From :မြဝတီ
ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာအား ယနေ့ နံနက် ၁ဝ နာရီခွဲတွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် တိုင်းရင်းသား ရေးရာ ကော်မတီ ဒုတိယ H.E
www.MyanmarExpress.net

.Mr. Giang A Chu ဦးဆောင်သည့် အဖွဲ့သည် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် ရေးရာဆောင် (I-1) ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံ ရာတွင် နှစ်နိုင်ငံ လွှတ်တော် ဆိုင်ရာ အတွေ့ အကြုံများ၊ ဥပဒေပြုရေး လုပ်ငန်းဆောင် ရွက်မှုများ၊ တိုင်းရင်းသား ရေးရာ ကိစ္စရပ်များနှင့် လွှတ်တော် နှစ်ရပ်အကြား အပြန်အလှန် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာတို့ကို ရင်းနှီး ပွင့်လင်း စွာ ဆွေးနွေး ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးသန်းထွန်း၊ ဒေါ်သန်းသန်းရီ၊ ပြည်သူ့ လွှတ်တော်ရုံးမှ ညွှန်ကြားရေး မှူး ဒေါ်နန့်အေးအေးကြည်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြပြီး ဗီယက်နမ် နိုင်ငံ အမျိုးသား လွှတ်တော် တိုင်းရင်းသား ရေး ရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ H.E.Mr.Giang A Chu ဦးဆောင်သော အဖွဲ့နှင့် အတူ တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်