မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေး ရုပ်သံဖိုင်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ www.facebook.com/lachid.kachin နှင့် www.facebook.com/jinghpaw. kasa များမှ တစ်ဆင့် ပျံ့နှံ့နေခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က KIA ဌာနချုပ်နှင့် ခုနစ်မိုင်အကွာတွင်ရှိသော လဂျားယန် (Laja Yang) ၌ ဖြစ်ပွားခဲ့သောKIA ၊ ABSDF (မြောက်ပိုင်း) ပူးပေါင်းတပ်နှင့် တပ်မတော်တို့ တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သော တပ်မတော်သား(သုံ့ပန်း)အချို့ကို စစ်ချက်ယူခြင်း၊ မေးမြန်းခြင်း ရုပ်သံဖိုင်နှင့် တိုက်ပွဲဖြစ်ပွားမှု ရုပ်သံဖိုင်များကို ၀ါဒဖြန့်ချိရေးအနေဖြင့် အင်တာနက်ပေါ်တွင် လွှင့်တင်ပျံ့နှံ့နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
KIA ၊ ABSDF (မြောက်ပိုင်း) ပူးပေါင်းတပ်နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် လဂျားယန် (Laja Yang) တိုက်ပွဲတွင် ဒဏ်ရာရ တပ်မတော်သားအချို့ကို အရှင်ဖမ်းမိခဲ့ ကြောင်းလည်း သိရသည်။ တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သော တပ်မတော်သား(သုံ့ပန်း)တစ်ဦးကို စစ်ချက်ယူခြင်း ရုပ်သံဖိုင်တွင် အမည်၊ ရာထူး၊ တပ်ရင်းအပြင် မည်ကဲ့သို့ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း မေးမြန်းမှုနှင့် ဖြေကြားမှုများ ပါဝင်ကြောင်း သိရသည်။
ABSDF (မြောက်ပိုင်း)သည် ကချင်ပြည်နယ် KIA နယ်မြေအတွင်း အခြေစိုက်ဖွဲ့စည်းထားသော အဖွဲ့ဖြစ် ပြီး KIA နှင့် စစ်ရေးပူးပေါင်းမှုများ လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။
''၁၉၄၉ ခုနှစ် ဂျနီဗာကွန်ဗန်း ရှင်း စစ်သုံ့ပန်းဆိုင်ရာ သဘောတူညီချက်မှာ စစ်သုံ့ပန်းတွေနဲ့ ပတ်သက်လို့ လူသားချင်း စာနာထောက်ထားရမယ်ဆိုတဲ့ အချက်ပါတယ်။ ဂျနီဗာကွန်ဗန်းရှင်းအရ ဖမ်းဆီးခံရသူ(စစ်သုံ့ပန်း) တွေကို အမည်၊ ရာထူး၊ တပ်ရင်း၊ ကိုယ် ပိုင်အမှတ်ဆိုတာတွေ မေးလို့ရတယ် ဆိုပေမယ့် ဒီရုပ်သံမှာပါတာတွေက ဘယ်လို အဖမ်းခံရတယ်ဆိုတာတွေ မေးကြ၊ ဖြေကြသလို ဆေးကုပေးမယ် ဆိုတာတွေ၊ ဆေးကုသနေတဲ့ ရုပ်သံပုံတွေနဲ့ ၀ါဒဖြန့်ချိဖို့ ရည်ရွယ်တဲ့ အနေအ ထားမျိုး တွေ့ရတယ်''ဟု ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါရုပ်သံဖိုင်များ Facebook မှ တစ်ဆင့် အင်တာနက်တွင် ပျံ့နှံ့နေချိန်၌ ABSDF ဗဟိုမှ ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်တွင်းသို့ ပထမဦးဆုံးအကြိမ် လေ့လာရေးခရီးအဖြစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဒီမိုကရေစီအင်အားစုများ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အပါအ၀င် တိုင်းရင်းသားအင်အားစုများ၊ ကျောင်းသားလူငယ် အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဟု သိရသည်။
ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေး ရုပ်သံဖိုင်များ ၏ နောက်ကွယ်မှ ဖြစ်ရပ်မှန်မှာ KIA ဘက်မှ လိုင်ဇာသို့ ချီတက် တိုက်ခိုက်ရန် ချီတက်လာသည့် စစ်ကြောင်းအား ချေမှုန်းခဲ့သည် ဟု ရေးသားထားသော်လည်း ဒေသခံတို့၏ ပြောကြားချက်အရ ၎င်းစစ်ကြောင်းသည် လဂျားယန်ကျေးရွာအနီးတွင် စခန်းချထားသည့် အစိုးရစစ်တပ်မှ စခန်းတစ်ခု ထံသို့ ရိက္ခာပို့ရန် တစ်လတစ်ခါ ပုံမှန်လာရောက်သည့် စစ်ကြောင်းဖြစ်ကြောင်းနှင့် ၎င်းအင်အား (၅၀)ပါ စစ်ကြောင်းအား KIA အင်အား (၄၀၀)ကျော်မှ စောင့်ကြို၍ ၀ိုင်းဝန်းခြုံခို မိုင်းထောင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပန်ဝါဒေသ မိုင်တိုင်(၆)အနီးရှိ အစိုးရစခန်းများအား တိုက်ခိုက်ရာတွင်လည်း KIA မှ လူ၊ လက်နက်၊ ရိက္ခာများကို တရုတ်နိုင်ငံတွင်းမှဖြတ်၍ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။
ယခု အခါတွင် လူ ၅၀ အား လူ ၄၀၀ ဖြင့် ခိုးချောင်ခိုးဝှက် တိုက်ခိုက် ဖမ်းဆီးပြီးနောက် စစ်သားငယ်များအား အင်တာဗျူးကာ ဗွီဒီယိုဖိုင်များကို ဖြန့်ချီလျှက် ရှိပြီး ၎င်း ကိစ္စနှင့် ပတ်သက်၍ မည်သည့် ကွန်ယက်၊ အဖွဲ့အစည်းကမှ ဆန္ဒပြချြင်း မရှိသလို မည်သည့်ဂျာနယ်ကမှလည်း ကန့်ကွက်ရေးသားခြင်း မရှိပေ။
www.MyanmarExpress.net
10 comments:
KIA လီးလဲ မင်းတို့အလှည့် မကြာခင်လာမယ် စောင့်ကြည့်လိုက်
kia တွေကို အောင်ဆန်းသူရိယဘွဲ့ ပေးရင်ကောင်းမယ် ဗန္ဓုလတောင် အဖေခေါ်ရမဲ့ သတ္တိမျိုး
ABSDF က ကောင် တွေ မြန် မာ ပြည်
ရောက် နေ တုန်း ဒီကိစ္စ ကို မေး ပြီး
ဒီကောင် တွေ ဝါဒဖြန့် ဖို့ လုပ်တာ
ဆိုရင် ဖမ်း ထဲ့ ပြီး ရှင်း ခိုင်း
နှမ လိုး တွေ လူ ပါး ကို ဝ တယ်။
ဘာ မှဖြစ်လာ မှာ မဟုတ်ဘဲ
သက်သက်မဲ့တိုင်း ပြည်ဒုက္ခ
ပေး တဲ့ ကောင် တွေ
ဆန်ကုန်မြေလေး တွေ
ပြည်ထောင်စုရဲ့ရန်သူဖြစ်တဲ့ABSDF(ကချင်)ကိုအမြန်ဆုံးအရေးယူတိုက်ခိုက်ချေမှုန်းသင့်နေပြီ။သူပုန်ကိုသူပုန်လို့မြင်ထားတာအကောင်းဆုံးပါပဲ။အချိန်သိပ်မဆွဲနဲ့တော့သူပုန်ကိုဒီနေ့လှစ်လှူရှူလျှင်နောက်နေ့ဒုက္ခ
ၡေပးၿပီတာမွတ္ပါ။ABSDF(ကချင်)ဆိုတာမြွေပွေးခါးပိုက်ပိုက်တွေပါ။အဲ့တာကြောင့်နိုင်ငံတော်နှင့်ပြည်သူတွေရဲ့လုံခြုံရေးအတွက်အကြမ်းဖက်သောင်းကျန်းသူ ABSDF (ကချင်)ကိုအမြန်ဆုံးတိုက်ခိုက်ချေမှုန်းပါတော့။
Kill all Burma
မင်းသတ္တိရှိရင်စမ်းကြည့်လိုက် လိုက်ဟောင်မနေနဲ့ခွေးသားဝက်မြည်း(kia)
Kia က မင့် နှ မ ရဲ့ ယောက်ျား လား တရုတ် စပ် ကြိး ကို မင့် အ မေ လင် လား
ဗန္ဓု လ နဲ့ နှိင်း ရ အောင် မင်း က ကု လား သား လား တရုတ် ရဲ့ မ ယား ပါ သား လား မိုး မ စစ် တဲ့ ကောင်
They don't know which rules are applicable to non-international armed conflicts. Geneva Conventions are not applicable to internal conflicts. only one article
အဲဒီကချင်စစ်ပွဲမှာ ABSDF မြောက်ပိုင်းခေါင်းဆောင် ဦးလဆိုင်ဆိုတာ.. ကျောင်းသား ခေါင်းဆောင် ကို ထွန်းအောင်ကျော်ကိုသစ်တုံးပေါ်လည်ပင်းတင်ခိုင်းပြီး ဓါးမနဲ့ရက်ရက်စက်စက် ခုတ်သတ်ခဲ့သူလို့ သိရပါတယ်။ သူ့နံမည်က လှဆိုင်ပါ၊ myanmarexpress ထဲက မြောက်ပိုင်း သတ်ဖြတ်ပွဲတွေမှာ ဦးလဆိုင်(လှဆိုင်)ကျောင်းသားခေါင်းတွေ ဘယ်လိုခုတ်ဖြတ်ခဲ့တယ်ဆိုတာ စိတ်ဝင်စားဖွယ်ဖတ်ခဲ့ရပါတယ်။ အခု ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ၈၈ အုပ်စု ကချင်စစ်ရပ်ရေး ကြားဝင်စေ့စပ်မယ်ဆိုပြီး လိုင်ဇာသွားတာ ဦးလဆိုင်ကို ကိုထွန်းအောင်ကျော်ကိုခေါင်းဖြတ်ခဲ့တဲ့လှဆိုင်မှန်းမသိဘူးလား၊သိသိကြီးနဲ့ သွားတွေ့သလားတော့မသိ။
ကချင်ဘဲနိုင်နိုင် ကရင်နိုင်နိုင် ဗမာဘဲနိုင်နိုင် ဂုဏ်ယူစရာ တစ်စက်မှမရှိဘူး...ပြည်သူတွေဘဲနာကျဉ်ခံစားနေရတယ် အပြစ်မရှိတဲ့ပြည်သူတွေဘဲ ကြိတ်မှတ်ခံစားနေ၇တယ်... နေစရာမရှိ စားစရာမရှိ...အိပ်စရာနေရာမရှိ...ဘယ်အချိန်သေရမလဲ လို့ဘဲ..အချိန်တိုင်းစိုးရိမ်နေရတယ်.........ကဲ.မင်းတို့ တွေဘာလုပ်နေသလဲ??? မင်းတို့ အရည်အချင်းတွေဘယ်ရောက်နေလဲ???
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်