ့ ဆက်သွယ်ရေး ရုံးနဲ့ စာတိုက်များ စတဲ့နေရာတွေမှာ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။
ဒီလို ရောင်းချပေး ရာမှာလည်း ဖုန်းအလုံးရေ အကန့်အသတ် မရှိ ရောင်းချပေး သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးကို တစ်ပြိုင်နက် ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။ အဆိုပါ GSM တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ရောင်းချမှု ကိုတော့ ငွေကျပ် တစ်သိန်းခွဲအောက် ဈေးနှုန်း သတ်မှတ်ကာ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ မှာတော့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့လည်း ဖုန်း Sim Card များကို ပြန်လည် သိမ်းယူ လျက်ရှိပြီး အခုလို သိမ်းယူမှုဟာ လာမယ့် နှစ်ဆန်းပိုင်းမှာ တန်ဖိုးနည်း ဖုန်းများကို ရောင်းချပေး တော့မှာ ဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးကွက် အတွင်း Sim Card လက်ကျန်များ ဖြစ်ပေါ်ကာ အရောင်းအ၀ယ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမှာ စိုးတဲ့အတွက် ယခုလို သိမ်းယူတာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်