Subscribe to our RSS Feed

ရခိုင်ပြည်နယ် အတွင်းရှိ တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိ

From : မြဝတီ



ရခိုင်ပြည်နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ရန် လိုအပ်သော နယ်မြေဒေသ အသီးသီးမှ ဒေသခံ ပြည်သူ များအား တပ်မတော် န
ယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များက လိုအပ်သော ဆေးဝါးပစ္စည်းများ၊ အထောက်အကူ ပစ္စည်း ကိရိယာများ ယူဆောင်လျက် ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်း များအား သွားရောက် ဆောင်ရွက် ပေးလျက်ရှိရာ
ဒီဇင်ဘာ ၁၇ ရက်တွင် ရမ်းဗြဲမြို့နယ် ငရဲကင်း ကျေးရွာ၌ ရောက်ရှိ နေသော တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့ (၁)သည် ဒေသ ခံ ပြည်သူ ၄ဝ ဦးအား လည်းကောင်း၊ ဆေးကုသရေး အဖွဲ့ (၂)သည် ပေါက်တော မြို့နယ် တောင်ချောင်း ကျေးရွာမှ ဆင်တုတ် ကျေးရွာသို့ ရေယာဉ်ဖြင့် သွားရောက်၍ ဒေသခံ ပြည်သူ ၁၄၂ ဦးအား လည်းကောင်း၊ ဆေးကုသရေး အဖွဲ့ (၃)သည် မြောက်ဦးမြို့နယ် ပေါင်းတုတ် ကျေးရွာမှ ဒေသခံ ပြည်သူ ၅၅ ဦးအား လည်းကောင်း၊ ဆေးကုသရေး အဖွဲ့ (၄)သည် မောင်တော မြို့နယ် မောရဝတီ ကျေးရွာနှင့် ခရေမြိုင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၉၄ ဦး အား လည်းကောင်း၊ ဆေးကုသရေး အဖွဲ့ (၅)သည် တောင်ကုတ် မြို့နယ် ဂျိတ္တော ကျေးရွာမှ ဒေသခံ ပြည်သူ ၁ဝ၁ ဦးအား လည်းကောင်း၊ ဆေး ကုသရေး အဖွဲ့ (၆)သည် ရသေ့တောင် မြို့နယ် ကျောက်စာတိုင် ကျေးရွာ မှ ဒေသခံ ပြည်သူ ၂၈၁ ဦးအား လည်းကောင်း လိုအပ်သည့် ကျန်း မာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး နယ်မြေ ဒေသ အသီး သီးမှ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံ ပြည်သူ ခုနစ် ဦးအား စစ်တွေမြို့ တပ်မတော် ဆေးရုံသို့ ပို့ဆောင် ဆေးဝါး ကုသ စေခဲ့သည်။

ထို့အပြင် စစ်တွေမြို့ အခြေပြု ဆေးကုသရေး အဖွဲ့သည် နယ်မြေခံ တပ်မတော် ဆေးရုံတွင် ဆေးရုံ တက်ရောက် ကုသ၍ ရောဂါ ပျောက်ကင်း သွားသော ဒေသခံ ပြည်သူ ၁၃ ဦးအား နေရပ် အသီးသီးသို့ ပြန်ရန် အတွက် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ပြီး ဆေးရုံ တက်ရောက် ကုသမှု ခံယူနေသော ဒေသခံ ပြည်သူ ၃၃ ဦးအား လိုအပ်သော ဆေးကုသ မှုများ ဆက်လက် ဆောင်ရွက် ပေးလျက် ရှိသည်။

နယ်မြေခံ တပ်မတော် ဆေးရုံတွင် တက်ရောက် ကုသလျက် ရှိသော ဒေသခံ ပြည်သူ ၃၃ ဦး အား တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်နှင့် တာဝန်ရှိ သူများက ကြည့်ရှု အားပေး၍ ထောက်ပံ့ ပစ္စည်းများ ပေးအပ် ခဲ့သည်။

တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များသည် ရခိုင်ပြည်နယ် အတွင်း ဒီဇင်ဘာ ၄ ရက်မှ ၁၇ ရက် အထိ ဒေသခံ ပြည်သူ ၁၅၃၇၃ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည့် အပြင် ကျန်းမာရေး ပညာပေး သရုပ်ပြ ခြင်းများကိုလည်း ဆောင် ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်