From : စာရေးသူ(ဘဒ္ဒန္တ ကုမာရ)
ကြည်ညိုထိုက်သော ရဟန်းတော်များ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်၌ ရဟန်းတော်များ များစွာရှိပါသည်။ ထိုရဟန်းတော်များအနက် ဘယ်လိုရဟန်းတော်များကို ကြည်ညိုရမလဲ ဆိုတာကို အချုပ်အားဖြင့် ပြောပြရလျှင် ဓုရနှစ်ပါးကို ကြိုးစားအားထုတ် ပြုလုပ်နေကြတဲ့ ရဟန်းတော်များကို ကြည်ညိုကြရမယ်။
( ရဟန်းအလုပ် - ဓုရ ၂-ပါး )
မြတ်စွာဘုရားက မိမိ၏ သာဝကရဟန်းတော်များ အားထုတ်ဖွယ် ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ကို
(၁) ဂန္ထဓုရ (၂) ၀ိပဿနာဓုရ လို့ ၂-မျိုး ဟောတော်မူခဲ့တယ်။
ဂန္ထဓုရဆိုတာ= စာပေကျမ်းဂန် သင်အံပို့ချမှုဟူသော ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ဖြစ်တယ်။
ဝိပဿနာဓုရဆိုတာ=၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကျင့်သုံးမှုဟူသော ရဟန်းတို့အလုပ်= ရဟန်းတို့တာဝန်ဖြစ်တယ်။
ဂန္ထဓုရကို ပရိယတ္တိဓုရ၊ ၀ိပဿနာဓုရကို ပဋိပတ္တိဓုရလို့လဲ ခေါ်တယ်။
ဒါဟာ မြတ်စွာဘုရားပေးခဲ့တဲ့ ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ပဲ။ အဲဒီရဟန်းတို့အလုပ်=ရဟန်းတို့တာဝန် နှစ်မျိုးစလုံးကိုဖြစ်စေ၊ တမျိုးမျိုးကိုဖြစ်စေ ကြိုးစားအားထုတ် ပြုလုပ်ထမ်းဆောင်နေကြတဲ့ သီလရှိသော ရဟန်းတော်များကို ကြည်ညိုကြရမယ်။ အဲဒီရဟန်းတော်များဟာ အမှန်တကယ် သာသနာပြုနေတဲ့ ရဟန်းတော်များ ဖြစ်ကြတယ်။
အချို့က ဂန္ထဓုရ၊ ၀ိပဿနာဓုရ ဆိုတဲ့ ရဟန်းတော်တို့၏ အလုပ်၊ ရဟန်းတော်၏ တာဝန်နှစ်မျိုးတို့အနက် တမျိုးမျိုးကိုမျှ အားမထုတ်ပါဘဲ သာသနာပြုဆိုတဲ့အမည်ကို ခံယူနေကြတာကိုတော့ စဉ်းစားစရာကောင်းပါတယ်။
သာသန၀ံသပ္ပဒီပိကာ၊ သာသနာလင်္ကာရစာတမ်း၊ သီလ၀ိသောဓနီကျမ်းများကို ကြည့်ရှုလျှင် ရှေးရှေးက ဆရာတော်ကြီးတွေဟာ အလွန်ကြည်ညိုဖွယ်ကောင်းတာပဲ။ ရှေးရှေးက သူတော်ကောင်းတွေ ရဟန်းတော်များကိုကြည်ညိုပုံကိုလဲ သိပ်အတုယူဖို့ ကောင်းတာပဲ။
( ဆေးပေးခြင်း၊ ပန်း၊ သစ်သီးပေးခြင်း ရှောင်တော်မူကြပုံ )
အင်းဝခေတ်က အရှင်ဝရဓမ္မ ဆရာတော်ထံ ကျောင်းအမကိုယ်တိုင်လာပြီး ဆေးတောင်းသတဲ့ ဆရာတော်က-ဆေးမပေးကောင်းဘူး-လို့ မိန့်တော်မူတယ်။ ပစ္စည်းလေးပါး ဒါယိကာမပါဘုရား-လို့ထပ်ပြီးလျှောက်တော့ ပစ္စည်းလေးပါးဒါယိကာမ ဖြစ်လေ မပေးကောင်းလေ-လို့ မိန့်တော်မူပါသတဲ့။
နံမော်ဆရာတော်၏ ကျောင်းဒကာ သမီးက ကံကြီးဆရာတော်ထံ ဆွမ်းသွားပို့တယ်။ ကံကြီးဆရာတော်က ငှက်ပျောသီးနှင့် မုန့်ကို လက်ဆောင်ပေးလိုက်တယ်။ အိမ်ပြန်ရောက်လို့ ကျောင်းဒကာကြီး သိသွားတော့ ငါတို့ဆရာတော်နှင့် မတူ-လို့ပြောပြီး နောက် ဆွမ်းမပို့ရတော့ဘူးတဲ့။
ဘုန်းကြီးပေးလိုက်တဲ့ ငှက်ပျောသီးနှင့် မုန့်ကိုလည်း စွန့်ပစ်စေပါသတဲ့။
( ဗေဒင်မဟောသော ဆရာတော် )
မင်္ဂလာဘုံကျော် ဆရာတော်ထံ ၀န်ကတော်ကိုယ်တိုင် လှူဖွယ်ပစ္စည်းဖြင့် လာပြီး ၀န်ကြီး၏ ဇာတာကို ဗေဒင်မေးပါသတဲ့။ ဆရာတော်က ရဟန်းတော်များ ဗေဒင်မဟောကောင်းဘူး-လို့ ပြောလွှတ်လိုက်ပြီး ၀န်ကတော်ပြန်သွားတော့ လှူဖွယ်ပစ္စည်းများကို စွန့်ပစ်စေတယ်။ ၀န်ကတော်ကို ခေါ်လာတဲ့သူကိုလည်း နောင်-မခေါ်လာဝံ့အောင် တော်တော်ပြင်းပြင်းထန်ထန် ငေါက်ငမ်းတော်မူသတဲ့။
အရှင်အဂ္ဂဓမ္မ ဆရာတော်ကတော့ ဆေးကုတဲ့ဘုန်းကြီးက လှူတဲ့ ပစ္စည်းကို အကုန်စွန့်ပစ်ပြီး အဲဒီဘုန်းကြီးထိုင်တဲ့ နေရာကိုတောင် ရေဆေးပစ်ခိုင်းသတဲ့။
( ရှေးဆရာတော်များ ၀ိနည်းလေးစားပုံ )
နံမော်ဆရာတော် အရှင်သာရမဉ္ဇူ-ဟာ မိမိ၏ ဇာတိဖြစ်တဲ့ မိတ္ထီလာမြို့ အုတ်ရှစ်ကုန်းသို့ ကြွလာတဲ့အခါ ရွာက လှည်းအကြိုလာတယ်။ ဆရာတော်က မသွားနိုင်တော့မှ ငါပြောမယ်-လို့ မိန့်တော်မူပြီး လှည်းမစီးဘဲ ရွာရောက်အောင် ကြွတော်မူသတဲ့။
ဒုတိယ နံမော်ဆရာတော် အရှင်ဓမ္မပါလလည်း မိုးမရွာလျှင် ဘယ်အခါမျှ ထီးမဆောင်းဘူးတဲ့၊ မိုးရွာလို့ ထီးဆောင်းရလျှင်လည်း သူတပါးကို ထီးမမိုးခိုင်းဘဲ ကိုယ်တိုင်ဆောင်းတော်မူသတဲ့။
( သာလွန်မင်း ကြည်ညိုပုံ )
သာလွန်မင်းတရားကို အမြင့်မြို့စား သားတော် ရှင်တရုတ်က လုပ်ကြံတဲ့အခါ လေးထပ်ကျောင်းဘက်သို့ မင်းကြီးထွက်ပြေးလာပြီး လေးထပ်ဆရာတော်ကို အကြောင်းစုံလျှောက်ထား၍ လူဆိုးလူသွမ်းများ မ၀င်လာအောင် ထီးရိုး တောင်ဝှေးဆွဲကိုင်ပြီး တားမြစ်ပေးပါ-ဟု လျှောက်တယ်။ ဆရာတော်က ငါ ရဟန်းသားဖြစ်တယ်၊ ဘယ်လိုမျှ မကြံသာ၊ စံကျောင်းသူတော်ကို ပင့်ပါရစေဦး-ဟု မိန့်တော်မူပြီး စံကျောင်းဆရာတော်ကို ပင့်ခိုင်းလို့ စံကျောင်းဆရာတော် ရောက်တဲ့အခါ မင်းကြီးက လေးထပ်ဆရာတော်ကို လျှောက်သလို လျှောက်တယ်။ စံကျောင်းဆရာတော်က မင်းကြီးကို ကျက်သရေတိုက်မှာ နေခိုင်းပြီး ရဟန်းသာမဏေများကိုခေါ်ကာ ထီးရိုး တောင်ဝှေး ဆွဲကိုင်ပြီး ကျောင်းတွင်းသို့ လူတယောက်မျှ မ၀င်ရအောင် စောင့်ရှောက်ပေးတယ်။ ကျောင်းမှာ တလလောက် နေရတယ်။
အရေးတော် အောင်မြင်ပြီးစီးလို့ နန်းတော်ပြန်ရောက်ပြီးတဲ့အခါ မင်းတရားကြီးက-လေးထပ်ဆရာတော်သည် ရဟန်းပီသပါပေသည်။ စံကျောင်းဆရာတော်သည် စစ်သူကြီး ပီသပါပေသည်-လို့ မိန့်ဆိုကြောင်း ဆရာစဉ် စာများရှိပါတယ်။ လေးထပ်ဆရာတော်သည် သံသရာ ဆရာတော်ဖြစ်သည်။ စံကျောင်းဆရာတော်သည် ပစ္စုပ္ပန် ဆရာတော်ဖြစ်သည်-လို့ မိန့်ဆိုကြောင်း ရာဇ၀င်မှာဆိုပါတယ်။
နောင်တော်၏ သားတော် သခင်ပုကို ညီတော် မင်းရဲကျော်စွာ၏ သမီးတော်နှင့် စုံဖက်တဲ့ မင်္ဂလာလက်ထပ်ပွဲမှာ လေးထပ်ကျောင်းဆရာတော်ကိုသာ တပည့် သံဃာများနှင့်တကွ ပင့်ပြီး ပရိတ်တရားနာတယ်။ စံကျောင်းဆရာတော်ကို မပင့်ဘူးတဲ့။ ဒါကြောင့် ရှေးသူဟောင်းတို့ကို - သာလကာ တလင်ပန်း ပင်ပန်းကာ တယောက်မ-လို့ စကားပုံဆိုကြသတဲ့။
တရားနာပရိတ်သတ်များ ရဟန်းတော်များကို ကြည်ညိုတတ်အောင် သာသနာလင်္ကာရစာတမ်း စသည်မှာလာတဲ့ အကြောင်းအရာ အနည်းငယ်ကို ထုတ်ပြီး ဟောခဲ့ပါတယ်။ ရဟန်းကောင်း ရဟန်းမြတ်များကို ရွေးချယ်၍ကြည်ညိုနိုင်ကြပါစေ။
( ဘဒ္ဒန္တ ကုမာရ-အဘိဓဇမဟာရဋ္ဌဂုရု )
Most Venerable Bhante (ကြည်ညိုထိုက်သော ရဟန်းတော်များ) by Ashin Kumara (ဘဒ္ဒန္တ ကုမာရ)
ရဟန်းတော နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
www.MyanmarExpress.net

13 comments:
ဘုန်းကြီးသတ်တဲ့ အလိုတူ အလိုပါတွေလဲ ဒါမျိုး တင်တာပဲလား
မြန်မာ့နိုင်ငံရေးမှာ အနှစ်တစ်ရာကျော် လူမျိုးခြား လက်အောက်က လွတ်မြောက်ရေး
မြန်မာပြည်သူများ ကောင်းစါးရေး အသက်ပေး
ကြိုးပမ်းတော်မူ ခဲ့သော "ဆရာတော်ဦးဝိစါရ နဲ့ ရခိုင်ဆရာတော် ဦးဥတ်တမသာရ" တို.
မြန်မာနိုင်ငံ့အရေး စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှား ခဲ့သမျှ ကို သတိရအောင်းမေ. ဦးခိုက်လျက် ယနေ. သံဃာတော်များ အတုယူသင့်လှပါတယ် ..။
ကြည်ညိုထိုက်သော ရဟန်းတော်များ
ရွှေဝါရောင် လေးနှစ်ပြည့်-
ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်မြောက် -
ရန်ကုန်မြို့ တွင် ယနေ့  လမ်းလျှောက်မှုပြုလုပ် (မှတ်တမ်းဓါတ်ပုံများ - ၁)။
http://niknayman-niknayman.blogspot.com/2011/09/blog-post_26.html
ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် ဘုရားဝတ်ပြုဆုတောင်း
http://burmese.dvb.no/archives/15951
ငါဘုရား သာသနာ ဘယ်သူမ ဖျက်လို့ မပျက်နိုင် အတွင်းလူတေသာဖျက်လို့ ပျက်နိုင်တယ်တဲ့။ သာသနာကို ဘုန်းကြီးတေက စဂရုမစိုက်ကြတော့ဘူး ကိုယ်အလုပ် မဟုတ်တာတေကို လိုက်လုပ်နေတယ်လေ
ခက်ပါတယ်လေ..ပြောရမှာ ..မြန်မာနိုင်ငံမှာ စာ အာ၈ုံရတဲ့သူပေါတယ်တဲ့ ဒါပေသိ စာတတ်သော ဘုန်းကြီး ရှားတယ်တဲ့ .. သဘောမပေါက်ဘူး နဂိုက အခု အရေးအခင်း ဒီအစိုးရလက်ထက် ကိုယ်တွေလေ..အတာကလည်း လွန်လို့ အခုသူများက ဥပဒေရေးဆွဲ တုံး သူတို့ဘာသာအတွက် တောင်းဆိုနေကြတာ ဗုဒ်
ဓဘာသာ ဘုန်းကြီးများကား မရောင်ရာဆီလူး ခွေးအလုပ်ကို မြင်းဝင်ရှုပ်သလို လုပ်နေကြလေတော့ ပချပ်ပြုတ်တာ မဆန်းဘူးလေ .သာသနာ အားပေးသော သူများက ဆုံးမတာ မလွန်ဘူးလေ အပြစ်မရှိဘူးး လူကဘုန်းကြီးကို ဆုံးမကောင်းတယ် ဘုန်းကြီး ၀ိနည်းတေကြည့်လိုက် ၀ိသာခါက မိန်းမနဲ့ အခန်းထဲ စကားပြောနေတာတွေ့ ဘုန်းကြီးကို ဆိုဆုံးမတာ။ အင်း အများကြီးပါ သာဓကတေ.. သာသနာ ဒါယကာတို့ ဆုံးမကြပါ.ရှေး သူတောကောင်းတို့ ထုံးမူကာသာ။
သာသနာ ဟာ မှေးမှိန်ဖို့ နီလာပါပြီ တိုးတက်လာတာနဲ့အမျှ မကောင်းတာကပ်ပြီပါလာ သာသနာဟာပြတ်ဖို့ နီလာပါပြီ
စဉ်းစားစင်ခြင်ကြပါ တရုတ်ပြည်က မော်စီတုန်းကို သွားသတိ့ရမိ့ပါသည်
ကိုယ်ခံအားကောင်းဖို့လိုတယ်
စစချင်းတော့တရုတ်ကိုမဲပြီးတိုက်ခိုက်နေတာ
နောက်ဆုံးတရုတ်ကမသကာမြန်မာပြည်မှာရင်းနှီးမှုတွေမလုပ်ရုံဘဲပေါ့
အခုတဖြည်းဖြည်းနဲ့ ဦးသိန်းစိန်အစိုးရဆီမျှားဦးလှည့်လာပြီ
ဒါဟာသူ့အလိုအလျှောက်ဖြစ်တာမဟုတ်ပါဘူး
အနောက်နိုင်ငံတွေနဲ့ အတိုက်အခံတွေရဲ့ နိုင်ငံရေးအစီစဉ်တခုပါ
အမေရိကန်တွေကမျက်နှာမိတ်ကပ်ရိုက်ပြီး၊မျက်နှာချိုသွေးပြီး၊
မြန်မာအတိုက်အခံတွေကိုတော့မျက်နှာအိုးမဲသုတ်ပြီး
ကခိုင်းတဲ့လုပ်ဇတ်ကြီးတခုပါ
ကိုင်း...အခုဘာလုပ်ကြမလဲ?
၂၀၁၅ မတိုင်မှီ တပ်မတော်မှအာဏာပြန်ယူပြီးအုပ်ချုပ်ဖို့သာရှိတော့ပါတယ်
ဒီလိဒီမိုကရေစီဆိုတာဘာမှန်းမသိသေးတဲ့
ဒီမိုကရေစီနဲ့မထိုက်တန်တဲ့သူတွေကို
သေနတ်နဲ့အုပ်ချုပ်တာလက်တွေ့အကျဆုံးပါ
*မှတ်ချက်* ဒီမိုကရေစီဆိုတာ၊ဘာပြသနာကိုမဆို
တရားဥပဒေဘောင်ထဲကရှင်းလင်းဖို့ပါ၊
ဒီမိုကရေစီနိုင်ငံမှာလွတ်လပ်စွာဆန္ဒပြနိုင်ပေမဲ့
တရားဥပဒေအရခွင့်ပြုချက်ကိုရယူရမှာပါ။
ဒီလိုဆန္ဒပြတဲ့ခွင့်ပြုမိန့်ထဲမှာ နေရာ၊အချိန်အတိအကျပါတယ်
အခုလိုစည်းကမ်းမဲ့၊ဥပဒေကိုမလေးစားဘဲကိုယ်လုပ်ချင်တာ
လုပ်နေတာဒီမိုကရေစီရဲ့ လမ်းကြောင်းနဲ့ပြောင်းပြန်ဖြစ်နေပါတယ်
ဒါကြောင့်လဲသက်ဆိုင်ရာကတရားဥပဒေနဲ့အညီ
အရပ်သား၊ဘုန်းကြီးမခွဲခြားဘဲဖြိုခွဲရှင်းလင်းရတာဟာအမှန်တရားပါ
ပြည်သူ၊ ဘုန်းကြီး၊ ကျောင်းသား တွေရဲ့အထက်မှာ
နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေဟာအမြင့်ဆုံးပါ
ဘာမှဆင်ခြေဆင်လက်ပေးစရာမလိုပါဘူး
အစိုးရဟာအခြေခံဥပဒေနဲ့အညီလုပ်ဆောင်တာကြောင့်
ဘယ်သူ့ကိုမှကြောက်စရာမလိုပါဘူး။
တရားဥပဒေဆိုတာမှန်ကန်တဲ့သူတွေဖက်မှာအမြဲရပ်တည်နေပါတယ်
.
It is the website which should not be visited. So many viruses are there. If you click, your PC will be infected.
ကျေးဇူးကြီးလှပါတယ်အရှင်ဘုရား အခု့ခေတ် သံဃာတချို့ဟာ ဘုရားဟောတရားတော်ထဲက နောက်ဆုံးသာသနာဖြစ်တဲ့ လိင်္ဃ သာသနာကိုများ အားကျနေသလားမသိပါ ဒါကြောင့် အလျှင်းသင့်ရင် ဆုံးမစကားများ ဟောကြားပေးတော်မူပါဘုရား
ဘာဖြစ်လို့လဲကွ ကိုယ်ခံစွမ်းအားကျနေလို့လား
U r comment i saw any post what the hell mother fucker u cant' wash u r shit brain son of bitch...
1-THANK YOU FOR THE ABOVE ARTICLE.
2-YES UNDERSTAND SANGHA MUST DO ONE DUYA OR TWO
DUYA.THEY MUST STUDYING AND TEACHING DHAMMA
AND MEDITATION AND PREACHING DHAMMA.
3-ALL SANGHADAWS MUST PROTECT THE BUDDHA
SARSANA (TEACHING).BUT LOT OF PEOPLE THEY DID NOT KNOW THEIR DUTY TO PROTECT BUDDHA SASANAR
(TEACHING).
4-ALL SANGHADAWS MUST PROTECT THE HIS OWN
NATIONAL=(SOUNT LAY MYO NGWE).
5-THEREFORE THE SANGHADAWS DUTY IS TO PROTECT
"AH MYO,BARTHAR,SARSANA"
6-PLEASE SEE MINGALA SUTTA,BUDDHA TEACHING
SAID EVERYBODY/ALL BUDDHA FOLLOWERS/DISCIPLES
MUST DO AS A DUTY TO PROTECT
(AH MYO,BARTHAR,SARSANA).
7-THIS IS THE REASON SANGHADAWS/SAYADAWS
SUPPORT THE PROTECTION LAWS.
8-NOW LOT OF POLITICAL LEADERS AND LAY PERSONS FORGOT TO DO THEIR DUTY FOR OVER
65 YEARS TO MAKE NATIONAL PROTECTION LAWS BUT
THEY ALL LOOK LIKE NOT REALIZE THEY ALL FAILED TO DO THEIR DUTY.
PLEASE THINK AND THINK AND SEE THE TRUE AND
CHANGE POLICY/COURSE FOR THE BENEFIT OF
(AH MYO,BARTHAR,SARSANA.
TO PROTECT OUR NATIONAL,OUR CULTURE AND OUR
RELIGION...
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်