From :မြဝတီ
ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒသည် ဂျပန် ဒီမိုကရက် တစ်ပါတီ (DPJ) ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း ဒီဇင်ဘာ ၁၆ ရက် နှောင်းပိုင်းတွင် ၎င်းက ထုတ်ဖော် ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတ
www.MyanmarExpress.net
ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒသည် ဂျပန် ဒီမိုကရက် တစ်ပါတီ (DPJ) ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း ဒီဇင်ဘာ ၁၆ ရက် နှောင်းပိုင်းတွင် ၎င်းက ထုတ်ဖော် ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတ
ွင်
ဒီဇင်ဘာ ၁၆ ရက်က ကျင်းပခဲ့သော အထွေထွေ ရွေးကောက် ပွဲတွင် ၎င်းပါတီသည် အကြီး
အကျယ် ရှုံးနိမ့် ခဲ့ရပြီးနောက် သတင်းစာ ရှင်းလင်းပွဲ တစ်ခုအတွင်း နိုဒက
အထက်ပါ ကြေညာချက်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုပါတီ၏
ကြီးမားသော ရှုံးနိမ့်မှုသည် ပါတီခေါင်းဆောင် ဖြစ်သော မိမိပေါ်တွင်
မူတည်နေပြီး ရှုံးနိမ့်မှု အကျိုးဆက် များကို မိမိဘက်က ကြည်ဖြူစွာ လက်ခံရမည်
ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိသည် ပါတီ၏ ခေါင်းဆောင် ရာထူးမှ
နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း နိုဒ က ပြောကြားခဲ့သည်။
ထို့ပြင် မိမိနှင့် ပါတီအတွင်းမှ လုပ်ဖော်ကိုင်ဖက် များသည် သုံးနှစ်တာကာလ အတွင်းတွင် ပါတီအကျိုးကို ကြိုးပမ်း လုပ်ဆောင်ခဲ့သော်လည်း ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည့် အတွက် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း နိုဒက ပြောကြားခဲ့သည်။
ထို့နောက် ၎င်းပါတီ၏ ခေါင်းဆောင်သစ် တစ်ဦးကို ရွေးချယ်ရန် အတွက် အစည်းအဝေး တစ်ခုကို ဖြစ်နိုင်သမျှ မြန်မြန် ကျင်းပမည် ဖြစ်ကြောင်း နိုဒက ပြောကြားခဲ့သည်။ ဒီမိုကရက်တစ် ပါတီသည် ပြည်သူများက ထောက်ခံသော ပါတီတစ်ခု ဖြစ်လာစေ ရန် နောက်တစ်ကြိမ် ထပ်မံကြိုးစား သွားမည်ဖြစ်ကြောင်း နိုဒက ပြောကြား ခဲ့သည်။
အထွေထွေ ရွေးကောက်ပွဲတွင် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP) က အနိုင် ရရှိခဲ့ပြီး မိမိတို့ ပါတီသည် တရုတ်နှင့်ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးကို စွမ်းအားရှိသလောက် တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပါတီခေါင်း ဆောင်ရှင်ဇိုး အဘီက ပြောကြားခဲ့သည်။
ရှင်ဇိုး အဘီသည် ဂျပန်နိုင်ငံ၏ အတိုက်အခံ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
LDP ပါတီသည် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၅ဝ ကို အနိုင် ရရှိခဲ့သည်ဟု သိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်