Subscribe to our RSS Feed

ကာဂျစ်စတန် နိုင်ငံတွင် ရုရှားနိုင်ငံ၏ စစ်ဘက် အခြေစိုက် စခန်းများ ထားရှိရန် သဘောတူ လက်ခံခဲ့သည် ဟုဆိုခြင်း

From : မြဝတီ

ကာဂျစ်စတန် သမ္မတ Almazbek Atambayev သည် ရုရှားနိုင်ငံနှင့် စစ်ဘက် ဆိုင်ရာ ပူးပေါင်း အခြေစိုက် စခန်း တည်ဆောက်ရန် သဘောတူ ညီမှုအား လက်မှတ်ရေး ထိုးခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အစိုးရ ရုံးအဖွဲ့မှ ပြောကြား ခဲ့ပါသည်။ ကာဂျစ်စတန်နှင့် ရုရှားနိုင်ငံ တို့သည် ပြီးခဲ့သော စက်တင်ဘာလ အတွင်း၌ ၂ဝ၁၇ ခုနှစ်တွင် ကာဂျစ်စတန် နိုင်ငံ၌ စစ်ဘက် ဆိုင်ရာ ပူးပေါင်း အခြေစိုက် စခန်း တည်ဆောက်ရန် သဘောတူ ညီခဲ့ကြောင်း သိရှိရ ပါသည်။

အဆိုပါ စစ်အခြေစိုက် စခန်းတွင် ရုရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှု ၄ ခု ပါဝင်မည် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။ အဆိုပါ လုပ်ဆောင်မှု များတွင် Karakol ၌ ရုရှား နိုင်ငံ၏ လက်နက်များ၏ အကွာအဝေး စမ်းသပ်ခြင်းကို လည်းကောင်း၊ Kara-Balt ၌ ဆက်သွယ်ရေး ဆိုင်ရာ ထိန်းချုပ်ရေး ဗဟိုထားရှိခြင်း၊ Mayly - Suu ၌ မြေငလျင် တိုင်းတာရေး စခန်းထား ရှိခြင်းနှင့် Kant ရှိ လေတပ် အခြေစိုက် စခန်းတွင် လုံခြုံရေး ဆိုင်ရာ သတင်းအချက် အလက်များ စုဆောင်းမှု သဘော တူညီသည့် အဖွဲ့အစည်း ထားရှိခြင်းတို့ ပါဝင်ကြောင်း သိရှိရပါသည်။

အဆိုပါ သဘော တူညီချက်သည် သက်တမ်း ကာလ ၁၅ နှစ် ကြာမြင့်မည် ဖြစ်ပြီး သက်တမ်း ထပ်မံ တိုးပါက တစ်ကြိမ်လျှင် ၅ နှစ် ဖြစ်ကြောင်း သိရှိရ ပါသည်။ အထက်ပါ လုပ်ဆောင်မှု ၄ ခု စလုံးသည် ကွပ်ကဲမှု အခြေစိုက် စခန်းတစ်ခု၏ အောက်တွင် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။



 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်